Categories: Celebrity News

ဒီနေ့ည OCN မှာ စတင်ထုတ်လွှင့်ပြသမယ့် Yoon Shi Yoon ရဲ့ ဇာတ်လမ်းတွဲသစ် ‘Train’

ပရိတ်သတ်အချစ်တော် မင်းသားချော Yoon Shi Yoon ကတော့ အချိန်အတန်ကြာ အနားယူပြီးတဲ့နောက်မှာ ပရိတ်သတ်တွေဆီကို ဇာတ်လမ်းတွဲသစ်နဲ့ပြန်လာပါပြီနော်။ ရိုမန့် အက်ရှင် ဇာတ်ရုပ်ပေါင်းစုံကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသားရဲ့ ဒရမ်မာသစ်ကတော့ ‘Train’ လို့ အမည်ရပြီး Sci-Fi Thriller အမျိုးအစားပါတဲ့။

ဇာတ်လမ်းဟာ parallel universe ရဲ့ သဘောတရားကို အခြေတည်ထားပြီး ကမ္ဘာနှစ်ခုရဲ့ ဖြစ်စဉ်တွေကို မှုခင်းအငွေ့အသက်တွေနဲ့ ရိုက်ပြမှာမို့ စိတ်ဝင်စားစရာဇာတ်လမ်းတွဲတစ်ပုဒ်ပါ။ Universe ‘A’ နဲ့ ‘B’ ကြားက သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းအစရှိတဲ့ကွာခြားချက်တွေကိုလဲ မြင်ရမှာပါ။

Yoon Shi Yoon အပါအဝင် သရုပ်ဆောင်တွေကလဲ universe နှစ်ခုလုံးမှာ ကာရိုက်တာနှစ်ခုနဲ့ သရုပ်ဆောင်ကြမှာဖြစ်ပြီး အမှုအခင်းအရှုပ်အထွေးတွေအပြင် CG effect မြိုင်မြိုင်ဆိုင်ဆိုင်နဲ့လဲ ကြည့်ရမှာပါတဲ့။ OCN ရုပ်သံလိုင်းကနေ ဒီညပဲစတင်ထုတ်လွှင့်မှာဖြစ်လို့ မြန်မာပရိတ်သတ်တွေလဲ မကြာခင်ဆိုကြည့်ရှုရလောက်ပါပြီနော်။

(Zawgyi) ဒီေန႔ည OCN မွာ စတင္ထုတ္လႊင့္ျပသမယ့္ Yoon Shi Yoon ရဲ့ ဇာတ္လမ္းတြဲသစ္ ‘Train’

ပရိတ္သတ္အခ်စ္ေတာ္ မင္းသားေခ်ာ Yoon Shi Yoon ကေတာ့ အခ်ိန္အတန္ၾကာ အနားယူၿပီးတဲ့ေနာက္မွာ ပရိတ္သတ္ေတြဆီကို ဇာတ္လမ္းတြဲသစ္နဲ႔ျပန္လာပါၿပီေနာ္။ ရိုမန႔္ အက္ရွင္ ဇာတ္႐ုပ္ေပါင္းစုံကို ပိုင္နိုင္စြာသ႐ုပ္ေဆာင္နိုင္တဲ့ မင္းသားရဲ့ ဒရမ္မာသစ္ကေတာ့ ‘Train’ လို႔ အမည္ရၿပီး Sci-Fi Thriller အမ်ိဳးအစားပါတဲ့။

ဇာတ္လမ္းဟာ parallel universe ရဲ့ သေဘာတရားကို အေျခတည္ထားၿပီး ကမၻာႏွစ္ခုရဲ့ ျဖစ္စဥ္ေတြကို မႈခင္းအေငြ႕အသက္ေတြနဲ႔ ရိုက္ျပမွာမို႔ စိတ္ဝင္စားစရာဇာတ္လမ္းတြဲတစ္ပုဒ္ပါ။ Universe ‘A’ နဲ႔ ‘B’ ၾကားက ေသဆုံးျခင္းနဲ႔ ရွင္သန္ျခင္းအစရွိတဲ့ကြာျခားခ်က္ေတြကိုလဲ ျမင္ရမွာပါ။

Yoon Shi Yoon အပါအဝင္ သ႐ုပ္ေဆာင္ေတြကလဲ universe ႏွစ္ခုလုံးမွာ ကာရိုက္တာႏွစ္ခုနဲ႔ သ႐ုပ္ေဆာင္ၾကမွာျဖစ္ၿပီး အမႈအခင္းအရႈပ္အေထြးေတြအျပင္ CG effect ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္နဲ႔လဲ ၾကည့္ရမွာပါတဲ့။ OCN ႐ုပ္သံလိုင္းကေန ဒီညပဲစတင္ထုတ္လႊင့္မွာျဖစ္လို႔ ျမန္မာပရိတ္သတ္ေတြလဲ မၾကာခင္ဆိုၾကည့္ရႈရေလာက္ပါၿပီေနာ္။

source: Soompi
written: Dar Dar

Share