ကိုရီးယားမှ K-pop အဆိုတော်များသည် နိုင်ငံတွင်းမှာသာမက တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ပါ ပရိတ်သတ်အများအပြား ရရှိထားသူများ ဖြစ်ကြပါတယ်။ K-pop ကိုကြိုက်နှစ်သက်သူများတွင် Hollywood မှ အနုပညာရှင်များစွာလည်း ပါဝင်ပါတယ်။ ထိုအထဲမှာမှ K-pop ရဲ့ အမာခံပရိတ်သတ်ဖြစ်တဲ့ Hollywood အနုပညာရှင် (7) ဦးအကြောင်းကို ဖော်ပြပေးသွားမှာဘဲဖြစ်ပါတယ်။
(1) Emma Stone
Emma Stone ဆိုတာကတော့ Amazing Spiderman ထဲက မင်းသမီးချောလေးပါ။ Emma Stoneဟာ Conan ပြပွဲတွင် သူမဟာ K-pop အဆိုတော် အဖွဲ့တစ်ခုဖြစ်တဲ့ 2NE1 ရဲ့အမာခံပရိတ်သတ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
2NE1 အဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေဟာ “global phemonenon” ဖြစ်သလို “မြင်ဖူးသမျှတင်ဆက်မှုတွေထဲမှာလည်း အကောင်းဆုံးဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါတယ်။
(2) Ansel Elgort
နှာခမ်းနီမလေးတွေအသည်းစွဲ Ansel Elgort ဟာလည်း BTS အဖွဲ့ရဲ့ အမာခံပရိတ်သတ်ပါ။ Ansel Elgort ဟာ BTS အဖွဲ့နှင့် ရင်းနှီးတဲ့မိတ်ဆွေများ မဖြစ်ခင်အချိန်တည်းက အမာခံ fanboy တစ်ယောက်ဖြစ်ခဲ့သူပါ။ Ansel Elgort ဟာ Baby Driver ဇာတ်ကားအတွက် ကိုရီးယားတွင် promoting လုပ်တဲ့အချိန်တည်းက BTS အဖွဲ့ရဲ့ ဖျော်ဖြေမှုတွေကို သဘောကျနေခဲ့တာပါ။
2017 ခုနှစ် American Music Awards တုန်းကလည်း BTS အဖွဲ့ဖျော်ဖြေတင်ဆက်နေမှုကို သဘောကျကြီး ဗီဒီယိုရိုက်နေတဲ့ Ansel Elgort ရဲ့ ဗီဒီယိုဖိုင်ဟာလည်း နာမည်ကြီးခဲ့ပါတယ်။
(3) Musician Khalid
Khalid ဆိုတာကတော့ ဂီတပညာရှင်တစ်ယောက်ပါ။ Khalid ဟာ ဖိလစ်ပိုင်မှာမေးမြန်းခဲ့တဲ့ MYX အင်တာဗျူး တစ်ခုမှာ သူဟာ BLACKPINK, NCT, and BTS တို့ကို ကြိုက်နှစ်သက်ကြောင်း ဖြေဆိုခဲ့ပါတယ်။
ထို့နောက် ကိုရီးယားရဲ့ ယဉ်ကျေးမှုနဲ့ တေးဂီတဆိုင်ရာ လုပ်ငန်းတွေကိုလည်း နှစ်သက်ကြောင်း ပြောကြားခဲ့ပါတယ်။ အကယ်၍ အခွင့်အရေးရမယ်ဆိုရင်လည်း ထိုအဖွဲ့တွေနဲ့ ပူးပေါင်းပြီးအနုပညာလုပ်ငန်းတွေ လုပ်ချင်ကြောင်းလည်း ပြောခဲ့ပါတယ်။
(4) Ezra Miller
Ezra Miller ဆိုတာကတော့ Justice League ထဲမှာ Flash အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားလေးဘဲ ဖြစ်ပါတယ်။ Ezra Miller ဟာ အင်တာဗျူး တစ်ခုမှာ သူဟာ K-pop ပရိတ်သတ် IRL ပါလို့ ဝန်ခံခဲ့ပါတယ်။ ပြီးတော့ Ezra Miller ဟာ PSY ရဲ့ “Gangnam Style” သီချင်းနဲ့လည်း cover dance ကထားပါသေးတယ်။
(5) Musician Lorde
Lorde ဆိုတာကတော့ ရုပ်ရည်ချောမောလှပတဲ့ ဂီတပညာရှင်မလေး တစ်ယောက်ဘဲ ဖြစ်ပါတယ်။ Lorde ဟာ CL ရဲ့ ပရိတ်သတ်ဖြစ်ကြောင်းကို အင်တာဗျူးများတွင်လည်း ဖြေကြားခဲ့ပါတယ်။ သူမရဲ့ တွစ်တာအကောင့်တွင်လည်း CL ကိုချစ်ခင်မြတ်နိုးကြောင်းကို ရေးသားထားပါတယ်။
တစ်ချိန်ကသူမအနေဖြင့် K-pop ကို အထက်တန်းကျောင်းတွင် သိခဲ့ကြောင်း၊ထိုမှတစ်ဆင့် သူမရဲ့သူငယ်ချင်းက 2NE1 နှင့် Girl Generation ကိုမိတ်ဆက်ပေးရာမှ သိခဲ့ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။ Lorde ကသူမအနေဖြင့် တစ်နေ့တွင် CL နှင့် အနုပညာအလုပ်တွေ လုပ်ချင်ကြောင်းကိုလည်း ပြောကြားထားပါတယ်။
(6) Sabrina Carpenter
အဆိုတော်မလေး Sabrina Carpenter ကလည်း K-pop ပရိတ်သတ်တစ်ဦး ဖြစ်ပါတယ်။ သူမဟာ K-pop အဖွဲ့တစ်ခုဖြစ်တဲ့ Red Velvet ကို ကြိုက်နှစ်သက်ကြောင်းကို “I used to like chocolate, but now I like red velvet” ဆိုပြီး တွစ်တာမှာပြောကြားခဲ့ပါတယ်။ သူမရဲ့ ဂျပန်ခရီးစဉ်မှာလည်း “Candy Pop” သီချင်းကို cover ပြန်ဆိုခဲ့ပါသေးတယ်။
(7) Chloe Moretz
မင်းသမီးချောလေး Chloe Moretz ကတော့ကိုရီယားနိုင်ငံသို့ သွားရောက်ပြီး ကိုရီယားစကား ပထမဆုံးပြောခဲ့သော မင်းသမီးလေးဖြစ်ပါတယ်။ သူမဟာ K-pop ရဲ့ fangirl ဖြစ်ကြောင်းကိုလည်း သက်သေပြခဲ့ပါတယ်။
Chole က MAMAMOO ကိုအလွန်နှစ်သက်ကြောင်းနှင့် Taller Than You သီချင်းကိုလည်း ကြိုက်ကြောင်းပြောကြားခဲ့ပါတယ်။ သူမသည် MAMAMOO အပြင် BIGBANG, CL နှင့် Taemin K-pop စသောအဖွဲ့များကိုလည်း ကြိုက်နှစ်သက်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါကတော့ ကိုရီယားနိုင်ငံရှိ K-pop ဂီတအဖွဲ့တွေကို အရမ်းနှစ်သက်ကြတဲ့ Hollywood အနုပညာရှင် (7) ဦးအကြောင်းကို ဖော်ပြပေးခဲ့တာဘဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း ဘယ်အဖွဲ့တွေကို နှစ်သက်တယ်ဆိုတာ comment မှာပြောခဲ့ပါဦးနော်။ စိတ်ဝင်စားစရာ ဒီအကြောင်းလေးကိုလည်း တခြားသူတွေသိအောင် ဝေမျှပေးပါဦးနော်။
Source: Chalk
Written: Pyae Phyo Naing