Categories: Celebrity News

ဂင်းနစ် စံချိန်တင်ခဲ့ပြီး ရောင်းအားအများဆုံးဖြစ်လာတဲ့တဲ့ Xiao Zhan ရဲ့ Spotlight သီချင်း

Xiao Zhan တို့ကတော့ အောင်မြင်မှုတွေ တစ်ခုပြီး တစ်ခုရပြီး မှတ်တိုင်တွေလည်း ဆက်လက် စိုက်ထူနေပါတယ်။ ခုဆိုရင်တော့ Xiao Zhan ဟာ ဂင်းနစ်စံချိန်ပိုင်ဆိုင်သူပါ ဖြစ်လာပါပြီ။

Xiao Zhan ကတော့ သူ့ရဲ့ ၂၀၂၀ ဧပြီလမှာ ထွက်ရှိခဲ့တဲ့ Spotlight သီချင်းဖြင့် ဂင်းနစ်စံချိန်တင်ခဲ့တာပါ။ ဂင်းနစ်စံချိန်မှ ကြေညာချက် ထုတ်ပြန်လိုက်တာကတော့ Spotlight သီချင်းဟာ တရုတ်နိုင်ငံရဲ့ အချိန်တိုအတွင်း ရောင်းအားအများဆုံး Digital Single ဖြစ်ကြောင်း ထုတ်ပြန်ထားတယ်။

Spotlight ဟာ ၂၄ နာရီအတွင်း Download အရေအတွက် ၂၅.၄၈ သန်းထိရှိခဲ့ပါတယ်။ ဒါ့ကြောင့် ၂၄ နာရီအတွင်း တရုတ်ယွမ် ၇၆.၄၃ သန်း ပေးစွမ်းနိုင်ခဲ့ပါတယ်။ Spotlight သီချင်းဟာ ယခုဆိုရင် တရုတ်နိုင်ငံရဲ့ Download အရေအတွက် အများဆုံးရှိတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

နောက်ဆုံးရရှိထားတဲ့ စာရင်းများအရတော့ Spotlight ဟာ Digital copies ၃၆ သန်းကျော်ရောင်းအားရှိခဲ့ပါတယ်။ ဒါ့ကြောင့်လည်း Spotlight ဟာ ကမ္ဘာ့အရောင်းရဆုံး Digital သီချင်းစာရင်းမှာ နံပါတ် ၂ နေရာမှာရှိနေပါတယ်။ နံပါတ် ၁ နေရာမှာရှိနေတာကတော့ Ed Sheeran ရဲ့ Shape of You သီချင်းပါ။

Spotlight သီချင်းဟာ Inspirational သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ Xiao Zhan ပြောခဲ့တာကတော့ Spotlight ဟာသူ့ရဲ့ ပထမဆုံး R&B သီချင်းပါတဲ့။ အသံချိုချိုလေးနဲ့ သီဆိုထားတဲ့ Xiao Zhan ရဲ့ Spotlight သီချင်းဟာ တကယ်ကို နားထောင်သူအပေါင်းကို စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ Zhan Ge ရဲ့ Spotlight ကို နားမထောင်သေးရသေးဘူးဆိုလည်း နားထောင်လိုက်ကြပါအုံးနော်။

Source: Chin
Written: Gyi Gyi

Share