Categories: Celebrity News

တောင်ကိုရီးယားခရီးသွားလုပ်ငန်းအဖွဲ့အစည်းရဲ့ ၂၀၂၀ အတွက် Honorary Ambassador ဖြစ်လာတဲ့ ITZY

မကြာသေးမီကပဲ JYP entertainment ရဲ့မိန်းကလေးအဖွဲ့ဖြစ်တဲ့ ITZY ကို ကိုရီးယားခရီးသွားလုပ်ငန်းအဖွဲ့အစည်းရဲ့ Honorary Ambassador အဖြစ်ခန့်အပ်လိုက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Korea Tourism Organization လို့လည်းခေါ်တဲ့ ကိုရီးယားခရီးသွားလုပ်ငန်းအဖွဲ့အစည်းဟာ တောင်ကိုရီးယားယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းလက်အောက်မှာရှိပြီး ခရီးသွားလုပ်ငန်းတိုးတက်ဖို့ ရည်ရွယ်တဲ့ အဖွဲ့အစည်းတစ်ခုပါ။

ဒီအဖွဲ့အစည်းက နိုင်ငံခြားသားတွေကို ဆွဲဆောင်ဖို့အတွက် ထိပ်တန်း ကိုရီးယားအနုပညာရှင်တွေဖြစ်တဲ့ Bigbang, Exo, Yoona, Lee Min Ho, Lee Jong Suk, Song Joong Ki တို့နဲ့လည်း အရင်ကလက်တွဲခဲ့ဖူးပါတယ်။

၂၀၂၀ အတွက်တော့ ‘Our Hearts Are Always Open’ ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ITZY အဖွဲ့ကို သူတို့ရဲ့ ambassador အဖြစ်ကြေညာခဲ့ပါတယ်။ ITZY ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်နော်။

source: allkpop
written: helra

Share