Categories: Celebrity News

Stay Home ကာလအတွင်းမှာ မပျင်းရအောင် ကြည့်သင့်တဲ့ ၂၀၂ဝထွက် ဇာတ်လမ်းတွဲအသစ်များ

၂၀၂၀ ဟာ လွန်ခဲ့တဲ့နှစ်တွေထက်စာရင် ခက်ခဲ့တဲ့နှစ်တစ်နှစ်လို့ ပြောရမယ်။ ကူးစက်မြန်ကပ်ရောဂါကြောက်ရတာကတမျိုး၊ အိမ်တွင်းအောင်းနေရတာကြောင့် ငြီးငွေ့လာတာကတမျိုးနဲ့ အားလုံးလည်း အနည်းနှင့်အများတော့ စိတ်ရှုပ်ထွေးနေကြလိမ့်မယ်လို့မယ်လို့ ထင်ပါတယ်။

ဒါပေမဲ့ အဲ့လို စိတ်ဖိစီးမှုတွေ၊ ပျင်းရိမှုတွေကို ဖြေဖျောက်နိုင်ဖို့ ဇာတ်လမ်းတွဲကောင်းတွေ များစွာရှိနေပါတယ်။ အခုဖော်ပြပေးမယ့် ဇာတ်လမ်းတွဲအချို့ကတော့ သင့်ရဲ့စိုးရိမ်ကြောင့်ကြမှုတွေကို ခဏတာပဲဖြစ်ဖြစ် မေ့ပျောက်အောင်လုပ်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

1. Crash Landing On You


၂၀၂၀ ရဲ့အစကို အဖွင့်လှစေခဲ့တာကတော့ Crash Landing On You ဇာတ်လမ်းတွဲကြောင့်လို့ ပြောရပါမယ်။ မြောက်ကိုရီးယားဗိုလ်ကြီး Ri Jung Hyuk နဲ့ တောင်ကိုးရီးယားက သူဋ္ဌေးမလေး Yoon Se Ri တို့ကြားထဲက အချစ်ဇာတ်လမ်းတစ်ပုဒ်။

Hyun bin နှင့် Son Ye Jin တို့ကြားက Chemistry ကလည်း အရမ်းကိုလိုက်ဖက်လွန်းခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းမှာ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ၊ romantic ဆန်မှုတွေ စသည့် အချိုရော၊ အခါးရောကိုမျှတအောင် ပေးစွမ်းနိုင်ခဲ့ပါတယ်။

အရံအနေနှင့် ပါဝင်ကြတဲ့ သရုပ်ဆောင်တွေကလည်း သူနေရာနှင့်သူ အံဝင်ဂွင်ကျခဲ့တာကြောင့် ဇာတ်လမ်းတွက ပိုပြီးအသက်ဝင်ခဲ့ပါတယ်။ ဒါကြောင့် Crash landing On You ကိုမကြည့်ရသေးဘူးဆိုရင်တော့ အမြန်ပြေးကြည့်လိုက်ပါတော့။

2.Itaewon Class


Park Sae Roy (Park Seo Joon)ဆိုတာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝခါးခါးကို ဖြတ်သန်းခဲ့ရတဲ့ ကောင်လေးတစ်ယောက်ပါ။ အောက်ခြေကနေစပြီး မိမိရဲ့မျှော်မှန်းချက်ကို လက်တွေ့အကောင်အထည် ပေါ်လာအောင် ကြိုးစားတဲ့လူငယ်တစ်ယောက်အကြောင်းကို ကြည့်ရှုသူတွေ motivation ရအောင်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

အဲ့လိုကောင်လေးရဲ့ဘေးမှာ အမြဲတမ်းရပ်တည်ပေးနေမယ့် ဂျိုရီဆိုးဆိုတဲ့ ခက်ထက်ထက်ကောင်မလေး တစ်ယောက်ရဲ့ ပေးဆပ်မှုတွေကိုလည်း မြင်ရမှာပါ။ Dan Bam ဆိုတဲ့ စားသောက်ဆိုင်သေးလေးကနေ အကြီးစားစီးပွားရေးလုပ်ငန်း ဖြစ်လာသည်အထိ တစ်ယောက်ရဲ့လိုအပ်ချက်တစ်ယောက်က ဖြည့်စွက်ပေးကြရင်း နောက်ဆုံးမှာတော့ လိုချင်တဲ့ပန်းတိုင်ကို ရောက်ခဲ့ကြတာပါ။လူငယ်တစ်ယောက်အနေနှင့် ကြည့်ကိုကြည့်သင်တဲ့ကားပါ။

3.Hospital Playlist


ဆရာဝန်သူငယ်ချင်းငါးယောက်ရဲ့ သံယောဇဉ်ကိုဖော်ပြထားတဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။ ဆေးကျောင်းတက်စဉ်ကတည်းက ပခုံးဖက်ပေါင်းလာတဲ့ သူငယ်ချင်းတွေဆေးရုံတစ်ခုမှာ အတူတူအလုပ်ဆင်းဖြစ်ကြတယ်။

ယုတ်မာတာတွေ၊ ရက်စက်တာတွေလုံးဝမပါဘဲ သန့်သန့်လေးနှင့်သဘာဝကျအောင် ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲကောင်းတစ်ခုပါ။ သူငယ်ချင်းမေတ္တာကို ဟာသလေးတွေနဲ့နှောကာ ပြသထားတဲ့အတွက် ကြည့်တဲ့သူလည်း မပျင်းရပါဘူး။ ကြည့်သင့်ကြည့်ထိုက်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။

4.The World of the married


Heavy drama ချိုးတဲ့ကားတွေကို ကြိုက်တဲ့သူတွေအတွက်တော့ လုံးဝလက်မလွတ်သင့်တဲ့ drama တစ်ခုပါ။ မိသားစုအရှုပ်တော်ပုံကို plot ကောင်းကောင်းခင်းပြီး ပြနိုင်ခဲ့တဲ့အတွက် Rating လည်းအရမ်းကောင်းခဲ့ပါတယ်။ အဓိကသရုပ်ဆောင်တွေရဲ့ အပြိုင်အဆိုင် ကြိုးစားအားထုတ်တွေမှုကြောင့်လည်း အောင်မြင်မှုရထားတဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။

Ji Sun Woo ဇာတ်ရုပ်မှာ သရုပ်ဆောင်ထားတဲ့ မင်းသမီး Kim Hee Ae ဟာဆိုရင် ဒီကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုလည်း ရခဲ့ပါတယ်။ ဒါပေမဲ့ ကြည့်မယ်ဆိုရင် စိတ်တော့ခိုင်ခိုင်ထားမှ ဖြစ်မယ်ထင်တယ်။ ကြည့်ရင်းနဲ့ အရမ်းဒေါသ ထွက်လာလို့ရှိရင် တာဝန်မယူဘူးနော် 😁။

4.It’s Okay To Not Be Okay


လတ်တလောမှာလည်း ပရိတ်သတ်တွေကြားရေပန်းစား နေတဲ့ drama တစ်ခုပါ။ Go Moon Youngဆိုတဲ့ ပြောရဲဆိုရဲကောင်မလေးကိုတော့ Admin တော့အရမ်းချစ်တာပဲ။ Seo Ye Ji ကတော့ဒီဇာတ်လမ်းတွဲနှင့် ပိုပြီးအောင်မြင်လာမှာကတော့ အသေအချာပါပဲ။

Kim Soo Hyun ရဲ့သရုပ်ဆောင်မှု အပိုင်းကတော့ ပြောစရာလိုမယ်မထင်ပါဘူး။ ဇာတ်လမ်းရဲ့ Plot ကလည်း စိတ်ဝင်စားစရာကောင်းပြီး နောက်အပိုင်းဘာဆက်ဖြစ်မလဲဆိုတာကို သိချင်အောင် ဆွဲခေါ်နိုင်ပါတယ်။ Ongoing ဖြစ်ပြီး Sat/Sun မှာတော့ ပုံမှန်ထုတ်လွှင့်ပါတယ်။

5.Backstreet Rookie


Backstreet Rookie ကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းတဲ့ အချစ််ဇာတ်လမ်းလေးပါ။ စတိုးဆိုင်ဂျာကြီးနဲ့ အချိန်ပိုင်းအလုပ်သမား ကောင်မလေးကြားက အချစ်ဇာတ်လမ်းလေးတစ်ခုပါ။ Ji Chang Wook ရဲ့ Visual ကလည်းအရမ်းမိုက်နေသလို Kim Yoo Jung ကလည်းလူကြီးဆန်ဆန်လေး လှလာတာကို အားလုံးပဲမြင်မှာပါ။

Romance နှင့် Comedy ရောထားတာဖြစ်လို့ ဒရာမာချိုးတဲ့ ဇာတ်အိမ်တွေကို သဘောကျတဲ့သူတွေတော့ ကြိုက်ချင်မှကြိုက်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒီကားလေးကြည့်ရင်း Stress တွေကို ခဏလောက်တော့ ဖြေဖျောက်နိုင်မယ်လို့ ထင်ပါတယ်။

6.Stove League


မင်းသား Namgoong Min ပါဝင်သရုပ်ဆောင်ထားတဲ့ sport drama အမျိုးအစားဖြစ်ပါတယ်။ အရှုံးတွေချည်းပဲရနေတဲ့ Baseball အသင်းတစ်ခုရဲ့ မန်နေဂျာဖြစ်လာခဲ့ပါတယ်။ အညံဆုံးဖြစ်နေတဲ့အသင်းကို Championship ဖြစ်သွားအောင် ကြိုးစားအားထုတ်ရတဲ့ မန်နေဂျာတစ်ယောက်အဖြစ် အကောင်းဆုံးသရုပ်ဆောင်ပြသွားနိုင်ပါတယ်။

ဒါကြောင့်လည်း Rating ကောင်းခဲ့တဲ့ drama တစ်ခုလည်း ဖြစ်ပါတယ်။ Team တစ်ခုရဲ့စည်းလုံးမှု၊ ယုံကြည်မှု တွေဟာအောင်မြင်မှုရရှိဖို့ ဘယ်လောက်အရေးပါကြောင်းကိုလည်း တွေ့ရပါတယ်။ Baseball အားကစားနှင့် ပက်သက်တဲ့ကားဖြစ်တဲ့အတွက် baseball အားကစားနည်းအကြောင်း နည်နည်းသိထားရင်တော့ ပို၍ကြည့်ရတာ အဆင်ပြေပါတယ်။ ၂၀၂ဝခုနှစ်အတွက် ကြည့်သင့်ကြည့်ထိုက်တဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။

7.The King:the eternal monarch


Lee Min Ho နှင့် Kim Go Eum တို့ရဲ့လိုက်ဖက်ညီညီ သရုပ်ဆောင်ထားတာကို မြင်ခဲ့ရတဲ့ drama တစ်ခုပါ။ ဇာတ်လမ်းကတော့ သမရိုးကျ plot မျိုးမဟုတ်ဘဲ ထူးထူးဆန်းဆန်းလေး တင်ဆက်ထားပါတယ်။ Parallel Universe အကြောင်းကို ဇာတ်အိမ်တည်ပြီး မတူတဲ့ကမ္ဘာနှစ်ခုမှာနေကြတဲ့ ဘုရင်ကြီးနဲ့ စုံထောက်မလေးကြားက အချစ်ဇာတ်လမ်းကို စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ။

Share