Categories: Celebrity News

Kpop သမိုင်းမှာ ကြည့်ရှုသူ 900 millions ရရှိတဲ့ ပထမဆုံး Debut MV ဖြစ်လာတဲ့ ‘Boombayah’

Kpop လောကမှာ အောင်မြင်မှုတွေ တဝေဝေနဲ့ စံချိန်တွေအလီလီချိုးနေတဲ့ BLACKPINK ရဲ့ပွဲဦးထွက် MV ဖြစ်တဲ့ Boombayah ဟာ ပွဲဦးထွက် MV တွေထဲမှာ ပထမဆုံးအနေနဲ့ ကြည့်ရှုသူ 900 millions ရရှိတဲ့ MV အဖြစ် ဇူလိုင် ၁၀ ရက် ကိုရီးယားစံတော်ချိန် မနက် ၁၂:၅၀ မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ပွဲဦးထွက် MV တွေထဲမှာ ဒီလို views အရေအတွက်ကို ရရှိတဲ့ kpop အဖွဲ့မရှိခဲ့သလို BLACKPINK အဖွဲ့ကတော့ ဒီ view ကိုရရှိဖို့ MV စတင်ထွက်ရှိချိန် ၂၀၁၆ ဩဂုတ်လ ၈ ရက်နေ့ကနေ သုံးနှစ်ဆယ့်တစ်လနဲ့ နှစ်ရက်နီးပါးကြာမြင့်ခဲ့တာပဲဖြစ်ပါတယ်။

BLACKPINK ဟာ မကြာသေးခင်ကထွက်ရှိခဲ့တဲ့ How You Like That သီချင်းနဲ့လဲ ထွက်ရှိပြီးမကြာခင်မှာတင် ကမ္ဘာနဲ့ချီ စံချိန်တွေချိုးခဲ့ပါသေးတယ်။ ထပ်ဆောင်းလာတဲ့ အောင်မြင်မှုတွေအတွက်လဲ BLACKPINK နဲ့ BLINK တွေအားလုံးရဲ့ကိုယ်စား တကယ်ကိုဂုဏ်ယူပါတယ်နော်။

(Zawgyi) Kpop သမိုင်းမှာ ကြည့်ရှုသူ 900 millions ရရှိတဲ့ ပထမဆုံး Debut MV ဖြစ်လာတဲ့ ‘Boombayah’




source: soompi
written: Dar Dar

Share