Categories: Celebrity News

BLACKPINK Rosè ရဲ့ Instagram Live ကိုလာကြည့်ခဲ့တဲ့ One Direction အဖွဲ့ဝင်ဟောင်း Niall Horan

Blackpink အဖွဲ့ နဲ့ အဖွဲ့ဝင်တစ်ဦးချင်းစီတိုင်းမှာ ပရိတ်သတ်တွေအများကြီး အသီးသီးရှိကြတယ်ဆိုတာ အားလုံးပဲသိကြမှာပါ။ တချို့ပရိတ်သတ်တွေက သူတို့ကိုယ်တိုင်တောင် နာမည်ကြီးတဲ့အနုပညာရှင်တွေနော်။

ဒါကိုလောလောလတ်လတ် သက်သေပြခဲ့တာတော့ ဇူလိုင်လ ၈ရက်နေ့က Rosè တစ်ယောက် instagram live လွှင့်တာကို Blackpink ပရိတ်သတ်ပါလို့ကိုယ်တိုင်ဝန်ခံထားတဲ့ One Direction အဖွဲ့ဝင်ဟောင်း Niall Horan ကဝင်ကြည့်ပြီး လက်ဝှေ့ယမ်းပြနေတဲ့ Emoji လေးဝင်ရေးခဲ့ပါသေးတယ်။

ဒါ့အပြင် Pretty Little Liars မှာပါဝင်တဲ့ Keegan Allen လည်းဝင်ကြည့်ခဲ့ပါတယ်။ စိတ်မကောင်းစရာကသူတို့ရဲ့ comment တွေကို Rosè ကသတိမပြုခဲ့မိပါဘူးတဲ့။ ဘာပဲဖြစ်ဖြစ် BLINK တွေကတော့ Blackpink အဖွဲ့ရဲ့အောင်မြင်မှုအတွက် ဂုဏ်ယူနေခဲ့ကြပါတယ်။

(Zawgyi) BLACKPINK Rosè ရဲ့ Instagram Live ကိုလာကြည့်ခဲ့တဲ့ One Direction အဖွဲ့ဝင်ဟောင်း Niall Horan




source: koreaboo
written: helra

Share