Categories: Celebrity News

Rating အမြင့်ဆုံးကိုတက်လာတဲ့ ‘Backstreet Rookie’ နဲ့ စတင်ပြသချိန်မှာ မျှော်မှန်း rating မရရှိခဲ့တဲ့ ‘Train’

SBS မှာ လက်ရှိထုတ်လွှင့်ပြသနေတဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ Backstreet Rookie ကတော့ အမျိုးမျိုးသော ဝေဖန်ပြစ်တင်သံတွေနဲ့အစပျိုးခဲ့ရတာကို ပရိတ်သတ်အားလုံးအသိပါ။ ဇာတ်ညွှန်းထဲမှာပါတဲ့ အကြောင်းအရာတွေဟာ ရုပ်သံထုတ်လွှင့်ဖို့ မလျော်ညီဘူးဆိုတဲ့အထိ ဝေဖန်ခံခဲ့ရပါတယ်။

ဒါပေမယ့် တစ်ပိုင်းနဲ့တစ်ပိုင်း rating ပိုပိုတက်လာခဲ့ပြီး နောက်ဆုံးထုတ်လွှင့်ခဲ့တဲ့အပိုင်းဟာ nationwide rating 5.5 တောင်ရရှိခဲ့ပြီး Backstreet Rookie စတင်ထုတ်လွှင့်ချိန်ကစတင်လို့ အမြင့်ဆုံးရရှိတဲ့ rating လဲဖြစ်ပါတယ်။ ဒီအပတ်ထုတ်လွှင့်ခဲ့တဲ့ နှစ်ပိုင်းရဲ့ ပျမ်းမျှ rating ကလဲ 8.7% ဖြစ်တာကြောင့် ပရိတ်သတ်အကြိုက်တွေ့နေပုံပါပဲ။

အခြား Drama တွေအနေနဲ့တော့ မနေ့ကမှ OCN ကစတင်ထုတ်လွှင့်တဲ့ ‘Train’ ဇာတ်လမ်းတွဲဟာ ပထမဆုံးအပိုင်းမှာ rating 1.4% သာရခဲ့ပါတယ်။ မျှော်မှန်းထားတာထက် နည်းတဲ့ rating ပေမယ့် သူ့ရှေ့ကထုတ်လွှင့်ခဲတဲ့ Team Bulldog လဲ ဒီလို rating နဲ့သာအစပြုခဲ့ရတာဖြစ်ပြီး နောက်ပိုင်းမှာ တဖြည်းဖြည်းတက်လာတာပါပဲ။

(Zawgyi) Rating အျမင့္ဆုံးကိုတက္လာတဲ့ ‘Backstreet Rookie’ နဲ႔ စတင္ျပသခ်ိန္မွာ ေမၽွာ္မွန္း rating မရရွိခဲ့တဲ့ ‘Train’

SBS မွာ လက္ရွိထုတ္လႊင့္ျပသေနတဲ့ ဇာတ္လမ္းတြဲျဖစ္တဲ့ Backstreet Rookie ကေတာ့ အမ်ိဳးမ်ိဳးေသာ ေဝဖန္ျပစ္တင္သံေတြနဲ႔အစပ်ိဳးခဲ့ရတာကို ပရိတ္သတ္အားလုံးအသိပါ။ ဇာတ္ညႊန္းထဲမွာပါတဲ့ အေၾကာင္းအရာေတြဟာ ႐ုပ္သံထုတ္လႊင့္ဖို႔ မေလ်ာ္ညီဘူးဆိုတဲ့အထိ ေဝဖန္ခံခဲ့ရပါတယ္။

ဒါေပမယ့္ တစ္ပိုင္းနဲ႔တစ္ပိုင္း rating ပိုပိုတက္လာခဲ့ၿပီး ေနာက္ဆုံးထုတ္လႊင့္ခဲ့တဲ့အပိုင္းဟာ nationwide rating 5.5 ေတာင္ရရွိခဲ့ၿပီး Backstreet Rookie စတင္ထုတ္လႊင့္ခ်ိန္ကစတင္လို႔ အျမင့္ဆုံးရရွိတဲ့ rating လဲျဖစ္ပါတယ္။ ဒီအပတ္ထုတ္လႊင့္ခဲ့တဲ့ ႏွစ္ပိုင္းရဲ့ ပ်မ္းမၽွ rating ကလဲ 8.7% ျဖစ္တာေၾကာင့္ ပရိတ္သတ္အႀကိဳက္ေတြ႕ေနပုံပါပဲ။

အျခား Drama ေတြအေနနဲ႔ေတာ့ မေန႔ကမွ OCN ကစတင္ထုတ္လႊင့္တဲ့ ‘Train’ ဇာတ္လမ္းတြဲဟာ ပထမဆုံးအပိုင္းမွာ rating 1.4% သာရခဲ့ပါတယ္။ ေမၽွာ္မွန္းထားတာထက္ နည္းတဲ့ rating ေပမယ့္ သူ႔ေရွ႕ကထုတ္လႊင့္ခဲတဲ့ Team Bulldog လဲ ဒီလို rating နဲ႔သာအစျပဳခဲ့ရတာျဖစ္ၿပီး ေနာက္ပိုင္းမွာ တျဖည္းျဖည္းတက္လာတာပါပဲ။

source: Soompi
written: Dar Dar

Share