ကမ္ဘာတစ်လွှားက နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲ BTS ကတော့ သီချင်းတွေကို ကိုရီးယားမှာဖန်တီးရုံတင်မကပဲ နိုင်ငံတကာအနုပညာရှင်တွေနဲ့ပါ ပူးပေါင်းပြီး သီချင်းတွေထုတ်လုပ် ဖျော်ဖြေခဲ့တာ မနည်းပါဘူး။ BTS နဲ့ western artist တွေကြားက အမိုက်ဆုံး collabration တွေကတော့…
Waste It On Me – Steve Aoki x Jungkook and RM
Kpop artist တွေနဲ့ collabrate လုပ်ရတာကို သဘောတွေ့ပုံရတဲ့ Steve Aoki ဟာ 2018 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ album ဖြစ်တဲ့ Neon Future III ရဲ့ Waste It On Me သီချင်းမှာလဲ BTS ရဲ့ Jungkook, RM တို့နဲ့ပူးပေါင်းခဲ့ပါတယ်။
Idol (Remix) -BTS x Nicki Manaj
BTS ရဲ့ 2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Idol သီချင်းဟာ နားစွဲလွယ်တဲ့ သီချင်းတစ်ပုဒ်ပါ။ အဲ့လိုကောင်းနေပြီးသားသီချင်းကိုမှ Nicki Manaj ရဲ့ အမိုက်စား rap နဲ့ featuring ပါဝင်လိုက်တဲ့အခါမှာတော့ remix ဗားရှင်းဟာလဲ တကယ်လို top hit တစ်ပုဒ်ဖြစ်ခဲ့ပါတယ်။
Champion – Fall Out Boy x RM
Fall Out Boy ရဲ့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Champion သီချင်းကို RM ရဲ့ rap နဲ့ပေါင်းစပ်ပြီး remix ဗားရှင်းအနေနဲ့လဲ ထွက်ရှိခဲ့ပါတယ်။ Emo အငွေ့အသက်တွေပြည့်နေတဲ့သီချင်းမှာ Kpop ကို ဖြည့်စွက်လိုက်တာမို့ ဂီတအမျိုးအစားအသစ်တစ်ခုလို ဆန်းသစ်ပါတယ်။
Change – RM x Wale
အာရှနဲ့ အမေရိကန် အကျော်အမော် rapper နှစ်ယောက်ရဲ့ ပူးပေါင်းဖန်တီးမှုဖြစ်ကာ bullying နဲ့ ခွဲခြားမှုတွေအကြောင်းပါဝင်ပြီး စက်ဆုပ်စရာလူမှုအသိုင်းအဝိုင်းကို တစ်ယောက်ချင်းစီစတင်ပြောင်းလဲကြမယ်ဆိုတဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ သီချင်းတစ်ပုဒ်ပါ။
A Brand New Day – BTS x Zara Larsson
Zara Larsson ရဲ့ချိုမြိန်သလို ပါဝါကောင်းတဲ့အသံနဲ့ V နဲ့ J-Hope ရဲ့တစ်မျိုး ဆွဲဆောင်မှုရှိတဲ့အသံနဲ့ ပေါင်းစပ်မှုဟာ နားဝင်ပီယံဖြစ်သလို electronic-pop သီချင်းကိုမှ ကိုရီးယားတူရိယာသံဖြည့်စွက်ထားတာက အတော်လေးဆွဲဆောင်မှုရှိပါတယ်။
Dream Glow – BTS x Charli XCX
Charli XCX ၂၀၁၇ ခုနှစ်မှာ BTS နဲ့တွေ့ပြီး release မလုပ်ရသေးတဲ့ သီချင်းတစ်ပုဒ်ကို collabrate လုပ်ဖို့ ကုန်ကြမ်းအဖြစ်ပေးခဲ့ပါတယ်။ အဲ့ဒီရဲ့ရလဒ်ကတော့ မတူညီတဲ့ vocal တွေကိုပေါင်းစပ်ထားတဲ့ သီချင်းကောင်းတစ်ပုဒ် ထွက်ရှိလာတာပါပဲ။
Best of Me – BTS x The Chainsmokers
ဒါကတော့ BTS အနေနဲ့ ကမ္ဘာကျော်တွေနဲ့ collabrate လုပ်တဲ့အထဲမှာ ပထမဆုံးလက်ရာ ဖြစ်ပါလိမ့်မယ်။ Kpop နဲ့ EDM ရဲ့တွဲဖက်မှုဟာလဲ မျှော်လင့်ထားတာထက် အများကြီးမိုက်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။
Boy With Luv – BTS x Halsey
‘Map of the Soul: Persona’ ဆိုတဲ့အယ်လ်ဘမ်ရဲ့ lead single ဖြစ်တဲ့ မြူးမြူးကြွကြွနဲ့ နားထောင်လို့ကောင်းတဲ့ Boy With Luv မှာလဲ Halsey ကို BTS နဲ့တွဲဖက်ပြီး မတူညီတဲ့ပုံစံသစ်လေးနဲ့တွေ့ခဲ့ရပါတယ်။ သီချင်းဟာကမ္ဘာတစ်ဝှမ်းမှာလဲ ကျော်ကြားခဲ့ပြီး ‘best of 2019’ lists တွေထဲမှာလဲ အခါခါပါဝင်ခဲ့တာပါ။
Mic Drop – BTS x Steve Aoki
၂၀၁၇ နိုဝင်ဘာလကထွက်ရှိခဲ့တဲ့ BTS ရဲ့ Mic Drop သီချင်းဟာလဲ Steve Aoki နဲ့ပြန်လည်ပူးပေါင်းဖန်တီးလိုက်တဲ့အခါ ထွက်ရှိလာတဲ့ remix ဗားရှင်းက BTS ကို kpop artists တွေထဲမှာ ပထမဆုံးဆိုတဲ့ စံချိန်များစွာကို ချိုးပေးနိုင်ခဲ့ပါတယ်။
Seoul Town Road – Lil Nas X x BTS
Lil Nas X ရဲ့အလွန်အမင်းအောင်မြင်တဲ့ Old Town Road သီချင်းရဲ့ Seoul Town Road ဗားရှင်းဟာလဲ လူကြိုက်များခဲ့ပြီး BTS ရဲ့ပထမဆုံး Grammy မှာဖျော်ဖြေခဲ့ရတဲ့ သီချင်းအဖြစ်လဲ မှတ်တမ်းဝင်ခဲ့ပါတယ်။