Categories: Celebrity News

ဟာသရုပ်ရှင်တစ်ခုအတွက် ကမ်းလှမ်းခံထားရတဲ့ Gong Myung နဲ့ Lee Yi Kyung

ဂွင်ချားနား ဂွင်ချားနား Lee Yi Kyung နဲ့ မင်းသားချော Gong Myung ကို ရုပ်ရှင်တစ်ခုထဲမှာ မြင်တွေ့နိုင်မယ့် အလားအလာ ရှိပါတယ်။ ဇူလိုင်လဆန်း မှာတော့ “6/45” လို့အမည်ပေးထားတဲ့ ဟာသရုပ်ရှင် တစ်ခုမှာ Gong Myung နဲ့ Lee Yi Kyung တို့ အတူတူ တွဲဖက်သရုပ်ဆောင်သွားမယ် ဆိုတဲ့သတင်းအများအပြား ထွက်ပေါ်ခဲ့ပါတယ်။

Gong Myung ရဲ့ အေဂျင်စီ Saram Entertainment ကတော့ Gong Myung ဟာ “6/45” ရုပ်ရှင်သစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရကြောင်း အတည်ပြုလိုက်ပြီး လက်ခံစဉ်းစားနေကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ Lee Yi Kyung ရဲ့ အေဂျင်စီ HB Entertainment မှလည်း မင်းသားဟာ ကမ်းလှမ်းမှုကို လေ့လာစဉ်းစားနေကြောင်း အတည်ပြုပေးခဲ့ပါတယ်။

“6/45” ရုပ်ရှင်ကတော့ Friendship comedy အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Park Gyu Tae မှ ရိုက်ကူးသွားမှာဖြစ်ပြီး TPS Company မှ ထုတ်လုပ်သွားမှာပါ။ ရုပ်ကူးရေးကိုတော့ ၂၀၂၀ စက်တင်ဘာလလယ်မှာ စတင်သွားမယ်လို့ သိရပါတယ်။

Gong Myung နဲ့ Lee Yi Kyung ကတော့ လတ်တလောမှာ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေအတွက် ကမ်းလှမ်းမှုများစွာ ရရှိနေတဲ့ မင်းသားများပါ။ ဒါ့ကြောင့် သူတို့နှစ်ယောက်ပါဝင်မယ့် ရုပ်ရှင်ကိုလည်း လူအများစုက မျှော်လင့်စောင့်စားနေကြတာပါ။

မင်းသားနှစ်ဖက်လုံးမှ ကမ်းလှမ်းမှုကို လက်ခံတဲ့အခါမှာတော့ ကောင်းမွန်တဲ့ ဟာသရုပ်ရှင်တစ်ခုကို ကြည့်ခွင့်ရမှာ သေချာနေပါတယ်။ “6/45” နဲ့ Gong Myung နဲ့ Lee Yi Kyung တို့ရဲ့ သတင်းကို ဆက်လက် နားစွင့်နေကြရအောင်နော်။

Source: Soompi
Written: Gyi Gyi

Share