Categories: Celebrity News

Hanyang Cyber University မှာ MBA ဘွဲ့ကို ယူကြဦးမယ့် BTS အဖွဲ့ဝင် (၅) ဦး

ဇူလိုင်လ ၇ ရက်နေ့က အငယ်ဆုံးလေးကလွဲပြီး BTS အဖွဲ့ဝင် ၆ ယောက်ဖြစ်တဲ့ Jin, RM, J-hope, Suga, Jimin, V တို့ဟာ Hanyang Cyber University က MBA program ကိုတက်ရောက်တဲ့သူကတက်ရောက်နေပြီး အချို့ကတက်ရောက်ဖို့ပြင်ဆင်နေကြပြီလို့ မီဒီယာတွေကပြောခဲ့ပါတယ်။

Jin က ၂၀၁၇ ကတည်းက ဒီတက္ကသိုလ်မှာတက်နေခဲ့တာဖြစ်ပြီး RM, J-Hope, Suga တို့က Master of Business Administration အတွက် ဒီနှစ်မတ်လမှာ စာရင်းသွင်းခဲ့ပြီး တက်ရောက်နေပြီဖြစ်ကာ Jimin နဲ့ V တို့က ဒီနှစ်စက်တင်ဘာမှာစတင်တက်ရောက်ကြမှာဖြစ်ပါတယ်။ ၅ ယောက်လုံး Advertising and Media ဘာသာရပ်ကို အထူးပြုယူကြတာပါတဲ့။

ဒီလိုကျောင်းတက်ဖို့ စာရင်းပေးသွင်းတာက စစ်မှုထမ်းတာ စောခြင်း နောက်ကျခြင်းနဲ့ လုံးဝမဆိုင်ပဲ စာသင်ယူလိုစိတ်သက်သက်သာဖြစ်တယ်လို့လည်း သူတို့ အေဂျင်စီ Big Hit ကထုတ်ပြန်ခဲ့ပါတယ်။ အနုပညာမှာလည်းထူးချွန်ပြီး ပညာလိုချင်စိတ်လည်းရှိတဲ့ BTS အဖွဲ့ဝင်တွေ ပညာရေးမှာလည်းအောင်မြင်ပါစေနော်။

(Zawgyi) Hanyang Cyber University မှာ MBA ဘွဲ့ကို ယူကြဦးမယ့် BTS အဖွဲ့ဝင် (၅) ဦး




source: soompi
written: helra

Share