Categories: Celebrity News

ပထမဆုံးထုတ်လွှင်တဲ့အပတ်မှာ တော်သင့်ရုံ Rating နဲ့ကျေနပ်နေရတဲ့ Was it love? နဲ့ She Knows Everything

ဇူလိုင်လ ၉ ရက်နေ့မှာ စတင်ထုတ်လွှင့်ခဲ့တဲ့ JTBC ဒရမ်မာဖြစ်တဲ့ Was it love ရဲ့ rating ကထင်ထားသလောက်တက်မလာပဲ ပထမပတ်ပြီးဆုံးတဲ့ထိ rating ၂.၂% နဲ့ တန့်နေပါတယ်။ စုစုပေါင်း နှစ်ပိုင်းထွက်ရှိထားပြီး ပထမအပိုင်းရဲ့ rating က ၂% ဖြစ်လို့ အခုထိတော့နည်းတော့နည်းနေသေးပေမယ့် တိုးတက်မှုတော့ရှိလာတယ်လို့ဆိုရမှာပါ။

ဒီဒရမ်မာလေးက Song Ji Hyo ရဲ့ Romantic Comedy အမျိုးအစား ဒရမ်မာလေးဖြစ်ပြီး သမီးလေးကိုတစ်ယောက်တည်းပျိုးထောင်နေတဲ့ ရုပ်ရှင်ထုတ်လုပ်သူ Noh Ae Jung အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။

MBC က She Knows Everything ဆိုတဲ့ဇာတ်လမ်းတွဲဟာဆိုရင်လဲ စတင်ထုတ်လွှင့်တဲ့ ပထမနေ့က ၃.၂% rating တောင်ရရှိခဲ့ပြီးမှ ဒုတိယနေ့မှာ ၂.၉ အထိကျသွားခဲ့ပါတယ်တဲ့။

She Knows Everything ကတော့ တိုက်ခန်းတစ်ခုက လက်သည်မပေါ်တဲ့ လူသတ်မှုအကြောင်းရိုက်ကူးထားတာဖြစ်ပြီး Kang Sung Yun နဲ့ Jo Han San တို့ပါဝင်တဲ့ Mystery Drama လေးပါ။

ဒီ drama နှစ်ခုကိုတော့ ပရိတ်သတ်အကြိုက်လဲတွေ့နေပြီး အရမ်းမျှော်လင့်ထားတာမို့ ထင်သလောက် rating မရခဲ့ဘူးလို့ဆိုနိုင်ပေမယ့် အခုမှစတင်ထုတ်လွှင့်တာဖြစ်ပြီး သရုပ်ဆောင်တွေနဲ့ ဇာတ်လမ်းတွေက ရှယ်ဖြစ်တာကြောင့် နောက်ပိုင်းတွေမှာတော့ တက်လာမှာအသေအချာပါပဲ။

source: soompi
written: helra

Share