Edit လုပ်ပြီးပြင်ဆင်ထားတဲ့ပုံတွေပဲဖြစ်ဖြစ် ခပ်လှမ်းလှမ်းကနေကြည့်ရင်ပဲဖြစ်ဖြစ် ချောမောနေဖို့ဆိုတာတော့ လွယ်ပေမယ့် ကင်မရာနဲ့မျက်နှာကိုအနီးကပ်ချိန်တာတောင် ကြည့်ကောင်းနေဖို့ဆိုတာတော့ အတော်လေးဆုတောင်းကောင်းရမှာပါ။ ဒီမင်းသားတွေကတော့ စူပါခန့်ချောတွေပါပဲ
Ju Ji Hoon
အားလုံးရဲ့အချစ်တော် Kingdom မင်းသားကြီး Ju Ji Hoon ကတော့ ဆလိုက်မီးတွေနဲ့ဝိုင်းထိုးထားပြီး လင်းရှင်းနေတဲ့ ကော်ဇောနီပေါ်မှာတောင် သူ့မျက်နှာကို အနီးကပ်ပြလိုက်တဲ့အခါမှာတောင် သူ့မျက်နှာမှာ ပြစ်ချက်တစ်စုံတစ်ရာ ရှာမတွေ့ခဲ့ပါဘူး။
Song Joong Ki
အသက်သုံးဆယ်ကျော်အရွယ် ယောက်ျားသားတစ်ယောက်ရဲ့ အသားအရည်ဟာ ဒီလောက်ထိကြည်လင်ဖို့လိုသလားလို့တောင် ပရိတ်သတ်တွေ မနာလိုဖြစ်ခဲ့ရတဲ့အထိ အနာအဆာကင်းတဲ့မျက်နှာကို ပိုင်ဆိုင်ထားပါတယ်။
Park Bogum
အေးချမ်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ Nation’s Crown Prince လေးကလဲ ဘယ်ထောင့်ကနေဘယ်လိုကြည့်ကြည့် ရုပ်ချောမပျက်ပါဘူးတဲ့နော်။ အစိတ်အပိုင်းတစ်ခုချင်းစီက ဘယ်လိုကြည့်ကြည့် လှပါတယ်။
Park Seo Joon
လူတိုင်းနဲ့မလိုက်ဖက်တဲ့ ဆံပင်ပုံစံကလဲ သူ့မျက်နှာပေါ်မှာ ကြည့်ကောင်းနေသလို မျက်နှာကိုအနီးကပ်မြင်လိုက်ရပြန်တော့လဲ သာမာန်ဓာတ်ပုံတွေထဲကလိုပဲ ခန့်ချောကြီးဖြစ်နေသေးတဲ့ အားလုံးရဲ့ သူဌေးလေးပါ။
Lee Jong Suk
အစက်အပျောက်တစ်ခုချင်းစီ မြင်ရလောက်အောင်ကို ကြည်တောက်နေတဲ့ဓာတ်ပုံထဲမှာ သူ့ရဲ့မျက်နှာပေါ်က အပြစ်အနာအဆာကိုရှာလို့မတွေ့တာတော့ ထူးဆန်းပါတယ်။ ပြီးပြည့်စုံမှုကိုသာ မြင်တွေ့ရပါတယ်။
Kang Ha Neul
ပွင့်လင်းတဲ့အပြုံးချိုချိုလေးတွေနဲ့ ကြည်လင်တဲ့အသားအရည်ရှိတဲ့ Kang Ha Neul ရဲ့မျက်နှာကို ကင်မရာနဲ့ zoom ဆွဲကြည့်လိုက်တဲ့အခါမှာလဲ သူ့ရဲ့အကြည်ဓာတ်က ပိုလို့တောင် ထင်ပေါ်လာပါသေးတယ်။
Hyun Bin
ဗိုလ်ကြီးကတော့ ဘယ်လိုနေနေ ရုပ်ဖြောင့်တယ်ဆိုတာ ဗိုလ်ကြီးကတော်တွေအသိပါပဲ။ ဆုပေးပွဲတွေမှာ သူ့မျက်နှာကို အနီးကပ်ရိုက်ပြရင်တောင် ထူးထူးဆန်းဆန်းကြီးဖြစ်မသွားတာတော့ သူ့ရဲ့ကုသိုလ်ထူးပါပဲ။
ကိုရီးယားသရုပ်ဆောင်တွေကတော့ ဘယ်လိုနေနေ ချောမောခန့်ညားနေကြလို့ ဒီမင်းသားတွေလိုပဲ အခြားခန့်ချောကြီးတွေလဲ အများကြီးပါ။ ဒါကတော့ koreaboo သတင်းဌာနက ဖော်ပြထားတာဖြစ်လို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ သဘောထားနဲ့ကိုက်ညီမှုမရှိရင်လဲ နားလည်ပေးကြဖို့ ပြောလိုပါတယ်။
source: koreaboo
written: Dar Dar