Categories: Celebrity News

ဇာတ်လမ်းနဲ့ ကာရိုက်တာကို ရွေးချယ်တတ်လွန်းတယ်လို့ ချီးကျူးခံရတဲ့ K Actors များ

ရုပ်ရှင်လောကမှာအောင်မြင်ဖို့ဆိုရင် ရုပ်ရည်ချောမောဖို့ သရုပ်ဆောင်ကောင်းဖို့ကလဲ အရေးကြီးသလို နောက်ထပ်သော့ချက်တစ်ခုကတော့ ကိုယ်နဲ့လိုက်ဖက်တဲ့ကာရိုက်တာနဲ့ ထူးခြားမယ့်ဇာတ်လမ်းကို ရွေးချယ်တတ်ဖို့ပါ။ ဒီမင်းသားတွေကတော့ အဲ့ဒီနေရာမှာ ပိုင်နိုင်ပါတယ်တဲ့။

Kim Soo Hyun


အနုပညာကြေးအမြင့်ဆုံးမင်းသားဖြစ်တဲ့အပြင် ဇာတ်လမ်းတွဲရိုက်ကူးမှုကိုလဲ အချိန်ယူတာမို့ သူရွေးလိုက်တဲ့ ဇာတ်လမ်းနဲ့ကာရိုက်တာတွေက ဘယ်လောက်ကောင်းတယ်ဆိုတာ ပြောနေစရာတောင်မလိုပါဘူး။ ဒါ့အပြင် တွဲဖက်မင်းသမီးတွေကလဲ ရှယ်တကာ့ရှယ်တွေပါ။

Park Seo Joon


ကိုယ်နဲ့လိုက်ဖက်တဲ့ကာရိုက်တာကို ရွေးချယ်တယ်ဆိုတာထက် ရွေးချယ်လိုက်တဲ့ကာရိုက်တာနဲ့ အံဝင်ခွင်ကျဖြစ်တဲ့အထိ အရည်အချင်းပြည့်ဝတယ်လို့ ဆိုရမှာပါ။ ဇာတ်လမ်းရွေးချယ်မှုက သူ့ရဲ့အဓိကအားသာချက်ဖြစ်ပြီး ဇာတ်ဆောင်တစ်ခုချင်းစီနဲ့ မတူညီတဲ့ပုံစံတွေကို ပြသခဲ့ပါတယ်။

Lee Jong Suk


ကာရိုက်တာအပေါ် သက်ဝင်စီးမျောမှုအား အရမ်းကောင်းပြီး သူ့ရဲ့အေးဆေးပြီးလျို့ဝှက်တဲ့ ပုံစံလေးနဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းကောင်းတွေကို ရွေးချယ်တတ်တာမို့လို့ သူပါဝင်တဲ့ဇာတ်လမ်းတွဲတိုင်းက မအောင်မြင်ဘူးဆိုတာမရှိပဲ ပရိတ်သတ်ရင်ထဲရောက်ပါတယ်။

So Ji Sub


လေးနက်တည်ကြည်ပြီး လူကြီးဆန်တဲ့ဦးကတော့ အချစ်ဇာတ်လမ်းတွဲတွေရိုက်ရင်တောင် သူနဲ့လိုက်ဖက်မှုရှိတဲ့ ကာရိုက်တာမျိုးကို ရွေးချယ်တဲ့နေရာမှာ ဆရာကျလွန်းပါတယ်။ သူလက်ခံရိုက်ကူးတဲ့ ဇာတ်လမ်းတွဲတွေကလဲ တမူထူးခြားတဲ့ ဇာတ်အိမ်မျိုးရှိတာမို့ ကြည့်သင့်တာတွေချည်းပါပဲ။

Hyun Bin


ဇာတ်လမ်းအမျိုးအစားပေါင်းစုံထဲမှာမှ အကောင်းဆုံးတွေကိုသာ ရွေးချယ်ရိုက်ကူးနေသလားလို့ မှတ်ရအောင် အပီအပြင်ပညာပြနိုင်မယ့် ဇာတ်လမ်းမျိုးတွေကို ရွေးချယ်လေ့ရှိပြီး ကာရိုက်တာနဲ့တသားတည်းကျအောင်လဲ အသေးစိတ်ပြင်ဆင်တတ်တဲ့ မင်းသားပါ။

Ji Chang Wook


အက်ရှင်လား ရိုမန့်စ်လား ဟာသလား? Ji Chang Wook တို့ကတော့ မလိုက်ဖက်တဲ့ သရုပ်မဆောင်တတ်တဲ့ ဇာတ်လမ်းဆိုတာမရှိလို့ ​ပရိတ်သတ်အကြိုက်တွေ့ပြီး အကြီးအကျယ်အောင်မြင်မယ့် ဇာတ်လမ်းတွဲတွေကို ရွေးချယ်လိုက်ရုံပါပဲ။

Lee Min Ho


ရုပ်ရည်ကိုက ဂုဏ်ရှိန်မြင့်တဲ့ အရိပ်အယောင်တွေနဲ့မို့ သူနဲ့အလိုက်ဖက်ဆုံး အထက်တန်းကျပြီးကြွယ်ဝတဲ့ သူဌေးသူကြွယ် ကာရိုက်တာတွေကို ရွေးချယ်လေ့ရှိတာတော့ အားလုံးသတိထားမိကြမှာပါ။ ဒါကတော့ Lee Min Ho ရဲ့ ကာရိုက်တာရွေးချယ်တဲ့ ပညာပါပဲ။

Yoo Ah In


သူ့ရဲ့အသွင်အပြင်နဲ့ သရုပ်ဆောင်စွမ်းရည်ကိုက တမူထူးခြားနေတာမို့ သူရွေးချယ်လိုက်တဲ့ ဇာတ်လမ်းတွေကလဲ တကယ်ကိုစိတ်ဝင်စားစရာကောင်းပြီး သူနဲ့လိုက်ဖက်လွန်းပါတယ်။ ရွေးချယ်မှုအမြဲမှန်ကန်တဲ့ မင်းသားပါ။

Jo In Sung


အနုပညာသက်တမ်း နှစ်နှစ်ဆယ်ကျော်မှာ Jo In Sung ရိုက်တဲ့ဇာတ်လမ်းတွဲဟာ မအောင်ဘူးဆိုတဲ့အဖြစ်မျိုးမရှိခဲ့ပါဘူး။ ဇာတ်လမ်းတွဲကမ်းလှမ်းသမျှတိုင်းကို သေချာစိစစ်ပြီး သူနဲ့လိုက်ဖက်မှုရှိမှ ရွေးချယ်ပုံရပါတယ်။

Song Joong Ki


A werewolf boy, Descendants of the Sun လို ရုပ်ရှင်ဇာတ်လမ်းတွဲမျိုးတွေကို ရိုက်ခဲ့တယ်ဆိုမှတော့ Song Joong Ki ရဲ့ ဇာတ်လမ်းနဲ့ကာရိုက်တာ ရွေးချယ်မှုကို စာဖွဲ့ပြနေစရာတောင်မလိုတော့ပါဘူး။

ကိုရီးယားဇာတ်လမ်းတွဲတွေကတော့ ပရိတ်သတ်တွေအတွက် အကုန်ကြည့်လို့ကောင်းတာမို့ မင်းသားတွေအားလုံးကလဲ ရွေးချယ်မှုမှားတယ်ရယ်လို့တော့ မရှိပါဘူး။ အခုဖော်ပြထားတာကတော့ soompi သတင်းဌာနက ဖော်ပြချက်ဖြစ်ပါတယ်။

source: soompi
written: Dar Dar

Share