လူငယ်ဆန်တဲ့ ပေါ့ပေါ့ပါးပါး ကျောင်းသားဇာတ်လမ်းလေးတွေကိုဘယ်သူကသဘောမကျပဲရှိပါ့မလဲနော်။ ဒါ့အပြင် ကျောင်းသားဇာတ်လမ်းလေးတွေကိုကြည့်ပြီး နိုင်ငံရဲ့ ပညာရေးစနစ်ကိုလည်း တစ်နည်းတစ်ဖုံလေ့လာနိုင်ပါသေးတယ်။ မိမိရဲ့ နုပျိုဖြူစင်ခဲ့တဲ့ငယ်ဘဝကို ပြန်အမှတ်ရဖို့ ဒီလိုဇာတ်လမ်းလေးတွေက အကောင်းဆုံး ထောက်ပံ့ပေးဦးမှာနော်။
၁။ Dream High
၂၀၁၁ မှာထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပြီး Kirin Art High School ကဂီတပညာရှင် ၆ ဦးအကြောင်းကိုရိုက်ကူးထားတာပါ။ ဂီတအကြောင်း အခြေခံရိုက်ကူးထားပြီး Suzy, IU, Ok Taecyeon စတဲ့ kpop idol တွေပါဝင်ခဲ့တဲ့ ဇာတ်လမ်းတွဲမို့လို့ kpopper တော်တော်များများကတော့ အကျွမ်းတဝင်ရှိကြမှာပါ။
၂။ Boys Over Flower
အားလုံးရဲ့ F4 ဇာတ်လမ်းတွဲကလည်း ကျောင်းသားကားလေးပဲနော်။ နွမ်းပါတဲ့ Jan Di တစ်ယောက်ခမ်းနားတဲ့ Shinhwa ကျောင်းတော်ကြီးမှာ ဒုက္ခတွေခံခဲ့ရတဲ့အကြောင်း နဲ့ Gu Jun Pyo ဘယ်လိုကာကွယ်ပေးခဲ့သလဲဆိုတာတွေကို အားလုံးပဲ အမှတ်ရနေကြဦးမှာပါ။
၃။ Love Alarm
Love Alarm (Joalarm) ဆိုတဲ့ ဖုန်း application လေးကနေစခဲ့တဲ့ဇာတ်လမ်းပါ။ ဒီ app လေးက ကိုယ်ကိုသဘောကျတဲ့သူ ကိုယ့်အနီးအနားရောက်လာရင် alarm မြည်ပေးပြီး ကိုယ့်ကိုလူဘယ်နှစ်ယောက်သဘောကျနေလဲဆိုတာပါ ဖော်ပြတဲ့ app လေးပါ။ Kim Jo Jo (Kim So Hyun) နဲ့ Hwang Sun Oh (Song Kang), Lee Hye Young (Jung Ga Ram) ကတစ်ကျောင်းတည်းတက်နေကြတဲ့သူငယ်ချင်းဖြစ်ပြီးတော့သူတို့ကြားထဲကသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကိုလည်း ရင်မောဖွယ်ကြည့်ရမှာပါ။ Season 2 လည်းရိုက်ကူးနေပြီမို့ တူတူ စောင့်ကြည့်ကြမယ်နော်။
၄။ The Heirs
ခပ်ပေပေကျောင်းသားလေး Kim Tan ကိုရောမှတ်မိကြသေးလား? Character တိုင်းကိုပိုင်နိုင်တဲ့ Lee Min Ho ကကျောင်းသားဇာတ်ရုပ်ဖြစ်တဲ့ Kim Tan အနေနဲ့လည်းမိမိုက်နေတာပါပဲနော်။ Kim Tan Cha အမေရိကန်ပြည်ထောင်စုကို ပညာသင်ယူဖို့စေလွှတ်ခံခဲ့ရပြီး အဲဒီမှာ Cha Eun Sang (Park Shin Hye)စတွေ့ခဲ့တဲ့ အချစ်ဇာတ်လမ်းကလည်း လွမ်းမောစရာလေးပါ။ ထူးထူးခြားခြား Lee Min Ho ရော Kim Woo Bin ပါ ပါဝင်ခဲ့ပြီး Park Shin Hye, Krystal Jung စတဲ့နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ခဲ့လို့ လူကြိုက်များခဲ့တဲ့ ဇာတ်လမ်းလေးပါ။
၅။ Extraordinary you
Kim Hye Yoon, Ro Woon နဲ့ Lee Jae Wook တို့ပါဝင်ခဲ့တဲ့ Extraordinary You ကလည်း တစ်မူထူးတဲ့ ဇာတ်အိမ်လေးနဲ့ ချစ်စရာကျောင်းသားကားလေးပါ။ ချမ်းသာတဲ့ ၁၇ နှစ်အရွယ်ကျောင်းသူလေး Eun Dan Oh (Kim Hye Yoon) တစ်ယောက် သူမကိုယ်သူမ webtoon ကာတွန်း ထဲက ဒုတိယဇာတ်ဆောင်တစ်ဦးပဲဆိုတာသိရှိသွားတဲ့အခါ webtoon စာရေးဆရာရဲ့ သဘောအတိုင်းမဟုတ်ပဲ သူမအချစ်စစ်ကို သူမကိုယ်တိုင်ဘယ်လိုလိုက်ရှာခဲ့သလဲဆိုတာကို ပီပီပြင်ပြင်ရိုက်ကူးပြခဲ့ပါတယ်။
၆။ Reply 1997
1990 ကျော်ကာလကိုအခြေခံထားပြီး အဲ့အချိန်ကလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ H.O.T အဖွဲ့ကိုအသည်းစွဲကြိုက်တဲ့ Sung Shi Won (Jung Eun Ji) နဲ့ သူမရဲ့ သူငယ်ချင်းငါးယောက် ဘူဆန်မှာနေခဲ့တုန်းက အကြောင်းကိုရိုက်ကူးထားတာပါ။ အခြား reply စီးရီးတွေလိုပဲ သူတို့အသက် ၃၃ နှစ်ရှိဖြစ်တဲ့ ၂၀၁၂ မှာအားလုံးပြန်တွေ့ကြတဲ့အချိန် ငယ်ဘဝအကြောင်းပြောပြတဲ့ပုံစံမျိုးရိုက်ကူးထားပြီး အဖွဲ့ထဲက လက်ထပ်တော့မည့်အမည်မသိရတဲ့ ၂ ယောက်က ထုံးစံအတိုင်းဇာတ်လမ်းတွဲရဲ့မြှုပ်ကွက်လေးပါ။
၇။ School 2013
ဆရာ ဆရာမတွေနဲ့ ကျောင်းသားတွေကြားကဆက်ဆံရေးကိုအကောင်းဆုံဖော်ညွှန်းနိုင်ခဲ့တဲ့ဇာတ်လမ်းလေးပါ။ ကျောင်းအုပ်တွေကဖိနှိပ်ရင်တောင် ဆရာ ဆရာမတွေရဲ့ ကျောင်းသားတွေအပေါ်ထားတဲ့ မေတ္တာကိုပီပီပြင်ပြင်ရိုက်ပြခဲ့ပြီး ကျောင်းသားတွေက အပြင်ပိုင်းဆိုးရင်တောင် ဆရာမကောင်းအပေါ်မှာတော့ရိုသေတတ်တယ်ဆိုတာကို Lee Jong Suk, Kim Woo Bin နဲ့ Jang Na Ra တို့ကအကောင်းဆုံးပုံဖော်သွားနိုင်ခဲလို့ ကြည့်သင့်တဲ့ ဇာတ်လမ်းလေးပါ။
၈။ School 2017
Webtoon စာရေးဆရာမဖြစ်ချင်တဲ့ ကျောင်းသူလေး Ra Eun Ho (Sejeong) တစ်ယောက် သူမမလုပ်ခဲ့တဲ့ကိစ္စအတွက်မှားယွင်းစွပ်စွဲခံရပြီး အဲ့ဒါကလည်းကိစ္စသေးသေးမွှားမွှားမဟုတ်ပဲ ကျောင်းဂုဏ်သိက္ခာကို ထိခိုက်ရလောက်တဲ့ကိစ္စဖြစ်နေပြန်ပါတယ်။ သူမကို Student X လို့ခေါ်ပြီး ကျောင်းရဲ့ပြဿနာအိုးလေးအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ Jang Dong Yoon, Rawoon စတဲ့နာမည်ကြီးတွေလည်းပါဝင်ခဲ့တဲ့ဇာတ်လမ်းလေးပါ။
source: preview magazine
written: helra