နိုင်ငံအရပ်ရပ်မှာ သိန်းချီတဲ့ပရိတ်သတ်တွေရှိနေတဲ့ BTS အဖွဲ့ရဲ့ အနာဂတ်နှင့်ပက်သက်ပြီးတော့လည်း အားလုံးကအရမ်းသိချင်နေပါတယ်။ လူအများစိတ်ဝင်စားနေကြကတော့ စာချုပ်အသစ်ချုပ်ခြင်း (Contract Renewal) နှင့် စစ်မှုထမ်းခြင်း (Military Service) နှင့်ပက်သက်ပြီး ဘယ်လိုရှေ့လျှောက်ဖြစ်လာမလဲဆိုတာပါပဲ။
တကမ္ဘာလုံးက ပရိတ်သတ်များ (သို့မဟုတ်) BTS နှင့်ပက်သက်ပြီးစိတ်ဝင်စားတဲ့သူတွေမှာ ရှိတတ်တဲ့အတွေးတစ်ခုကတော့ BTS ဟာဘယ်အချိန်အထိ အတူတူရှေ့ဆက်နိုင်မလဲ၊ တနည်းအားဖြင့် ဘယ်အချိန်မှာ Disband ဖြစ်နိုင်ချေရှိလဲ ဆိုတာပါ။
2018 ခုနှစ်မှာ BTS အဖွဲ့ဟာ BigHit Entertainment နှင့် နောက်ထပ် ခုနှနှစ်တာ(7years) စာချုပ်အသစ် ထပ်ချုပ်ခဲ့ပါတယ်။ သူတို့ဟာ ၂၀၁၃ ခုနှစ်မှာ Debut စဉ်ကချုပ်ခဲ့တဲ့စာချုပ်အပြီး ဒါဟာဒုတိယအကြိမ် BigHit Entertainment နဲ့လက်တွဲလိုက်တာပါ။
ဒီစာချုပ်ဟာဆိုရင်တော့ ၂၀၂၅ ခုနှစ်အထိဖြစ်ပြီး အဲ့နောက်ပိုင်းမှာဆိုရင်တော့ စာချုပ်အသစ်ပဲထပ်လုပ်ဖြစ်မလား၊ အခြား Entertainment တစ်ခုနှင့်လည်း လက်တွဲမလား စတာတွေကတော့ ဘယ်သူမှမသိနိုင်တဲ့ အနာဂတ်တွေပါ။
စစ်မှုထမ်းတဲ့ ကိစ္စနှင့်ပက်သက်လျှင်လည်း တောင်ကိုရီးယားရဲ့ဥပဒေအရ အမျိုးသားတိုင်း စစ်မှုထမ်းရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံကိုယ်စားပြု အားကစားသမားများ၊ ကျန်းမားရေးချို့တဲ့သူများ၊ Classical musicians အချို့သာ ဒီဥပဒေကနေ ကင်းလွတ်ခွင့်ရခဲ့တာပါ။
ဒါကြောင့် BTS အဖွဲ့ဝင်တွေလည်း စစ်မှုမဖြစ်မနေထမ်းရမှာပါ။ အသက်အကြီးဆုံးဖြစ်တဲ့ Jin ကနေစပြီးစစ်မှုထမ်းရမယ်ဆိုလျှင် အဖွဲ့ဝင်အားလုံးက စစ်မှုထမ်းပြီးမယ့်အချိန်ကတော့ ၂၀၂၅ ခုနှစ်လောက်ဖြစ်နိုင်တယ်လို့ အားလုံးကခန့်မှန်းထားကြပါတယ်။
ဒီနောက်ပိုင်းမှာတော့ BTS အနေနှင့် တစ်ယောက်ချင်းစီ Solo Artistအနေနှင့် ရပ်တည်မလား၊ သရုပ်ဆောင်လောကထဲကိုပဲကူးသွားကြမလား၊ BTS အနေနှင့်နောက်ထပ်စာချုပ်အသစ်ပဲ ထပ်လုပ်မလားဆိုတာကတော့ အားလုံးလည်း မသိနိုင်သေးတဲ့ အနာဂတ်တစ်ခုပါ။
ဘယ်လိုပဲဖြစ်ဖြစ် ပရိတ်သတ်တစ်ယောက်အနေနှင့်ကတော့ သူတို့အနားမှာအမြဲရှိနေပြီး အားပေးနေမှာပါ။ ပရိတ်သတ်တွေရော အခုဖော်ပြပေးလိုက်တဲ့ အကြောင်းအရာနှင့်ပက်သက်ပြီးရော ဘယ်လိုမြင်ပါသလဲ။ လွတ်လပ်စွာသဘောထား ကွဲလွဲပိုင်ခွင့်ရှိပါတယ်နော်။
Source: Capital FM
Written: Phoo Phoo