အချစ်ရေးသတင်းကြောင့်ပဲ ဝေဖန်မှုတွေနဲ့ အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ကြရတဲ့ Hyuna နဲ့ E’Dawn ကတော့ ဘယ်လိုခါးသီးမှုမျိုးပဲကြုံကြုံ လက်တွဲမဖြုတ် အချစ်မပျက်ကြတဲ့ idol စုံတွဲအဖြစ် နာမည်ကြီးပါတယ်။
သူတို့ရဲ့ချစ်ကြည်နူးနေတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ဆီမျှဝေပေးဖို့ ဘယ်တော့မှမတွန့်ဆုတ်တဲ့ သူတို့နှစ်ယောက်ကတော့ ဒီတစ်ခါမှာလဲ ပျော်ပျော်ရွှင်ရွှင် date နေတဲ့ပုံလေးတွေကို Hyuna ရဲ့ instagram မှာ မျှဝေခဲ့ပါတယ်။
ပုံလေးတွေထဲမှာတော့ သူတို့နှစ်ဦးဟာ sneakers အဖြူရောင် ဆင်တူလေးတွေ ကိုယ်စီနဲ့ လူရှင်းနေတဲ့လမ်းပေါ်မှာ date ခဲ့ကြတာကို တင်ပေးခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြင်နာနေကြတာကတော့ စိတ်ချမ်းသာစရာပါပဲနော်။
(Zawgyi) ဒီနေ့ဒီအချိန်အထိ လက်တွဲခိုင်မြဲကာ အချစ်မလျော့ကြသေးတဲ့ Hyuna နဲ့ E’Dawn
source: koreaboo
written: Dar Dar