Blackpink အဖွဲ့ဝင် Lisa တစ်ယောက် သူ့ရဲ့မန်နေဂျာဆီက ဝမ်တစ်ဘီလီယံနီးပါအလိမ်ခံခဲ့ရတာကို ပရိတ်သတ်တွေအခုချိန်ထိယူကြုံးမရဖြစ်နေဆဲပါ။ ကိုယ်ယုံကြည်ခဲ့တဲ့မန်နေဂျာဆီက အလိမ်ခံရတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်မျိုးက အနုပညာလောကမှာသူမတစ်ယောက်တည်း တွေ့ကြုံခဲ့ရတာမျိုးမဟုတ်ပါဘူးတဲ့။ ဒါကြောင့်ဒီလိုသစ္စာဖောက်ခံရဖူးတဲ့ဖြစ်ရပ်တွေကို ဖော်ပြလိုက်ပါတယ်။
၁။ Song Hye Kyo
ဒီအဖြစ်အပျက်က သူမအနုပညာလောကမှာထွန်းတောက်ဖို့ အားယူနေချိန် ၂၀၀၅ ခုနှစ်မှာဖြစ်ပျက်ခဲ့တာပါ။ တစ်ရက် သူမရဲ့အမေက ဝမ် ၂၅၀ မီလီယံမပေးရင် အမေဖြစ်သူကိုရော Song Hye Kyo ကိုပါအက်စစ်နဲ့ပက်မယ် လို့အဓိပ္ပာယ်ရတဲ့ ခြိမ်းခြောက်စာမျိုးရခဲ့ပါတယ်။
ရဲတွေရဲ့စုံစမ်းစစ်ဆေးချက်အရ ဒီစာပေးပို့သူဟာ သူမရဲ့မန်နေဂျာဟောင်းဖြစ်နေခဲ့ပါတယ်။ သုံးနှစ်တောင်တူတူအလုပ်တွဲလုပ်ခဲ့ဖူးပြီး သူမကလည်းယုံကြည့်ခဲ့တဲ့သူက ဒီလိုလုပ်မယ်လို့ဘယ်သူကထင်မလဲနော်။
၂။ Super Junior
Idol တွေက fan တွေပေးတဲ့လက်ဆောင်ကိုဘယ်လောက်တန်ဖိုးထားပြီး ဘယ်လိုတယုတယထိန်းသိမ်းလဲဆိုတာ အားလုံးပဲသိကြမှာပါ။ ဒါပေမယ့်သူတို့ရဲ့ မန်နေဂျာတွေမှာရောဒီလိုသဘောထားမျိုးရှိပါ့မလားဆိုတာ စဉ်းစားစရာပါပဲ။ Super Junior ရဲ့ မန်နေဂျာဟောင်းတစ်ဦးမှာတော့ဒီ gift တွေနဲ့ပတ်သက်ပြီးမကောင်းတဲ့အကြံအစည်တွေရှိနေခဲ့ပါတယ်။
၂၀၀၉ ခုနှစ်လောက်မှာ Yesung ကနေမကောင်းလို့ အိမ်မှာတစ်ယောက်တည်းကျန်ခဲ့ရာကနေမှ ဒီအဖြစ်ကိုသိခဲ့ရတာပါ။ မန်နေဂျာလုပ်သူက Fan gift တွေနဲ့ အဖွဲ့ဝင်တွေရဲ့ ပစ္စည်းအချို့ကိုပါခိုးထုတ်သွားဖို့လုပ်နေတာကို Yesung ကိုယ်တိုင် လက်ပူးလက်ကြပ်မိခဲ့တာပါတဲ့။ သူတို့တော်တော်စိတ်မကောင်းဖြစ်ခဲ့ရမှာပါပဲ။
၃။ Lee Jong Hyuk
Lee Jong Hyuk ကကြည့်တာနဲ့တင်သဘောကောင်းတဲ့ မင်းသားတစ်ဦးမှန်း သိသာပါတယ်။ ဒါကိုသိတဲ့ သူ့မန်နေဂျာက သူ့ရဲ့သဘောကောင်းမှုကို အခွင့်ကောင်းယူပြီးလိမ်လည်ခဲ့တာပါ။
၂၀၁၁ တုန်းက မန်နေဂျာရဲ့အမေဖြစ်သူက ကင်ဆာရောဂါခံစားနေရတာကြောင့် မင်းသားက ငဲ့ညှာပြီး ဝမ်ငါးသန်း ကူညီခဲ့တာပါ။ နောက်မှသိခဲ့ရတာ ကင်ဆာရောဂါဆိုတာ အလိမ်အညာတွေဆိုတာပါပဲ။ အမေကိုခုတုံးလုပ်ပြီး ယုံကြည်ရတဲ့သူဆီကလိမ်တာ ဘယ်လောက်တောင်ဆိုးရွားတဲ့လုပ်ရပ်ပါလိမ့်။
၄။ Son Dam Bi
မင်းသမီးချောလေး Son Dam Bi က ဘာမှမကျန်တော့လောက်အောင် သူမရဲ့မန်နေဂျာဆီကဆိုးဆိုးရွားရွား အလိမ်ခံခဲ့ရတာပါ။ သူမရဲ့ Crazy album ထွက်ရှိထားချိန် သူမအိမ်ကိစ္စတွေဂရုမစိုက်နိုင်လောက်အောင် အလုပ်များနေတဲ့အတွက် ရိုးသားတဲ့သူမဟာ မန်နေဂျာကို ယုံယုံကြည်ကြည်ပဲ အိမ်ပြင်ဆင်မှုတွေအတွက် အိမ်တံခါး passcode ကိုအပ်နှံခဲ့ပါတယ်။
တစ်နေ့သူမအိမ်မှာမရှိချိန် မန်နေဂျာက တစ်အိမ်လုံးပြောင်သလင်းခါအောင် ခိုးယူသွားခဲ့ပြီးပါပြီ။ သူ့ကိုပြန်ဖမ်းမိတဲ့အချိန်မှာတော့ သူမပိုင်ဆိုင်သမျှတွေကို ရောင်းချလိုက်ပါပြီတဲ့။
၅။ Jung Joon Ho
Sky Castle ကမင်းသားကြီး Jung Joon Ho ကလည်း မန်နေဂျာရဲ့လှည့်ဖျားမှုကို ခံရဖူးသူပါ။ ၂၀၁၂ ခုနှစ်လောက်တုန်းက မင်းသားက သူ့အတွက်လိုအပ်တာရှိရင်သုံးရအောင် သူ့ရဲ့ bank card ကိုမန်နေဂျာကိုပေးသုံးခဲ့ပါတယ်။ နောက်မှသိခဲ့ရတာက ၂၀၁၂ နဲ့ ၂၀၁၃ အတွင်းမှာ သူ့ရဲ့ကတ်ထဲကနေ ခွင့်ပြုချက်မရှိပဲ၂၉ ကြိမ်တောင် ငွေထုတ်ခဲ့ပါတယ်။ ဒါကိုသိသိချင်းအလုပ်ထုတ်ခဲ့ပေမယ့် အဲဒီအချိန်မှာ ဝမ်သန်း ၈၀ တောင်ထုတ်ခဲ့ပါတယ်တဲ့။
source : koreaboo
written : helra