Categories: Celebrity News

‘Monster’ ရဲ့ပြင်းထန်တဲ့ ကကွက်တွေကြောင့် ဆေးဝါးကုသမှုပါခံယူခဲ့ရတဲ့ Irene

Red Velvet အဖွဲ့ရဲ့ အတော်ဆုံး dancer နှစ်ဦးဖြစ်တဲ့ Irene နဲ့ Seulgi တို့ကတော့ Monster သီချင်းနဲ့ sub-unit အဖြစ် ပွဲဦးထွက်ခဲ့တာဖြစ်ပြီး အမိုက်စား concept တွေ နားစွဲလွယ်ပြီးကောင်းမွန်တဲ့သီချင်းနဲ့ အင်အားအပြည့်သုံးရတဲ့ ပြင်းထန်တဲ့ကကွက်တွေနဲ့ မျော်လင့်ရကျိုးနပ်တဲ့ ပွဲဦးထွက်ဖြစ်ခဲ့တာမို့ ပရိတ်သတ်တွေ သဘောကျမဆုံးဖြစ်နေကြတာပါ။

ဒါပေမယ့် ပရိတ်သတ်ကို ဒီလိုပြီးပြည့်စုံကောင်းမွန်တဲ့ တင်ဆက်မှုမျိုးပြသနိုင်ဖို့ နောက်ကွယ်မှာအဖွဲ့ဝင်နှစ်ဦးရင်းနှီးခဲ့ရတာတွေ မနည်းပါဘူး။ ခက်ခဲပြီးပြင်းထန်တဲ့ ကကွက်တွေကို လေ့ကျင့်ရတာကြောင့် Irene ဟာဆိုရင် ဆေးကုသမှုပါခံယူခဲ့ရပါတယ်တဲ့။

Monster ရဲ့ အကောင်းမွန်ဆုံးအပိုင်းဖြစ်တဲ့ Irene တစ်ယောက် ခါးကိုအနောက်ဘက်ကို ပျော့ပျော့ပြောင်းပြောင်းလေး လှဲချလိုက်တဲ့အပိုင်းအတွက် Irene ဟာ သူ့ရဲ့ကျောရိုး၊ ခါး နဲ့ လည်ပင်းတွေအတွက် ကုသမှုတွေခံယူဖို့ ဆေးရုံကိုသွားခဲ့တယ်လို့ဆိုပါတယ်။ Irene လိုအကြောပျော့တဲ့ မိန်းကလေးအတွက်တောင် ခက်ခဲတဲ့ကကွက်ပါတဲ့။

ဘာပဲဖြစ်ဖြစ် နှစ်ယောက်လုံးရဲ့ချွေးစက်တွေကြားက ကြိုးစားမှုကတော့ အောင်မြင်မှုများစွာနဲ့ အရာထင်ခဲ့ပါပြီ။ Irene & Seulgi ရော Red Velvet တစ်ဖွဲ့လုံးရော ဒီထက်ပိုပြီး အောင်မြင်မှုတွေရရှိကြပါစေနော်။

(Zawgyi) ‘Monster’ ရဲ့ျပင္းထန္တဲ့ ကကြက္ေတြေၾကာင့္ ေဆးဝါးကုသမႈပါခံယူခဲ့ရတဲ့ Irene

Red Velvet အဖြဲ႕ရဲ့ အေတာ္ဆုံး dancer ႏွစ္ဦးျဖစ္တဲ့ Irene နဲ႔ Seulgi တို႔ကေတာ့ Monster သီခ်င္းနဲ႔ sub-unit အျဖစ္ ပြဲဦးထြက္ခဲ့တာျဖစ္ၿပီး အမိုက္စား concept ေတြ နားစြဲလြယ္ၿပီးေကာင္းမြန္တဲ့သီခ်င္းနဲ႔ အင္အားအျပည့္သုံးရတဲ့ ျပင္းထန္တဲ့ကကြက္ေတြနဲ႔ ေမ်ာ္လင့္ရက်ိဳးနပ္တဲ့ ပြဲဦးထြက္ျဖစ္ခဲ့တာမို႔ ပရိတ္သတ္ေတြ သေဘာက်မဆုံးျဖစ္ေနၾကတာပါ။

ဒါေပမယ့္ ပရိတ္သတ္ကို ဒီလိုၿပီးျပည့္စုံေကာင္းမြန္တဲ့ တင္ဆက္မႈမ်ိဳးျပသနိုင္ဖို႔ ေနာက္ကြယ္မွာအဖြဲ႕ဝင္ႏွစ္ဦးရင္းႏွီးခဲ့ရတာေတြ မနည္းပါဘူး။ ခက္ခဲၿပီးျပင္းထန္တဲ့ ကကြက္ေတြကို ေလ့က်င့္ရတာေၾကာင့္ Irene ဟာဆိုရင္ ေဆးကုသမႈပါခံယူခဲ့ရပါတယ္တဲ့။

Monster ရဲ့ အေကာင္းမြန္ဆုံးအပိုင္းျဖစ္တဲ့ Irene တစ္ေယာက္ ခါးကိုအေနာက္ဘက္ကို ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္းေလး လွဲခ်လိုက္တဲ့အပိုင္းအတြက္ Irene ဟာ သူ႔ရဲ့ေက်ာရိုး၊ ခါး နဲ႔ လည္ပင္းေတြအတြက္ ကုသမႈေတြခံယူဖို႔ ေဆး႐ုံကိုသြားခဲ့တယ္လို႔ဆိုပါတယ္။ Irene လိုအေၾကာေပ်ာ့တဲ့ မိန္းကေလးအတြက္ေတာင္ ခက္ခဲတဲ့ကကြက္ပါတဲ့။

ဘာပဲျဖစ္ျဖစ္ ႏွစ္ေယာက္လုံးရဲ့ေခၽြးစက္ေတြၾကားက ႀကိဳးစားမႈကေတာ့ ေအာင္ျမင္မႈမ်ားစြာနဲ႔ အရာထင္ခဲ့ပါၿပီ။ Irene & Seulgi ေရာ Red Velvet တစ္ဖြဲ႕လုံးေရာ ဒီထက္ပိုၿပီး ေအာင္ျမင္မႈေတြရရွိၾကပါေစေနာ္။

source: Koreaboo
written: Dar Dar

Share