Categories: Celebrity News

ညီမလေး Minzy ရဲ့ စကားကြောင့် မျက်ရည်မထိန်းနိုင်ဖြစ်ခဲ့ရတဲ့ Dara

Kpop ရဲ့ရွှေခေတ်က ထိပ်တန်းအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ 2NE1 ဟာ အဖွဲ့ဖျက်သိမ်းလိုက်ရပေမယ့် အခုချိန်အထိ ပရိတ်သတ်ရဲ့ချစ်ခင်အားပေးမှုကို ရရှိနေဆဲအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်တွေကြားက သံယောဇဉ်နဲ့ချစ်ခြင်းတရားကလဲ အရင်လိုခိုင်မြဲနေဆဲပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ SBS Radio Star မှာ 2NE1 ရဲ့အစ်မကြီး Dara နဲ့ အငယ်ဆုံးလေး Minzy တို့ အတူတူပါဝင်ခဲ့ကြပါတယ်။ အဲ့ဒီမှာ Minzy ဟာ ၂၀၁၆ ခုနှစ်က အဖွဲ့ကနေထွက်ဖို့ဆုံးဖြတ်ချက်ချပြီးနောက် ခက်ခဲပင်ပန်းခဲ့ပုံနဲ့ Dara ဟာ သူ့အတွက် ဘယ်လိုဖြစ်တည်မှုမျိုးဖြစ်ခဲ့သလဲဆိုတာ ဖွင့်ဟခဲ့ရာမှာ Dara တစ်ယောက် မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရတာပါ။

Minzy က 2NE1 နဲ့ အချိန်ကာလအရှည်ကြီး အလုပ်တွေနားနေရတဲ့အချိန်မှာ တကယ်ပင်ပန်းခဲ့ကြောင်း Depression တောင်ဝင်ခဲ့ပြီး စိတ်ဖိစီးမှုလဲ တအားများခဲ့ကြောင်းရယ် အဖွဲ့ကထွက်ဖို့ဆုံးဖြတ်ပြီးချိန်မှာလဲ သတင်းမှားနဲ့ဝေဖန်မှုတွေကြောင့် သတင်းနဲ့ comment တွေကိုတောင် မဖတ်ရဲခဲ့ကြောင်းကို စတင်ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီးတော့ Dara အပေါ်သူ့ရဲ့ခံစားချက်ကို ‘အစ်မကိုကြည့်လိုက်ရင် အမြဲတမ်းတက်ကြွနေတာ။ သူ့ကိုယ်သူလဲအမြဲစိန်ခေါ်မှုတွေလုပ်ပြီး တိုးတက်နေတာ။ အစ်မကိုကြည့်ပြီး အားအင်တွေရခဲ့တယ်။

2NE1 အဖွဲ့ကတော့ စာချုပ်နဲ့မဟုတ်ပဲ နှလုံးသားနဲ့ပေါင်းစည်းထားတဲ့အဖွဲ့မို့လို ဒီ video ကိုကြည့်မိတဲ့အခါမှာတော့ Blackjack တွေအားလုံးလဲ ရင်နှင့်အမျှခံစားခဲ့ရပါတယ်။ အစ်မကအဖွဲ့ရဲ့အမေလိုပဲ။ ကျွန်မတို့ကို အမြဲဂရုစိုက်ပေးပြီး စောင့်ရှောက်ပေးတယ်’ လို့ ပြောခဲ့တဲ့အခါမှာတော့ Dara တစ်ယောက် မျက်ရည်မထိန်းနိုင်ဖြစ်ခဲ့ရတာပါ။

(Zawgyi) ညီမေလး Minzy ရဲ့ စကားေၾကာင့္ မ်က္ရည္မထိန္းနိုင္ျဖစ္ခဲ့ရတဲ့ Dara

Kpop ရဲ့ေရႊေခတ္က ထိပ္တန္းအဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ 2NE1 ဟာ အဖြဲ႕ဖ်က္သိမ္းလိုက္ရေပမယ့္ အခုခ်ိန္အထိ ပရိတ္သတ္ရဲ့ခ်စ္ခင္အားေပးမႈကို ရရွိေနဆဲအဖြဲ႕တစ္ဖြဲ႕ျဖစ္ၿပီး အဖြဲ႕ဝင္ေတြၾကားက သံေယာဇဥ္နဲ႔ခ်စ္ျခင္းတရားကလဲ အရင္လိုခိုင္ျမဲေနဆဲပါ။

ၿပီးခဲ့တဲ့ရက္ပိုင္းကေတာ့ SBS Radio Star မွာ 2NE1 ရဲ့အစ္မႀကီး Dara နဲ႔ အငယ္ဆုံးေလး Minzy တို႔ အတူတူပါဝင္ခဲ့ၾကပါတယ္။ အဲ့ဒီမွာ Minzy ဟာ ၂၀၁၆ ခုႏွစ္က အဖြဲ႕ကေနထြက္ဖို႔ဆုံးျဖတ္ခ်က္ခ်ၿပီးေနာက္ ခက္ခဲပင္ပန္းခဲ့ပုံနဲ႔ Dara ဟာ သူ႔အတြက္ ဘယ္လိုျဖစ္တည္မႈမ်ိဳးျဖစ္ခဲ့သလဲဆိုတာ ဖြင့္ဟခဲ့ရာမွာ Dara တစ္ေယာက္ မ်က္ရည္ၿဖိဳင္ၿဖိဳင္က်ခဲ့ရတာပါ။

Minzy က 2NE1 နဲ႔ အခ်ိန္ကာလအရွည္ႀကီး အလုပ္ေတြနားေနရတဲ့အခ်ိန္မွာ တကယ္ပင္ပန္းခဲ့ေၾကာင္း Depression ေတာင္ဝင္ခဲ့ၿပီး စိတ္ဖိစီးမႈလဲ တအားမ်ားခဲ့ေၾကာင္းရယ္ အဖြဲ႕ကထြက္ဖို႔ဆုံးျဖတ္ၿပီးခ်ိန္မွာလဲ သတင္းမွားနဲ႔ေဝဖန္မႈေတြေၾကာင့္ သတင္းနဲ႔ comment ေတြကိုေတာင္ မဖတ္ရဲခဲ့ေၾကာင္းကို စတင္ေျပာျပခဲ့ပါတယ္။

ဆက္လက္ၿပီးေတာ့ Dara အေပၚသူ႔ရဲ့ခံစားခ်က္ကို ‘အစ္မကိုၾကည့္လိုက္ရင္ အျမဲတမ္းတက္ႂကြေနတာ။ သူ႔ကိုယ္သူလဲအျမဲစိန္ေခၚမႈေတြလုပ္ၿပီး တိုးတက္ေနတာ။ အစ္မကိုၾကည့္ၿပီး အားအင္ေတြရခဲ့တယ္။ အစ္မကအဖြဲ႕ရဲ့အေမလိုပဲ။ ကၽြန္မတို႔ကို အျမဲဂ႐ုစိုက္ေပးၿပီး ေစာင့္ေရွာက္ေပးတယ္’ လို႔ ေျပာခဲ့တဲ့အခါမွာေတာ့ Dara တစ္ေယာက္ မ်က္ရည္မထိန္းနိုင္ျဖစ္ခဲ့ရတာပါ။

2NE1 အဖြဲ႕ကေတာ့ စာခ်ဳပ္နဲ႔မဟုတ္ပဲ ႏွလုံးသားနဲ႔ေပါင္းစည္းထားတဲ့အဖြဲ႕မို႔လို ဒီ video ကိုၾကည့္မိတဲ့အခါမွာေတာ့ Blackjack ေတြအားလုံးလဲ ရင္ႏွင့္အမၽွခံစားခဲ့ရပါတယ္။

source: koreaboo
written: Dar Dar

Share