Charlie Puth ရဲ့ TikTok Posts တွေမှာ တချို့သော BTS Fans တွေက Charlie Puth ဟာ သူအောင်မြင်ဖို့ Jungkook ကိုအသုံးချခဲ့တာတယ်ဆိုတာနဲ့ ပတ်သတ်ပြီးလိိုက် comment ခဲ့ကြပါတယ်။
Comments တွေကြောင့် Charlie Puth က အရမ်းကို အံ့့ြသခဲ့ရပါတယ်။ သူဟာ BTS အဖွဲ့ဝင်ဖြစ်တဲ့ Jungkook နဲ့ အတူ MBC Plus X Genie Music Awards (2018) မှာ “We Don’t Talk Anymore” ကို အတူ ဖျော်ဖြေခဲ့ကြတဲ့အပြင် သူ့ရဲ့ Twitter မှာလည်း BTS ဟာ အရမ်းကို ပါရမီပါပြီး တော်တဲ့ အဖွဲ့ပါလို့ ချီးကျူးထားပါတယ်။
Charlie က သူ့ကို တိုက်ခိုက်ခဲ့တဲ့ comment တွေနဲ့ ပတ်သတ်ပြီး ယခုလိုပဲ ပြန်လည်ပြောထားပါတယ်။ “ကျတော်က များသောအားဖြင့် ဒီလိုကိစ္စတွေကို ဘာမှပြန်ပြောလေ့မရှိပါဘူး။ ဒါပေမယ့် ဒီတစ်ခါတော့ ပြောပါရစေ။
ကျတော် အခု အသက် ၂၈ နှစ် ရှိနေပါပြီ။ ဒါကြောင့် ဒီလိုမျိုး “ကျတော်က BTS ကို နာမည်ကြီးဖို့ အသုံးချတယ်” ဆိုတဲ့ comment မျိုးတွေကြောင့် ဘယ်လိုမှ မခံစားရပါဘူး။ ဘာကိုပြောချင်မှန်းတောင် မသိပါဘူး။ ဒါပေမယ့် ကျတော်သိတာကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကသာ ဒီလိုတွေ လာပြောခဲ့မယ်ဆိုရင် ကျတော့်ကို ဆိုးဆိုးဝါးဝါး စိတ်ထိခိုက်စေမိမှာအမှန်ပါပဲ။
တောင်းဆိုချင်တာက အခုလို အမှားတွေကို ဆက်ပြီးလျှောက်ပြောမနေကြဘဲ တစ်ဦးနဲ့တစ်ဦ်း ပိုနားလည်ပေးကြရအောင်။ ကျတော်တို့တွေဟာ ဒီလိုအချိန်ကြီးမှာ အချင်းချင်း ဖေးမကြဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်။”
ဒီ Tweet ကို ဇူလိုင် ၅ ရက်နေ့မှာ တင်ခဲ့တာဖြစ်ပြီး သုံးနာရီအတွင်းမှာကို retweet တစ်သိန်းကျော်သွားခဲ့ပါတယ်။ အချို့ ARMY များကလည်း Charlie Puth ကို သူရဲ့ ရင့်ကျက်မှုအတွက် အသိအမှတ်ပြုကြပြီး အချို့သော အစွန်းရောက် Fan များကြောင့် အထင်လွဲမှုများမရှိဘဲ BTS နဲ့ အရင်အတိုင်း ရင်းနှီးဖို့ ပြောဆိုခဲ့ကြပါတယ်။
Source: Variety
Written: S.Kaung