Categories: Celebrity News

Han Seo Hee တစ်ယောက်ထိန်းချုပ်ခံထားရတဲ့ကာလအတွင်းမှာပင် ထပ်မံပြစ်မှုကျူးလွန်

Etoday ကနေထုတ်လွှင်တဲ့ report တစ်ခုမှာ Han Seo Hee ဟာ ရာမ (ရာဘ) သုံးပြုနေဆဲ ဖြစ်တယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပါတယ်။ ဒါဟာထိန်းချုပ်ခံထားရတဲ့ ကာလအတွင်းမှာပဲ နောက်ထပ်ဥပဒေကို ချိုးဖောက်လိုက်တာပါ။

သူမကိုတာဝန်ယူထားရတဲ့ အရာရှိကလည်း သူမကိုအကြောင်းမကြားပဲ ရုတ်တရက်ဆီးစစ်လိုက်တဲ့ အချိန််မှာတော့ ပေါ့စတစ် ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ၂၀၁ရခုနှစ်က Han Seo Hee ဟာ ရာမ (ရာမ) သုံးစွဲနေတာကြောင့် လေးနှစ်အထိန်းချုပ်ခံရမယ်ဆိုပြီး အမိန့်ချခံထားရသူပါ။ ဥပဒေအရလည်း သူမကို တစ်လတစ်ခါ သုံးမသုံးကို စစ်ဆေးနိုင်တယ်ဆိုပြီး ထွက်ရှိပြီးသားပါ။

ဒါကြောင့် အခုဇူလိုင် ၈ရက်နေ့မှာ စစ်ခဲ့တဲ့ test မှာသူမဟာ သုံးစွဲနေသေးကြောင်း သိလိုက်ရတာပါ။ အခုလိုထိန်းချုပ်ခံထားရတဲ့ ကာလအတွင်းမှာပဲ ထပ်မံ၍စည်းကမ်းချိုးဖောက်ခဲ့တာကြောင့် သူမကိုပြန်လည်ရုံးတင်စစ်မယ်လို့ သိရပါတယ်။ အဆိုးဆုံးအနေနှင့်ကတော့ ထောင်တောင်ကျနိုင်တယ်လို့ ပြောထားပါတယ်။ Han Seo Hee ဟာ ၂၀၁၇ လောက်က ပြသနာတက်ခဲတဲ့ T.O.P နှင့် B.I ရဲ့ scandal ကိုအဓိကဖြစ်စေခဲ့တဲ့ တရားခံတစ်ယောက်ဆိုလည်း ဟုတ်ပါတယ်။

Source: Koreaboo
Written: Phoo Phoo

Share