Categories: Celebrity News

My Unfamiliar Family ရိုက်ကွင်းကို Coffee Truck ပို့ပေးခဲ့တဲ့ Lee Jong Suk

ဇူလိုင် ၁ဝရက်နေမှာ မင်းသား Lee Jong Suk ကMy unfamiliar family ရှုတင်ရိုက်ကွင်းကို လက်ဆောင်ပို့ပေးခဲ့ပါတယ်။ ပါဝင်သရုပ်ဆောင်ကြတဲ့ Shin Jae Ha နှင့် Han Ye Ri တို့ကို အားပေးတဲ့အနေနဲ့ ကော်ဖီကား ( Coffee Truck) ပို့ပေးတာပါ။

” ကျွန်တော်ချစ်တဲ့ Shin Jae Ha နှင့် Han Ye Ri ပြီးတော့ My Unfamiliar Family တစ်ဖွဲသားလုံးအတွက် ” ဆိုပြီး နဖူးစည်းစာတန်းကြီးနဲ့ Coffee truck ကိုပို့ခဲ့ပါတယ်။ Lee Jong Suk က Shin Jae Ha နှင့်အတူ ၂၀၁၅ခုနှစ်က Pinocchio ဇာတ်လမ်းတွဲမှာ အတူတူသရုပ်ဆောင်ခဲ့ဖူးပါတယ်။

Lee Jong Suk က Shin Jae Ha နှင့်အတူ ၂၀၁၅ခုနှစ်က Pinocchio ဇာတ်လမ်းတွဲနှင့် While you are sleeping ရိုက်ကူးစဉ်တုန်းကလည်း ဆုံခဲ့ဖူးပါတယ်။Han Ye Ri နှင့်လည်း ၂၀၁၂ခုနှစ်က As One ရုပ်ရှင်ကို အတူတူရိုက်ကူးခဲ့ဖူးပါတယ်။ အဲ့အချိန်ကတည်းကစပြီး ရင်နှီးလာခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်ကို အခုထိ support ပေးနေတဲ့အတွက် သူတို့ရဲ့ခင်မင်မှုအတိုင်းအတာကိုတော့ ပရိတ်သတ်ကြီး ခန့်မှန်းလို့ရလောက်မယ် ထင်ပါတယ်။

လတ်တလောမှာတော့ Lee Jong Suk ကအများအကျိုးပြုဝန်ထမ်းအဖြစ် သူ့ရဲ့စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နေဆဲပါ။ ၂၀၁၉ခုနှစ်မတ်လက စတင်ခဲ့တာဆိုတော့ ၂၀၂၁ထဲမှာတော့ တာဝန်တွေပြီးဆုံးနိုင်ပါတယ်။

ဒါကြောင့် ၂၀၂၁ခုနှစ်ကျရင်တော့ Lee Jong Suk ရဲ့ဇာတ်လမ်းတွဲကောင်းတွေကို ပြန်မြင်ရနိုင်မှာပါ။ Lee Jong Suk ကိုလွမ်းနေတဲ့ ပရိတ်သတ်ကြီးအတွက် ဒီသတင်းကိုအလွမ်းဖြေလေးဖြစ်အောင် ဖော်ပြပေးလိုက်တာပါ။

Source: Soompi
Written: Phoo Phoo

Share