Categories: Celebrity News

အနုပညာရှင်သူငယ်ချင်းတွေအတွက် ကိုယ်တိုင် Kimchi လုပ်ကျွေးခဲ့တဲ့ Park Min Young

ဖန်သားပြင်ထက်ကမင်းသမီးအလှလေး Park Min Young ကရုပ်ချောပြီး အနုပညာပါရမီပါတဲ့အပြင် အခြားထူးချွန်တဲ့အရာတွေလည်း ရှိပါသေးတယ်။အဲဒီထဲကတစ်ခုကတော့ ကင်(မ်)ချီလုပ်တာပါ။ မကြာသေးမီကပဲ သူမရဲ့ ကောင်းမွန်တဲ့ကင်(မ်)ချီလက်ရာကိုသူမသူငယ်ချင်းတွေမြည်းစမ်းခွင့်ရခဲ့ပါတယ်။

သူရဲ့ခင်မင်ရသူတွေဖြစ်တဲ့ EXO’s Sehun, Gugudan Sejeong, Lee Seung Gi နဲ့ Jessica Jung အစရှိသူတွေအတွက် အထူးကင်(မ်)ချီလုပ်နေတဲ့ ဗီဒီယိုကို သူမရဲ့ Youtube Channel မှာလည်းတင်ခဲ့ပါတယ်။ အခြားကင်ချီတွေလို မုန်ညင်းဖြူသီးသန့်မဟုတ်ပဲငရုတ်သီးတောင့်အကြီးတွေကိုပါ တကူးတက အပင်ပန်းခံပြီး ကင်(မ်)ချီစိမ်နေတာ ကြည့်ရင်းနဲ့တောင် သွားရေကျချင်စရာပါ။

ဒီလိုအပင်ပန်းခံပြီး လုပ်ပေးနေတာ Busted ဇာတ်လမ်းတွဲရိုက်ကူးစဉ်ကခင်ခဲ့တဲ့ သူငယ်ချင်းတွေနဲ့ Jessica Jung အတွက်ပဲဖြစ်ပါတယ်တဲ့။ Lee Seung Gi ကသူမကို ဂျိုဆွန်းခေတ်က စာဖိုမှုးကြီးနဲ့ နှိုင်းပြီး ချီးကျူးခဲ့ပြီး Sehun အတွက်လည်း ထပ်များရဦးမလားလို့ စရလောက်တဲ့ထိ စားကောင်းပုံပါပဲ။

Gugudan Sejeong ကလဲ Kimchi ကအရမ်းစားကောင်းလို့ ဝိတ်ချတဲ့အစီအစဉ် ပျက်ပါပြီတဲ့။ နာမည်ကျော်ဆယ်လီတွေပေမယ့် သူငယ်ချင်းသံယောဇဉ်က ပကာသနမပါပဲချစ်ဖို့ကောင်းလိုက်တာနော်။

Source: Koreaboo
written: Helra

Share