Categories: Celebrity News

အောင်မြင်မှုကိုယ်စီနဲ့ ကိုရီးယားအနုပညာလောကရဲ့ မောင်နှမရင်းချာများ

တစ်အိမ်တည်းက သွေးသားရင်းချာနှစ်ယောက် အနုပညာလောကမှာ တစ်ချိန်တည်း အောင်မြင်မှုရရှိဖို့ဆိုတာ ဖြစ်တောင့်ဖြစ်ခဲပါပဲ။အထူးသဖြင့် ကိုရီးယားလို အနုပညာနဲ့ပတ်သက်ရင် ထိပ်ရောက်နေတဲ့ နိုင်ငံမျိုးမှာပေါ့။ ဒါပေမယ့် ဒီမောင်နှမရင်းချာတွေကတော့ အောင်မြင်မှုအသီးသီးနဲ့ အနုပညာလောကမှာ ရပ်တည်နေကြတာပါ။

၁။ Jessica Jung နဲ့ Krystal Jung


Girls’ Generation အဖွဲ့ဝင်ဟောင်းဖြစ်သလို လက်ရှိမှာ soloist အနေနဲ့ရော စီးပွားရေးလုပ်ငန်းရှင်အနေနဲ့ပါ ကျော်ကြားတဲ့ Jessica Jung နဲ့ ကိုရီးယားရဲ့အလှဆုံးမင်းသမီးတွေထဲမှာ အပါအဝင်ဖြစ်တဲ့ f(x) အဖွဲ့ဝင် Krystal Jung တို့ကတော့ sister goals လို့ပြောရလောက်အောင် အရာရာမှာအောင်မြင်ပြည့်စုံပြီး တစ်ဦးနဲ့တစ်ဦး အရမ်းချစ်ကြတဲ့ ညီအစ်မနှစ်ယောက်ပါ။

၂။ Gong Seungyeon နဲ့ Twice Jeongyeon


Are You Human Too? လို နာမည်ကျော်ဇာတ်လမ်းတွဲတွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့တဲ့ထိပ်တန်းမင်းသမီး Gong Seungyoun နဲ့ ကိုရီးယားမှာအကျော်ကြားဆုံး girl group တစ်ခုဖြစ်တဲ့ Twice အဖွဲ့ဝင် Jeongyeon ကလဲ အနုပညာလောကမှာ အောင်မြင်မှုအသီးသီးရရှိနေတဲ့ အားကျစရာ ညီအစ်မအရင်းတွေပါပဲ။

၃။ Dara နဲ့ Thunder


Kpop ဆိုတာနဲ့ အားလုံးပြေးမြင်မိကြတဲ့ 2NE1 အဖွဲ့ဝင် မင်းသမီးချော Sandara Park မှာလဲ သူမလိုပဲ အနုပညာရှင်မောင်ချောလေးတစ်ယောက်ရှိပါတယ်။ မောင်ဖြစ်သူကလဲ MBLAQ အဖွဲ့ဝင် Thunder ဖြစ်တာမို့ မောင်နှမနှစ်ယောက်လုံးဟာ ဂီတလောကမှာ နေရာတစ်နေရာသိမ်းပိုက်ထားတဲ့ အဆင်းရောအချင်းပါ ပြည့်စုံသူတွေပါ။

၄။ Gong Myung နဲ့ NCT’s Doyoung


5urprise အဖွဲ့နဲ့ idol အဖြစ်ပွဲဦးထွက်ခဲ့ပြီး အခုတော့ နာမည်ကျော်မင်းသားအဖြစ်နဲ့ ရပ်တည်နေတဲ့ Gong Myung နဲ့ kpop ရဲ့ထွန်းတောက်လာတဲ့ကြယ်ပွင့် NCT အဖွဲ့ဝင် Doyoung ကလဲ ညီအစ်ကိုအရင်းတော်စပ်ပါတယ်။ နှစ်ယောက်လုံး ချောမောမှုနဲ့ အနုပညာပါရမီကတော့ အပြည့်ပါလာတာပါ။

၅။ Kim Taehee နဲ့ Lee Wan


အလှနတ်ဘုရားမလေးလို့ခေါ်ကြတဲ့ မင်းသမီး Kim Taehee ရဲ့မောင်လေးကတော့ လူချောလေး Lee Wan ပါ။ အစ်မဖြစ်သူရဲ့ လျှမ်းလျှမ်းတောက်အောင်မြင်တဲ့မင်းသမီးဖြစ်သလို မောင်ဖြစ်သူရဲ့ မိန်းကလေးတွေကြားမှာ ရေပန်းစားခဲ့ပြီး အခုတော့ မောင်နှမနှစ်ယောက်လုံး မိသားစုဘဝလေးတွေကိုယ်စီနဲ့ အေးချမ်းနေကြပါပြီ။

၆။ ITZY’s Chaeryoung နဲ့ IZ*ONE’s Chaeyeon


အသက်လဲသိပ်မကွာသလို ရုပ်ကလဲခွဲမရအောင်တူတာကြောင့် အမြွာလို့တောင် ထင်မှတ်မှားရတဲ့ ချစ်စရာညီအစ်မလေးတွေကလဲ JYP မှာ အတူတူလေ့ကျင့်ခဲ့ဖူးပေမယ့် အခုတော့ ထိပ်တန်းမိန်းကလေးအဖွဲ့ဝင်တွေအဖြစ်နဲ့ ကိုယ်စီအောင်မြင်မှုရနေတာ ကြည်နူးစရာပါပဲ။

၇။ Ha Ji Won နဲ့ Jeon Tae Soo


​ပရိတ်သတ်အချစ်တော် ထိပ်တန်းမင်းသမီး Ha Jiwon နဲ့ နာမည်ကျော်ဇာတ်လမ်းတွဲတွေရဲ့ သရုပ်ဆောင် Jeon Tae Soo တို့ကလဲ နှစ်ယောက်စလုံး ချောမောပြီးအောင်မြင်ကျော်ကြားတဲ့ မောင်နှမပါ။ စိတ်မကောင်းစရာတစ်ခုက မောင်ဖြစ်သူ Jeon Tae Soo က ငယ်ရွယ်ချိန်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။

၈။ Young Min နဲ့ Kwang Min (Boyfriend)


Kpopper သက်တမ်းကြာနေသူတွေကတော့ ဒီအမြွာညီအစ်ကိုနှစ်ယောက်ကို ညီတူမျှတူ ချစ်ခင်အားပေးဖူးကြမှာပါ။ ရုပ်ချင်းလဲခွဲမရအောင်တူတဲ့ သွေးသားရင်းချာတွေဖြစ်တဲ့အပြင် တစ်ဖွဲ့တည်းမှာ debut ပြီး အတူတူအောင်မြင်ခဲ့ကြတာမို့ အရမ်းချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ပါ။

၉။ AKMU


ငယ်ငယ်ရွယ်ရွယ်နဲ့ ဂီတလောကမှာ အထင်ကြီးလေးစားခံရပြီး ကလေးဘဝတည်းက ပါရမီအပြည့်ပါလာတဲ့ AKMU အဖွဲ့ဝင်နှစ်ဦးကလဲ မောင်နှမရင်းချာပါပဲနော်။ တစ်ဖွဲ့တည်းမှာ စိတ်တူကိုယ်တူနဲ့ သီချင်းတွေဖန်တီးပြီး အောင်မြင်ကျော်ကြားနေတဲ့ အစ်ကိုနဲ့ညီမလေးအတွက် မိဘတွေကတော့ တကယ်ဂုဏ်ယူနေရမှာ အမှန်ပါပဲ။

source: soompi
written: Dar Dar

Share