Categories: Celebrity News

Kai ဟာ သူတို့အတွက် role model ပါလို့ ထုတ်ပြောဖူးတဲ့ boy idol များ

EXO ရဲ့ main dancer ဖြစ်တဲ့ Kai ကတော့ အစစအရာရာပြည့်စုံလွန်းသလို အရည်အချင်းကလဲ အတိုင်းထက်အလွန်ပြည့်ဝတဲ့ idol တစ်ဦးဖြစ်တာမို့ ပရိတ်သတ်တွေသာမက idol အချင်းချင်းတောင် လေးစားချစ်ခင်မှုကို ခံရပါတယ်။ Kai ဟာသူတို့ရဲ့ role model ပါလို့ တလေးတစားထုတ်ပြောခဲ့ဖူးတဲ့ idol တွေကတော့

Kang Danie, Ong Seung Woo


Wanna One အဖွဲ့ဝင်ဟောင်းတွေဖြစ်ခဲ့တဲ့ Kang Daniel နဲ့ Ong Seung Woo ကလဲ Kai ကို ဘေးစားအားကျရတဲ့ role model အဖြစ် ရွေးချယ်ခဲ့ရုံသာမက EXO ထဲမှာ အကြိုက်ဆုံးအဖွဲ့ဝင်အဖြစ်လဲ ရွေးချယ်ခဲ့ပါတယ်။ ‘Happy Together 3’ မှာပါဝင်ခဲ့တုန်းကဆိုရင် Kai ရဲ့ဆွဲဆောင်မှုရှိပုံကိုပါ ချီးကျူးခန်းဖွင့်ခဲ့ကြတာပါ ။

Taeyang (SF9)


SF9 ရဲ့ main dancer တစ်ဦးဖြစ်တဲ့ Taeyang ကလဲ အကနဲ့ပတ်သတ်ရင် Kai ဟာ သူ့အတွက် တကယ်ကိုလေးစားအားကျရတဲ့ role model ဖြစ်ရုံသာမက တစ်ချိန်ချိန်မှာ Kai လိုထူးချွန်တဲ့လူတစ်ယောက် ဖြစ်ချင်တယ်လို့တောင် စံထားရတဲ့သူပါတဲ့။

Jaemin, Jisung (NCT Dream)


SM လက်အောက်မှာ လေ့ကျင့်ပြီးပွဲဦးထွက်ခဲ့ကြတဲ့ ဂျူနီယာအရင်းအချာလေးတွေ ဖြစ်တဲ့ Jaemin နဲ့ Jisung ကလဲ အကနဲ့ပတ်သတ်ရင် Kai ဆီက အများကြီးသင်ယူခဲ့ရပြီး အနီးကပ်မြင်နေရတာမို့ ပိုလေးစားချစ်ခင်ပုံပါပဲ။ သူတို့ရဲ့ role model က ဘယ်သူလဲလို့မေးတိုင်း Kai လို့သာ မဆိုင်းမတွဖြေတတ်ကြပါတယ်။

P.K (MVP)


MVP ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ P.K ကလဲ Kai ကိုလေးစားအားကျပြီး role model အဖြစ် ရွေးချယ်ထားရုံသာမက Kai ကိုအားပေးတဲ့ အမာခံပရိတ်သတ်တစ်ဦးလဲဖြစ်ပြီး လူချင်းတွေ့ဆုံချင်တယ်လို့ ထုတ်ပြောခဲ့တဲ့ idol ပါ။ Idol အချင်းချင်းပေမယ့် တကယ်ကိုချစ်စရာကောင်းတဲ့ fanboy လေးလိုပါပဲ။

source: kpopmap
written: Dar Dar

Share