Categories: Celebrity News

အောင်မြင်ခဲ့တဲ့ Bad Genius ရုပ်ရှင်ကားကို စီးရီးအနေနှင့် ယခုလသြဂုတ်လအတွင်း ထုတ်လွှင့်မည်

2017ခုနှစ်ရဲ့အောင်မြင်ခဲ့သော Bad Genius ရုပ်ရှင်ကားကို ကြိုက်နှစ်သက်ခဲ့တဲ့ ပရိတ်သတ်တွေ အတွက်တော့ သတင်းကောင်းပြောချင်ပါတယ်။ အဲ့ဒါကတော့ Bad Genius:The Series ဆိုပြီးထွက်လာတော့မှာပါ။ Casts အသစ်တွေနှင့်အတူ series ကိုလည်း တမူထူးခြားတဲ့ပုံနှင်မြင်ရတော့မှာပါ။

ဇွန်လ ၃ဝရက်နေ့မှာ GDH 559 စတူဒီယိုရဲ့ တရားဝင်ထုတ်ပြန်ချက်အရ Bad Genius:The Series ကိုသြဂုတ်လ ၃ရက်နေ့တွင် စတင်ထုတ်လွှင့်မယ်လို့ ကြေငြာလိုက်ပါတယ်။ Instagram acc မှာတော့ ” Let’s come as a team..3 August” လို့ဆိုပြီး ပရိတ်သတ်ကို အသိပေးလိုက်ပါတယ်။

အဓိကပါဝင်သရုပ်ဆောင်ကျမယ့် သူတွေကတော့ BNK48 က Lynn နေရာမှသရုပ်ဆောင်မှာပါ၊ Bank နေရာကိုတော့ Jaonaay ၊ Grace အနေနှင့် Nana Sawanya ၊ Pat ရဲ့ကာရိုက်တာကိုတော့ Ice Paris တို့မှပါဝင်သရုပ်ဆောင် မှာပါ။

Bad Genius:The Series ကို GDH production မှထုတ်လွှင့်မှာဖြစ်ပြီး Project S:Skate Our Soul ကိုရိုက်ကူးတဲ့ ဒါရိုက်တာမှ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ထိုင်းရဲ့ Channel one 31 ကနေမှ သြဂုတ်လ၃ရက်နေ့မှာ စတင်ကြည့်ရှူနိုင်ပါတယ်။ နိုင်ငံတကာ ပရိတ်သတ်တွေအတွက် WeTV app မှာလည်း ကြည့်လို့ရပါတယ်။

(Zawgyi) ေအာင္ျမင္ခဲ့တဲ့ Bad Genius ႐ုပ္ရွင္ကားကို စီးရီးအေနႏွင့္ ယခုလၾသဂုတ္လအတြင္း ထုတ္လႊင့္မည္

2017ခုႏွစ္ရဲ့ေအာင္ျမင္ခဲ့ေသာ Bad Genius ႐ုပ္ရွင္ကားကို ႀကိဳက္ႏွစ္သက္ခဲ့တဲ့ ပရိတ္သတ္ေတြ အတြက္ေတာ့ သတင္းေကာင္းေျပာခ်င္ပါတယ္။ အဲ့ဒါကေတာ့ Bad Genius:The Series ဆိုၿပီးထြက္လာေတာ့မွာပါ။ Casts အသစ္ေတြႏွင့္အတူ series ကိုလည္း တမူထူးျခားတဲ့ပုံႏွင္ျမင္ရေတာ့မွာပါ။

ဇြန္လ ၃ဝရက္ေန႔မွာ GDH 559 စတူဒီယိုရဲ့ တရားဝင္ထုတ္ျပန္ခ်က္အရ Bad Genius:The Series ကိုၾသဂုတ္လ ၃ရက္ေန႔တြင္ စတင္ထုတ္လႊင့္မယ္လို႔ ေၾကျငာလိုက္ပါတယ္။ Instagram acc မွာေတာ့ ” Let’s come as a team..3 August” လို႔ဆိုၿပီး ပရိတ္သတ္ကို အသိေပးလိုက္ပါတယ္။

အဓိကပါဝင္သ႐ုပ္ေဆာင္က်မယ့္ သူေတြကေတာ့ BNK48 က Lynn ေနရာမွသ႐ုပ္ေဆာင္မွာပါ၊ Bank ေနရာကိုေတာ့ Jaonaay ၊ Grace အေနႏွင့္ Nana Sawanya ၊ Pat ရဲ့ကာရိုက္တာကိုေတာ့ Ice Paris တို႔မွပါဝင္သ႐ုပ္ေဆာင္ မွာပါ။

Bad Genius:The Series ကို GDH production မွထုတ္လႊင့္မွာျဖစ္ၿပီး Project S:Skate Our Soul ကိုရိုက္ကူးတဲ့ ဒါရိုက္တာမွ ရိုက္ကူးထားတာပဲ ျဖစ္ပါတယ္။ ထိုင္းရဲ့ Channel one 31 ကေနမွ ၾသဂုတ္လ၃ရက္ေန႔မွာ စတင္ၾကည့္ရႉနိုင္ပါတယ္။ နိုင္ငံတကာ ပရိတ္သတ္ေတြအတြက္ WeTV app မွာလည္း ၾကည့္လို႔ရပါတယ္။

Source: Anneyongoppa
Written: Phoo Phoo

Share