Categories: Celebrity News

တောင်ကိုရီးယား အနုပညာလောကထဲက နာမည်ကြီး သူငယ်ချင်းကောင်းများ (Part 1)

အနုပညာလောကထဲမှာ အတူတူသရုပ်ဆောင်ဖူးလို့ဖြစ်ဖြစ် ၊ အကျင့်စရိုက်တူလို့ပဲဖြစ်စေ ခင်မင်ရင်နှီးကြပြီး Bestfriends တွေလို့တောင်ပြောလို့ရတဲ့ ဆယ်လီသူငယ်ချင်းတွေ ရှိပါတယ်။ တစ်ဦးနှင့်တစ်ဦးလည်း support ပေးကြရင်း၊ သူငယ်ချင်းကောင်းတွေလို့ အများတွေအားကျရတဲ့အထိ ခင်မင်ရင်းနှီးကြတဲ့သူတွေပဲ ဖြစ်ပါတယ်။

1.Lee Dong Wook & Gong Yoo


Goblin ဇာတ်လမ်းတွဲမှာ အတူတူသရုပ်ဆောင်ကြရင်း ပိုမိုရင်းနှီးတဲ့ friendship တစ်ခုကိုရလာကြတဲ့ အာဂျူရှီးနှစ်ယောက်ပါ။ ဇာတ်လမ်းတွဲထဲမှာလည်း သူတို့နှစ်ဦးရဲ့ bromance ကလည်းကြည့်လို့ကောင်းခဲ့သလို ဇာတ်လမ်းတွဲပြီးခဲ့တဲ့နောက်ပိုင်းမှာလည်း တစ်ယောက်နှင့်တစ်ယောက် ဆက်လက် support ကြရင်း သူငယ်ချင်းကောင်းတွေအနေနှင့် ရှိနေခဲ့ကြတာပါ။

2.Park Seo Joon and V


ပရိတ်သတ်တွေကြားထဲမှာ နောက်ထပ်နာမည်ကြီး BFF အတွဲကတော့ Park Seo Joon နှင့် V တို့ပဲဖြစ်ပါတယ်။ Hwarang ကနေစလိုက်တဲ့ သံယောဇဉ်ဟာ အခုအထိတစ်ယောက်ကို တစ်ယောက်support ကြရင်း အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်နေခဲ့တာပါ။ BTS ရှိုးပွဲတွေဆိုရင်လည်း Park Seo Joon ကသွားရောက်အားပေးသလို၊ Park Seo Joon ၏ရုပ်ရှင်အသစ် ထွက်ရှိလာလျှင်လည်း V ကိုယ်တိုင် သွားရောက် support ပေးလေ့ရှိတယ်။

3.Kim Go Eum & Jung Ryeo Won


Kim Go Eum နှင့် Jung Ryeo Wonတို့ကသူငယ်ချင်းတွေ ဆိုတာကို သတိထားမိတဲ့သူနည်းပါတယ်။ ၂၀၁၉နှစ်လောက်ကမှ ပွဲတစ်ခုမှာအတူတူတွေလိုက်ရတော့မှ သူတို့နှစ်ယောက်ရဲ့ Friendship ကိုလူတွေကို သတိထားမိလာကြတာပါ။

4.IU & Kim Soo Hyun


၂၀၁၁ခုနှစ် Dream High ဇာတ်လမ်းတွဲမှာစခဲ့တဲ့ သူငယ်ချင်းဆက်ဆံရေး ဟာဆိုရင်တော့ အခုအချိန်အထိ တည်မြဲနေဆဲပါပဲ။ ၂၀၁၅ခုနှစ် The Producer မှာလည်း သူငယ်ချင်းနှစ်ယောက် ပြန်လည်ဆုံစည်းကြပြန်ပါသေးတယ်။

IU ရဲ့ Hotel Del Luna ဇာတ်လမ်းတွဲမှာလည်း Kim Soo Hyun ကစစ်ထဲကထွက်လာပြီးပြီးချင်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်အားဖြည့်ပေးခဲ့ပါသေးသည်။ ဇာတ်ကားသစ်ရိုက်ကူးနေလျှင်လည်း တစ်ယောက်နှင့်တစ်ယောက် Food truck၊ coffee truck တွေပို့ပေးကြရင်း သူငယ်ချင်းနှစ်ယောက် support ကြပါသေးတယ်။

5.Heechul (Super Junior) & Taeyeon (Girls’ Generation)


Super Junior ရဲ့ Heechul နှင့် Girls’ Generation ရဲ့ Taeyeon ကတော့ Kpop လောကထဲမှ ပြောမနာဆိုမနာ သူငယ်ချင်းတွေပါ။ တစ်ဦးနှင့်တစ်ဦးလည်း စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးတဲ့အပြင်၊ အချင်းချင်း suport လွန်းလို့ လူအများတောင်အားကျတဲ့ friendship တစ်ခုပါ။ Heechulကလည်း သူ့ရဲ့ချစ်သူ Momo နှင့်ပက်သက်တဲ့ အချစ်ရးကိစ္စတွေကိုလည်း Taeyeon နဲ့တိုင်ပင်လေ့ရှိတယ်လို့ ပြောဖူးပါတယ်။

6. Lee Min Ho နှင့် Woo Do Hwan


The King: The Eternal Monarch ဇာတ်လမ်းထဲမှာလည်း Lee Min Ho နဲ့ Woo Do Hwan တို့က ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ Onscreen သူငယ်ချင်းဖြစ်ရုံသာမက လက်တွေ့မှာပါ BFF တွေဖြစ်ခဲ့ပါတယ်။ မကြာသေးမီကပင် စစ်မှုထမ်းတော့မယ့် Woo Do Hwan ကို Lee Min Ho ကသွားရောက် အားပေးလိုက်ပါသေးတယ်။ Jeju ကျွန်းကိုတောင် သူငယ်ချင်းတွေအတူတူ ခရီးထွက်လိုက်ကြပါသေးတယ်လို့ သိရပါတယ်။

7.Yeo Jin Goo & Jungkook (BTS)


1997ခုနှစ်ဖွားတွေဖြစ်ကြတဲ့ Yeo Jin Goo နဲ့ Jungkookတို့ကလည်း သူငယ်ချင်းတွေလို့ သိရပါတယ်။ Yeo Jin Goo ရဲ့ Hotel Del Luna ရိုက်ကူးရေးလုပ်နေတုန်းကလည်းJungkook ကood truck ပို့ပြီးအားပေးခဲ့ဖူးပါတယ်။

သူငယ်ချင်းဆိုတာ အမှန်တကယ်တော့ ဘဝမှာရတောင့်ရခဲတဲ့ ဆုလဒ်တစ်ခုလို့ပြောရမယ်ထင်တယ်။ ကိုယ်နဲ့စိတ်တူကိုယ်တူ ပေါင်းနိုင်မယ့်သူငယ်ချင်းမျိုးတွေ့ဖို့ဆိုတာ မလွယ်ပါဘူး။ ပရိတ်သတ်ကြီးမှာရော ဘယ်လိုသူငယ်ချင်းမျိုးတွေရှိလဲ ပြောခဲ့ပါဦးနော်။

Source: Candyman
Written: Phoo Phoo

Share