Categories: Celebrity News
ကမ္ဘာတစ်ဝှမ်း “iTunes Charts” တွေကို သိမ်းပိုက်ထားတဲ့ Red Velvet- Irene & Seulgi Sub-Unit
Red Velvet ရဲ့ ပထမဆုံး Sub-unit ကတော့ ပထမဆုံး သီချင်းမှာတင် အောင်မြင်မှုများစွာရရှိနေတာပါ။ ယခုဆိုရင် Irene နဲ့ Seulgi တို့ရဲ့ သီချင်းသစ် Monster ဟာ ကမ္ဘာတစ်ဝှမ်းက “iTunes Chart” တွေကို သိမ်းပိုက်ထားပါတယ်။
ဇူလိုင်လ (၆) ရက်နေ့မှာ Red Velvet-Irene & Seugi ရဲ့ ပထမဆုံး အယ်လ်ဘမ် “Monster” ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ထွက်ရှိခဲ့တဲ့အချိန်မှစလို့လည်း ” Album Chart” တွေရဲ့ နံပါတ် (၁) နေရာမှာ ရှိနေတာပါ။ သီချင်းသစ်ဖြစ်တဲ့ “Monster” ဟာလည်း “Music Chart” တွေရဲ့ ထိပ်ပိုင်းနေရာတွေမှာ ရှိနေခဲ့ပါတယ်။
ဒါ့အပြင် ကမ္ဘာအရပ်ရပ်က “iTunes Chart” တွေရဲ့ ထိပ်ဆုံးနေရာကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ “Monster” အယ်လ်ဘမ်ဟာ ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၄၅ နိုင်ငံရဲ့ “iTunes Chart” ရဲ့ နံပါတ် (၁) နေရာကို ရယူနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ “QQ Music” နဲ့ “Kugou Music” Chart တို့မှာလည်း ထိပ်ပိုင်းနေရာကို သိမ်းပိုက်ခဲ့ပါတယ်။
ပထမဆုံး Sub-unit ရဲ့ ပထမဆုံး အယ််လ်ဘမ် မှာတင် ရရှိထားတဲ့ အောင်မင်မှုတွေက မနည်းပါဘူး။ အားလုံးလည်း “Monster” သီချင်းသစ်ကို နားမထောင်ရသေးရင် နားထောင်လိုက်ကြပါအုံးနော်။
(Zawgyi) ကမ္ဘာတစ်ဝှမ်း “iTunes Charts” တွေကို သိမ်းပိုက်ထားတဲ့ Red Velvet- Irene & Seulgi Sub-Unit
Source: Soompi
Written: Gyi Gyi
Share