Categories: Celebrity News

EXO ကို အသည်းစွဲကြိုက်ကြတဲ့ နိုင်ငံတကာမှ အနုပညာရှင် ၅ ဦး

Top-chart သီချင်းများမှာသာမက Fancams တွေ၊ အင်တာနက်စာမျက်နှာ အများစုမှာ EXO ကနေရာယူထားပါတယ်။ သူတို့ရဲ့ ဒီလိုအောင်မြင်ဖို့ကိုလည်း ဘယ်လောက်တောင်ပေးဆပ်ခဲ့ရတယ်ဆိုတာ EXO Fan တွေအသိဆုံးဖြစ်မှာပါ။ ဒါကြောင့် သူတို့ကို အားပေးတဲ့ ပရိတ်သတ်တွေကလည်း သာမန်ပရိတ်သတ်တွေတင်မက အနုပညာရှင်တွေ အချင်းချင်းကပါ သည်းသည်းလှုပ်အားပေးကြပါတယ်။ အဲ့ထဲကမှ ထိပ်တန်း EXO-L အနုပညာရှင် ၅ ဦးကို‌ ဖော်ပြပေးလိုက်ပါတယ်။

၁။ Anne Curtis

၂၀၁၈ ဧပြီက မနီလာမှာကျင်းပခဲ့တဲ့ EXO ရဲ့ The ElyXion ဖျော်ဖြေပွဲမှာ သူမရဲ့ တွစ်တာကနေ LIVE လွှင့်ပြီး EXO ရဲ့ သီချင်းတွေကိုတောက်လျှောက်လိုက်ဆိုနေခဲ့ပါတယ်။ သူမက Hallyu ရဲ့ ပရိတ်သတ်အကြီးစားဖြစ်ပါတယ်။ သူမဟာ Goblin ရဲ့ ဇာတ်ဝင်သီချင်းဖြစ်တဲ့ Stay With Me ကနေ EXO ကိုစတင် ကြိုက်ခဲ့ပြီး သူမကိုယ်တိုင်သူမရဲ့ရှိုးတွေမှာ ပြန်လည်သီဆိုခဲ့ပါတယ်။

၂။ Vice Ganda

Vice Ganda က EXO ကို ဘယ်လောက်တောင် ကြိုက်လဲဆိုရင် တချို့ EXO-L တွေတောင် သိပြီးဖြစ်မယ်ထင်ပါတယ်။ EXO က သူ့ကို နေ့တိုင်းစိတ်ခွန်အားတွေပေးရုံသာမက သူတို့ရဲ့စတိုင်တွေကိုပါ အရမ်းနှစ်သက်တယ်လို့ဆိုပါတယ်။ သူအကြိုက်ဆုံးကတော့ Baekhyun ဖြစ်ပြီး ၂၀၁၈ မှာ Baekhyun ရဲ့ ကိုယ်ပိုင် Brand ဖြစ်တဲ့ Privé မှာ အမိုက်စားဖက်ရှင်ကို ဝတ်ဆင်ကာမော်ဒယ်လုပ်ခဲ့ပါသေးတယ်။

၃။ Jameson Blake

Jameson Blake ကတော့ EXO ရဲ့ အမိုက်စားကကွက်တွေကို အရူးအမူးကြိုက်သူပါ။ သူက EXO ရဲ့ ကကွက်တွေကို ပြန်လည်ကပြီး ဗီဒီယိုတွေကို ပြန်လည်မျှဝေတာဆိုရင် ထပ်တူကျလွန်းလို့ ပရိတ်သတ်တွေတောင် ချီးကျူးရပါတယ်။ သူ့ရဲ့ Growl နဲ့ Ko Ko Bop ဟာဆိုရင် နာမည်ကြီးတွေဖြစ်ပါတယ်။

၄။ Bela Padilla

Bela Padilla ကလည်း EXO ကို အရမ်းကြိုက်သူတစ်ယောက် ဖြစ်ပါတယ်။ သူမက အင်စတာဂရမ်မှာ EXO Hashtag ကို Follow လုပ်ခဲ့ပြီး Kai ရဲ့ SBS Gayo Daejun တင်ဆက်မှုကို အခုလို Caption နဲ့ပြန်လည်ဝေမျှခဲ့ပါတယ်။ “ဘာလို့ Kai က ဒီလောက်တောင် ပါရမီရှိပြီး၊ ချောမောလှပနေရတာလဲ။” ဆိုပြီးဖြစ်ပါတယ်။ ဒါ့အပြင် သူမက အင်စတာဂရမ်မှာ Love Shot ကို ပြန်လည်ကပြထားတဲ့ ဗီဒီယိုကို တင်ခဲ့ပါတယ်။

၅။ Inigo Pascual

Inigo Pascual ကတော့ သူအားကျရတဲ့ သူ့ရဲ့ Idol တွေရဲ့အောင်မြင်မှုမျိုးကိုရဖို့ ကြိုးစားနေတယ်ဆိုပါတယ်။ သူ EXO ကို ဘယ်လောက်ကြိုက်တယ်ဆိုတာကို အင်တာဗျူးတွေမှာ မကြာခဏပြောလေ့ရှိပြီး သူ့ကိုယ်တိုင်ကလည်း EXO ရဲ့ သီချင်းဖြစ်တဲ့ Sing For You ကို ပြန်လည်သီဆိုကာ ဝေမျှထားပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ သူက K-Pop နဲ့ပတ်သတ်တဲ့သတင်းတွေကို သူမ Share တော့ဘူးလို့ ပြောလာတာပါပဲ။ အကြောင်းကတော့ တချို့သော အစွန်းရောက် Fan တွေရဲ့ တိုက်ခိုက်မှုတွေကြောင့်လို့ ဆိုပါတယ်။

Source: Sinehub
Written: S.Kaung

Share