Categories: Celebrity News

အောင်မြင်နေသူတွေဖြစ်ကြပေမယ့် G-Dragon နဲ့ပတ်သတ်ရင် fan ပါပဲဆိုတဲ့ အနုပညာရှင်များ

Kpop လောကရဲ့ ဘုရင်တစ်ဆူလို့တောင် တင်စားရမယ့် G-Dragon ကတော့ ပရိတ်သတ်တွေကိုသာမက ဂီတလောကသားအချင်းချင်းပါ လေးစားအားပေးရတဲ့သူပါ။ အခုချိန်မှာထိပ်တန်းအနုပညာရှင်ဖြစ်နေတဲ့ G-Dragon ရဲ့ fan တွေကတော့

Jungkook (BTS)


ဒီလိုမအောင်မြင်လာခင်ကတည်းက G-Dragon ကိုဆိုရင် အမြဲလေးစားအားကျကြောင်း မကြာခဏ ထုတ်ပြောလေ့ရှိတဲ့ G-Dragon ရဲ့ ဒီနာမည်ကျော်ပရိတ်သတ်လေးကတော့ အခုချိန်မှာ အအောင်မြင်ဆုံး boy group member တစ်ယောက်ဖြစ်နေပါပြီ။ GD ကတော့ သူ့ရဲ့ fanboy လေးအတွက် ပီတိဖြာပြီး ဂုဏ်ယူနေမှာ အသေအချာပါပဲ။

Bam Bam (GOT7)


နိုင်ငံရပ်ခြားကနေ kpop idol တစ်ယောက်ဖြစ်ဖို့ အိပ်မက်ကို G-Dragon ကြောင့် မက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ idol G-Dragon အတွက် စာပါရေးပေးဖူးပါတယ်။ အပြင်မှာလူချင်းတွေ့တော့လဲ ဘယ်လောက်စိတ်လှုပ်ရှားခဲ့လဲဆိုတာ အားလုံးအသိပါ။ Bam Bam ရဲ့ fanboy အိပ်မက်တွေကတော​့ GD နဲ့ ဖက်လှဲတကင်းပွေ့ဖက်နှုတ်ဆက်ရတဲ့အခါမှာ ပြည့်မြောက်သွားခဲ့ပါတယ်။

Han Ga In


နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ Han Ga In ဟာလဲ G-Dragon နဲ့ Big Bang ရဲ့အမာခံပရိတ်သတ်တစ်ဦးပါ။ သူမသာမက ခင်ပွန်းဖြစ်သူ မင်းသား Yeon Jung Hoon ကလဲ ကြိုက်နှစ်သက်အားပေးသူမို့ ဇနီးမောင်နှံနှစ်ယောက်လုံး Big Bang ရဲ့ concert တွေကို တက်ညီလက်ညီ သွားရောက်အားပေးလေ့ရှိပါတယ်တဲ့။

Kim Woo Bin


ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် မင်းသား Kim Woo Bin ကလဲ Mnet ရဲ့ M Countdown အစီအစဉ်မှာ G-Dragon နဲ့အတူ MC အဖြစ်ပါဝင်ဖို့ဖြစ်လာခဲ့တုန်းက ဂီတလောကသားမဟုတ်တဲ့ နာမည်ကျော်မင်းသားတစ်လက်ဖြစ်နေတာတောင် GD နဲ့ရင်းနှီးချင်ပါတယ်လို့ ရဲရဲဝံ့ဝံ့ ထုတ်ပြောခဲ့တဲ့သူပါ။

Lee Je Hoon


ဂီတနဲ့ပတ်သတ်ရင် ဝါသနာထုံပြီး Big Bang သီချင်းတွေကို ကြိုက်နှစ်သက်တယ်ဆိုတဲ့ မင်းသား Lee Je Hoon ကတော့ G-Dragon နဲ့ပထမဆုံး လူချင်းတွေ့ဖူးတဲ့ Infinite Challenge အစီအစဉ်မှာပဲ ခင်မင်ခဲ့ကြပြီး GD ဟာ မင်းသားကိုဖုန်းနံပါတ်လဲပေး Big Bang concert ကိုလဲ ဖိတ်ခေါ်ခဲ့တာကြောင့် ပျော်ရွှင်ခဲ့ရသူပါ။

Lee Joon (MBLAQ)


MBLAQ အဖွဲ့ဝင်ဟောင်း မင်းသား Lee Joon ကတော့ GD ကို အားကျပြီးအားပေးသူဖြစ်ကာ ယခင်က weekly idol အစီအစဉ်မှာ GD ကိုသဘောကျကြောင်းပြောခဲ့ပါတယ်။ဖုန်းကတစ်ဆင့် စကားပြောရတဲ့အခါ သူ့ခမျာအာရုံတောင် မစုစည်းနိုင် ဖြစ်ခဲ့ရပါတယ်။ Idol ဆိုတဲ့ဂုဏ်ပုဒ်ကို ခဝါချပြီး ကိုယ်အားပေးတဲ့ idol ရှေ့ရောက်သွားတဲ့ ပရိတ်သတ်လေး တစ်ယောက်လိုပါပဲ။

BeWhy


ကိုရီးယားရဲ့ အထင်ကရ ထိပ်တန်း rapper တစ်ဦး ဖြစ်တဲ့ BeWhy ဟာလဲ G-Dragon ကို လေးစားအားကျသူဖြစ်ပြီး အဲ့ဒီအကြောင်းပြချက်ကြောင့် YG မှာ audition ဖြေခဲ့သူပါ။ YG နဲ့လက်မတွဲဖြစ်ပေမယ့် GD နဲ့တော့ စင်မြင့်တစ်ခုတည်းမှာ ဖျော်ဖြေရတဲ့ နာမည်ကျော်တစ်ဦးဖြစ်လာပါတယ်။

Zion.T


သာမာန်အဆိုတော်တင်မဟုတ် ဂီတပညာရှင်လို့ အများကသတ်မှတ်ထားတဲ့ Zion.T ကတောင် GD ကသူ့ကို collabration လုပ်ဖို့ ကမ်းလှမ်းတဲ့ဖုန်းကိုရတော့ အပျော်လွန်ခဲ့ရပါတယ်တဲ့။ အခုတော့ သူတို့နှစ်ဦးဟာ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ပြီး သီချင်းကောင်းတွေလဲ အတူတကွဖန်တီးခဲ့ကြပါတယ်။

Haru


ဒါကတော့ အနုပညာရှင်မဟုတ်ပေမယ့် အထင်ကရ fan လေးပဲမို့ ထည့်သွင်းဖော်ပြလိုက်ပါတယ်။ GD ရဲ့ အေဂျင်စီက စီနီယာဖြစ်တဲ့ Epik High အဖွဲ့က Tablo ရဲ့ သမီးလေး Haru ကလဲ ငယ်ငယ်လေးတည်းက GD မှ GD အားပေးခဲ့တာကို Return Of Superman ပရိတ်သတ်တွေ သိပြီးသားဖြစ်မှာပါနော်။

တကယ်တော့ G-Dragon ရဲ့ celebrity fans တွေက ဒါအကုန်မဟုတ်သေးပါဘူး။ ငွေကြယ်ပွင့်တွေရဲ့ ငွေကြယ်ပွင့်လို့ ပြောရမယ့် GD ရဲ့ အမာခံပရိတ်သတ်တွေအကြောင်း နောက်လဲအလျဉ်းသင့်သလို ဖော်ပြပေးသွားဦးမှာပါ။

source: koreaboo
written: Dar Dar

Share