Categories: Celebrity News

ပြေးစက်ပေါ်မှာ ပြေးရင်း အဆိုလေ့ကျင့်ကာ တည်ငြိမ်တဲ့ အသံရအောင် ကြိုးစားခဲ့ကြသူများ

Idol တစ်ယောင်ဖြစ်လာဖို့ဆိုတာ လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ ခက်ခဲ ရှုပ်ထွေးတဲ့ ကကွက်တွေကို ကရင်း သီချင်းများစွာကိုလည်း Live သီဆိုရပါတယ်။ ဒါ့ကြောင့် Live သီဆိုရာမှာ အကောင်းဆုံးနဲ့ တည်ငြိမ်တဲ့အသံရဖို့ အချို့ Idol တွေဟာ ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်ရင်း အသံအတွက် လေ့ကျင့်ကြပါတယ်။ ခုဖော်ပြမယ့် Idol တွေကတော့ သူတို့ရဲ့ အသံတွေကို ပိုမိုတည်ငြိမ်အောင် လုပ်ဖို့အတွက် ပြေးစက်ပေါ်မှာ ပြေးရင်း အဆိုလေ့ကျင့်ခဲ့တဲ့ Idol တွေပဲ ဖြစ်ပါတယ်။

1. Niel (TEENTOP)


Niel ကတော့ TEENTOP အဖွဲ့ရဲ့ Main Vocal ဖြစ်ပါတယ်။ ချိုသာတဲ့အသံပိုင်ဆိုင်ထားသူဖြစ်ပေမယ့် အသံပါဝါကောင်းကောင်းနဲ့လည်း သီဆိုပြနိုင်သူပါ။ Niel ဟာ ဒီလိုအသံပိုင်ဆိုင်နိုင်ဖို့ ပြေးစက်ပေါ်မှာပြေးရင်း အဆိုလေ့ကျင့်ခဲ့ဖူးပါတယ်။

2. TXT


TXT ကတော့ Big Hit Entertainment မှ ပွဲထုတ်ပေးထားတဲ့ အဖွဲ့ပါ။ TXT ဟာလည်း ရှုပ်ထွေးတဲ့ သူတို့ ကကွက်တွေကရင်း အသံတည်တည်ငြိမ်ငြိမ်နဲ့ သီဆိုနိုင်တာကို သတိထားမိကြမှာပါ။ ဒါဟာလည်း သူတို့ရဲ့ ကြိုးစားမှုရလဒ်ကြောင့်ပါပဲ။ TXT ဟာလည်း ပြေးစက်ပေါ်မှာ ပြေးရင်း အဆို လေ့ကျင့်ခဲ့တဲ့ အဖွဲ့ထဲက တစ်ဖွဲ့ပါ။

3. BOA


K-Pop လောကရဲ့ ဘုရင်မ BOA ဟာဆိုရင်လည်း တည်တည်ငြိမ်ငြိမ်နဲ့ High-Note တွေကို သီဆိုနိုင်သူအဖြစ် လူသိများပါတယ်။ သူမကတော့ အင်တာဗျူးတစ်ခုမှာ စတိတ်စင်ပေါ်မှာ ဖျော်ဖြေဖို့ ကြောက်တဲ့ စိတ်ကို ပြေးစက်ပေါ်မှာ သီချင်းဆိုလေ့ကျင့်ရင်း ဖြေဖျောက်ခဲ့ရတယ်လို့ ပြောခဲ့ဖူးပါတယ်။

4. TVXQ!


TVXQ! ဟာလည်း အသံပါဝါကောင်းကောင်းနဲ့ တည်တည်ငြိမ်ငြိမ်သီဆိုနိုင်ကြသူများအဖြစ် သတ်မှတ်ခံထားရတာပါ။ အဖွဲ့ခေါင်းဆောင် Yunho က အင်တာဗျူးတစ်ခုမှာ ပြေးစက်ပေါ်မှာ ပြေးရင်း သီချင်းဆိုလေ့ကျင့်ခြင်းဟာ သူ့ကို Live ကြာကြာပိုဆိုစေနိုင်ဖို့ အထောက်အကူအများကြီး ပြုခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

5. Jungkook (BTS)


Jungkook ဟာလည်း ပြေးစက်ပေါ်မှာပြေးရင်း သီချင်းဆိုလေ့ကျင့်ခဲ့တဲ့ Idol တစ်ယောက်ဆိုတာ Army တွေသိကြလိမ့်မယ်ထင်ပါတယ်။ ဒီလိုလေ့ကျင့်မှုဟာ ခက်ခဲသော်လည်း Jungkook ရဲ့ တည်တည်ငြိမ်ငြိမ် live ဆိုနိုင်တဲ့ အရည်အချင်းဟာ သူ့ရဲ့ ကြိုးစားအားထုတ်မှုကို သက်သေပြနေတာပါပဲ။ ဒီ Idol တွေရဲ့ ကြိုးစားမှုကတော့ အံ့မခန်းပါပဲ။ သူတို့အားလုံးလည်း ကြိုးစားမှုရဲ့ အသီးအပွင့်ကို ခံစားခဲ့ရပါတယ်။ တကယ်ကို အတုယူစရာပါ။

Source: Koreaboo
Written: Gyi Gyi

Share