Categories: Celebrity News

၂၀၂ဝခုနှစ်မှာ စစ်မူထမ်းတာဝန် ပြီးဆုံးမယ့် Kpop Idol များ (သို့) ပိုမိုခန့်ငြားလာမည့် Oppa များ

နှစ်စဉ်နှစ်တိုင်းမှာတော့ ကိုရီးယားနိုင်ငံမှာ စစ်မှုထမ်းရတဲ့ Kpop Idol အရအေတွက်အများကြီး ရှိနေပါတယ်။ အဲ့လိုပဲ တာဝန်ပြီးဆုံးကြတော့မယ့် သူတွေလည်း ရှိပါတယ်။ ၂၀၂၀ ခုနှစ်ကတော့ Kpop idol အများစု စစ်မူထမ်းတာဝန်ပြီးဆုံးပြီး ပရိတ်သတ်တွေဆီပြန်လာတော့မယ့် နှစ်တနှစ်လို့ ပြောရပါမယ်။

Xportnews ရဲ့ထုတ်ပြန်ချက်အရ နာမည်ကြီး Idol အချို့ရဲ့ စစ်မှုထမ်းတာပြီးစီးမည့် ရက်အတိအကျကို သိလိုက်ရပါတယ်။ ကိုယ်ရဲ့ Idol တွေစစ်ထဲကထွက်လာမယ့်နေ့ကို သွားကြိုချင်တဲ့ လူတွေအတွက် အခုလိုထုတ်ပြန်ပေးထားတော့ အဆင်ပြေတာပေါ့နော်။

1. Changsub (BTOB)
BTOB အဖွဲ့ဝင် Changsub ကတော့ ၂၀၂ဝခုနှစ်၊ သြဂုတ်လ ၂၁ရက်နေ့မှာ စစ်မှုထမ်းတဲ့တာဝန် ပြီးဆုံးတော့မှာပါ။

2. CNU (B1A4)
B1A4 အဖွဲ့ဝင် CNU ကတော့ (သြဂုတ်လ ၂၈ရက်နေ့) မှာတာဝန်ပြီးဆုံးပါမယ်။

3.Yoseob (Highlight)
Yoseob ကတော့ ၃ဝရက်နေ့ သြဂုတ်လမှာစစ်မူထမ်းလို့ ပြီးစီးတော့မှာပါ။

4.Minhyuk (BTOB)
စက်တင်ဘာလ ၁၂ရက်နေ့မှာတော့ Minhyuk လည်းစစ်ထဲက ထွက်လာတော့မှာပါ။

5.Key (SHINee)
သူကတော့ အောက်တိုဘာ (7) ရက်နေ့မှာ တာဝန်ပြီးဆုံးပါပြီ။

6.Minho (SHINee)
Minho ကလည်း နိုဝင်ဘာ ၁၅ ရက်နေ့ဆိုရင် သူ့တာဝန်ပြီးဆုံးပါပြီ။

7.Xiumin (EXO)
Xiumin ကတော့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ စစ်မူထမ်းလို့ ပြီးတော့ပါမယ်။

8.Dongwoon (HIGHLIGHT)
သူရဲ့တာဝန်ကတော့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ပြီးဆုံးတော့မှာပါ။

9. Yoon Ji Sung
Ji Sung ကတော် စစ်ထဲကနေ ဒီဇင်ဘာ ၁၃ ရက်နေ့ဆို ပြန်ထွက်လာပါလိမ့်မယ်။

10.Dongwoo (INFINITE)
INFINITE အဖွဲ့ဝင် Dongwoo ရဲ့တာဝန်ကတော့ နိုဝင်ဘာလ ၁၅ ရက်နေ့အထိလို့ သိရပါတယ်။

Source: jazminmedia
Written: Phoo Phoo

Share