Categories: Celebrity News

စစ်မှုထမ်းဖို့တာဝန်ပြီးသွားပြီဖြစ်တဲ့ SHINeeအဖွဲ့ရဲ့ leader Onew

မီဒီယာတွေရဲ့ပြောကြားချက်အရ SHINee အဖွဲ့ဝင် Onew ကဇူလိုင်လ ၈ရက်နေ့မှာ စစ်မှုထမ်းရာက ထွက်လာပါပြီတဲ့။ လတ်တလောဖြစ်နေတဲ့ ကပ်ရောဂါကြောင့်တောင်ကိုရီးယားမှာ စစ်မှုထမ်းနေစဉ် ခွင့်ယူပြီးအပြင်ထွက်လို့မရပါဘူးတဲ့။

ဒါပေမယ့် စစ်မှုထမ်းကာလပြီးဆုံးခါနီးလူတွေကိုတော့ vacation leave ကိုအသုံးချပြီး ခွင့်ရက်ရှည်အနေနဲ့ တာဝန်လျှော့ပေါ့ပေးခဲ့ပါတယ်။ ဒီလိုလူတွေဟာ leave ယူပြီးတာနဲ့တာဝန်ထမ်းဆောင်တဲ့ဆီပြန်သွားစရာမလိုတောပဲ အိမ်ပြန်နိုင်ပါတယ်တဲ့။ ဒါပေမယ့် စစ်မှုထမ်းကာလကတော့ သတ်မှတ်ထားတဲ့ရက်မှကုန်ဆုံးမှာပေါ့နော်။

Onew ကလည်းဒီလိုလူတွေထဲကတစ်ယောက်အပါအဝင်ပါ။ သူ့ရဲ့တာဝန်က ဇူလိုင် ၂၀ ရက်နေ့မှကုန်ဆုံးမှာဖြစ်ပေမယ့် ၈ရက်နေ့ကတည်းက ထွက်လာခွင့်ရခဲ့ပါပြီ။ SM entertainment ကလည်းအတည်ပြုပေးပြီးပြီမို့ မတွေ့ရတာကြာတဲ့ leader ကြီးကိုအားလုံးပဲတူတူကြိုဆိုလိုက်ရအောင်နော်။

(Zawgyi) စစ္မႈထမ္းဖို႔တာဝန္ၿပီးသြားၿပီျဖစ္တဲ့ SHINeeအဖြဲ႕ရဲ့ leader Onew

မီဒီယာေတြရဲ့ေျပာၾကားခ်က္အရ SHINee အဖြဲ႕ဝင္ Onew ကဇူလိုင္လ ၈ရက္ေန႔မွာ စစ္မႈထမ္းရာက ထြက္လာပါၿပီတဲ့။ လတ္တေလာျဖစ္ေနတဲ့ ကပ္ေရာဂါေၾကာင့္ေတာင္ကိုရီးယားမွာ စစ္မႈထမ္းေနစဥ္ ခြင့္ယူၿပီးအျပင္ထြက္လို႔မရပါဘူးတဲ့။

ဒါေပမယ့္ စစ္မႈထမ္းကာလၿပီးဆုံးခါနီးလူေတြကိုေတာ့ vacation leave ကိုအသုံးခ်ၿပီး ခြင့္ရက္ရွည္အေနနဲ႔ တာဝန္ေလၽွာ့ေပါ့ေပးခဲ့ပါတယ္။ ဒီလိုလူေတြဟာ leave ယူၿပီးတာနဲ႔တာဝန္ထမ္းေဆာင္တဲ့ဆီျပန္သြားစရာမလိုေတာပဲ အိမ္ျပန္နိုင္ပါတယ္တဲ့။ ဒါေပမယ့္ စစ္မႈထမ္းကာလကေတာ့ သတ္မွတ္ထားတဲ့ရက္မွကုန္ဆုံးမွာေပါ့ေနာ္။

Onew ကလည္းဒီလိုလူေတြထဲကတစ္ေယာက္အပါအဝင္ပါ။ သူ႔ရဲ့တာဝန္က ဇူလိုင္ ၂၀ ရက္ေန႔မွကုန္ဆုံးမွာျဖစ္ေပမယ့္ ၈ရက္ေန႔ကတည္းက ထြက္လာခြင့္ရခဲ့ပါၿပီ။ SM entertainment ကလည္းအတည္ျပဳေပးၿပီးၿပီမို႔ မေတြ႕ရတာၾကာတဲ့ leader ႀကီးကိုအားလုံးပဲတူတူႀကိဳဆိုလိုက္ရေအာင္ေနာ္။

source: allkpop
written: helra

Share