Good Data Corporation ကနေ အပတ်စဉ်ထုတ်ပြန်တဲ့ most buzzworthy drama စာရင်းဟာ ဇူလိုင်ပထမပတ်အတွက် ထွက်ရှိလာပါပြီ။ ကိုရီးယားမှာ ရေပန်းအစားဆုံးဒရမ်မာစီးရီးတွေထဲ ကိုယ့်ရဲ့အကြိုက်ဆုံးတွေ ဘယ်နေရာမှာရှိနေမလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်။
၁။ It’s Okay To Not Be Okay
ကိုရီးယားမှာတင်မက ကမ္ဘာတစ်လွှားက ကေဒရမ်မာချစ်သူတွေရဲ့ ပါးစပ်ဖျားမှာပါ ရေပန်းစားနေတဲ့ ဒီဇာတ်လမ်းတွဲကတော့ most buzzworthy series ပါတဲ့။ Kim Soo Hyun နဲ့ Seo Ye Ji ပါဝင်ထားသလို ဆွဲဆောင်မှုရှိတဲ့ဇာတ်အိမ်ကြောင့် ကြည့်ရှုသူတိုင်း နှစ်သက်ကြပါတယ်။
၂။ Once Again
KBS ရဲ့ ဇာတ်လမ်းတွဲရှည်တစ်ခုဖြစ်တဲ့ Once Again ကလဲ ကိုရီးယားပြည်သူတွေကြားမှာ ရေပန်းစားပါတယ်။ မိသားစုတစ်စုရဲ့ ဘဝအမောတွေ မိသားစုကြားကချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ ဇာတ်လမ်းကောင်းလေးမို့ လူကြီးလူငယ်မရွေးနှစ်သက်ကြပါတယ်။ ဧည့်သည်သရုပ်တောင် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့မို့ ကြာလေ rating တက်လေပါပဲ။
၃။ Backstreet Rookie
Ji Chang Wook နဲ့ Kim Yoo Jung တို့ရဲ့ အချစ်ဟာသဇာတ်လမ်းတွဲလေးဟာလဲ အပြစ်ရှာဝေဖန်ခြင်းတွေ အမျိုးမျိုးခံရပေမယ့် တိုက်ခိုက်သူတွေထက် ကြိုက်နှစ်သက်အားပေးတဲ့ ပရိတ်သတ်တွေက အဆပေါင်းများစွာပိုတာမို့ rating လဲတဖြည်းဖြည်း များလာပြီး အောင်မြင်မှုတွေတသီကြီးရရှိနေပါတယ်။
၄။ My Unfamiliar Family
အရွယ်ရောက်လာတဲ့အခါဖြစ်တတ်တဲ့ လူတွေရဲ့သဘောသဘာဝနဲ့ သွေးသားတော်စပ်မှုနဲ့ဖွဲ့စည်းထားသည်ဖြစ်စေ ချစ်ခြင်းနဲ့ဖွဲ့စည်းထားသည်ဖြစ်စေ မိသားစုရဲ့ တန်ဖိုးရှိမှုကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းတွဲကောင်းလေးပါပဲ။ ကိုရီးယားကြည့်ရှူသူတွေလဲ အကြိုက်တွေ့ကြပါတယ်။
၅။ Oh My Baby
မင်းသမီး Jang Nara အဓိကပါဝင်ထားပြီး ချစ်စရာကောင်းတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ အိမ်ထောင်မပြုပဲ ရင်သွေးလေးလိုချင်နေတဲ့ ဂျာနယ်လစ်မမစ်ယောက် သူ့ပတ်ဝန်းကျင်က ကိုယ်လူချောသုံးဦးထဲက ဘယ်သူ့ကို ကလေးဖခင်အဖြစ်ရွေးချယ်မလဲဆိုတဲ့ ဇာတ်ရှိန်ကြောင့် အဆုံးသတ်အပိုင်းမှာ rating လဲတက်ပြီး လူကြည့်များခဲ့တာပါ။
၆။ Kkondae Intern
မင်းသားချော Park Hae Jin ရဲ့ ဒီဇာတ်လမ်းတွဲလေးကလဲ တမူထူးခြားတဲ့ ဇာတ်လမ်းကြောင့် ကိုရီးယားပရိတ်သတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ်။ ကြည့်ရှူနှုန်းလဲမြင့်နေပေမယ့် စိတ်မကောင်းစရာကတော့ Covid-19 ကြောင့် အပိုင်းတွေကိုချုံ့ပြီး ရိုက်ကူးရလို့ ဇာတ်သိမ်းသွားပေမယ့် ပရိတ်သတ်တွေက ပြောမဆုံးဖြစ်နေကြတုန်းပါ။
၇။ Memorials
ဇူလိုင် ၁ ရက်နေ့ကမှ စတင်ထုတ်လွှင့်ခဲ့ပေမယ့် Nana နဲ့ Park Sung Hoon အဓိကပါဝင်ထားတဲြ အချစ်ဟာသဇာတ်လမ်းတွဲလေးဖြစ်တာမို့ ပရိတ်သတ်အကြိုက်နဲ့ထပ်တူပါ။ ဆင်းရဲပေမယ့် တက်ကြွပြီးကြိုးစားတဲ့ မိန်းကလေးနဲ့ စည်းကမ်းကြီးလွန်းတဲ့ ရဲအရာရှိလေးရဲ့ကြားက အချစ်တစ်ခုပေါက်ဖွားလာပုံကို မြင်ရမှာပါ။
Q
၈။ Dinner Mate
မင်းသား Song Seung Hoon နဲ့ မင်းသမီး Seo Ji Hye တို့ပါဝင်ထားပြီး ‘နာမည်ကျော်တွေပါဝင်ပေမယ့် ဇာတ်လမ်းကအရမ်းအေးလွန်းတယ်’ ဆိုတဲ့ ဝေဖန်မှုတွေနဲ့အတူ ပရိတ်သတ်ကအားပေးသင့်သလောက် အားမပေးကြပေမယ့် အတော်လေးအောင်မြင်တဲ့ဇာတ်လမ်းတွဲလို့တော့ ဆိုနိုင်ပါတယ်။
၉။ Kingmaker : The Change of Destiny
ဂျိုဆွန်းခေတ်နောက်ခံ ဇာတ်လမ်းတွဲဖြစ်ပြီး ဂျိုဆွန်းခေတ်က လူတွေရဲ့ကံကြမ္မာကို ဟောဖတ်နိုင်တဲ့ နာမည်ကျော်ရှေ့ဖြစ်ဟောဆရာတစ်ဦးရဲ့ ဇာတ်လမ်းဖြစ်ပြီး မထွက်ရှိခင်က ဝေဖန်သံညံခဲ့ပေမယ့် ပရ်ိတ်သတ်အကြိုက်တွေ့ပုံရပါတယ်။
၁၀။ Fatal Promise
KBS ရဲ့ soap-opera ဇာတ်လမ်းတွဲရှည်တစ်ပုဒ်ဖြစ်ပါတယ်။ မြန်မာပရိတ်သတ်တွေနဲ့ မစိမ်းတဲ့ ဇာတ်လမ်းတွဲအမျိုးအစားဖြစ်ပြီး Park Hana နဲ့ Ko Se Won အဓိက သရုပ်ဆောင်ထားပါတယ်။ နှစ်ပတ်ဆက်တိုက် လူပြောအများဆုံး ဇာတ်လမ်းတွဲတွေထဲမှာ နံပါတ် ၁၀ နေရာက ရပ်တည်နေပါတယ်။
Good Corporation Data ဟာ တောင်ကိုရီးယားနိုင်ငံအခြေစိုက် စစ်တမ်းသာဖြစ်ပြီး ကိုရီးယားရဲ့အသုံးများတဲ့ SNS တွေမှာသာ စာရင်းကောက်ယူထားတာဖြစ်လို့ နိုင်ငံတကာပရိတ်သတ်နဲ့ သဘောထားချင်း မကိုက်ညီခဲ့ဘူးဆိုရင်တော့ နားလည်ပေးကြဖို့ တောင်းဆိုပါတယ်။
source: good data corporation
written: Dar Dar