Categories: Celebrity News

India နိုင်ငံ၏ ဘာသာရေးနှင့် ယဉ်ကျေးမှုကို စော်ကားတယ်လို့ အပြောခံခဲ့ရသည့် Blackpink ရဲ့ How You Like that

Kpop နာမည်ကြီး Girl group တစ်ခုဖြစ်တဲ့ Blackpinkဟာ How You Like That comebackသီချင်း အသစ်နှင့် အောင်မြင်မှုတွေကို ဆက်တိုက်ရရှိနေတာပါ။ ဒါပေမဲ့ MV မှာပါဝင်ခဲ့တဲ့ sence တစ်ခုကြောင့် ဟိဒ္ဓူလူမျိုးအချို့ရဲ့ ဝေဖန်မှုကိုတော့ ခံနေရပါတယ်။

ဖြစ်ပုံကတော့ How You Like That ရဲ့ MV မှာ ဟိဒ္ဓူဘာသာဝင်တွေရဲ့နတ်ဘုရားလို့ပြောရမည့် Ganesha ရုပ်ထုကို ကြမ်းပြင်ပေါ်မှာ အလှပြထားတဲ့ ရိုက်ကွက်ပါလာခဲ့လို့ပါ။ Lisa ရဲ့ throne ပေါ်မှာထိုင်ပြီး rap ရွတ်နေချိန်မှာ အဲ့ရုပ်ထုကအနောက်မှာ ရှိနေခဲ့ပါတယ်။ အချို့ပရိတ်သတ်တွေကတော့ အဆိုပါရုပ်ထုကို ဖယ်ရှားပေးဖို့ တောင်ဆိုထားပါတယ်။

YG entertainment ကဒီပြသနာကို ဖြေရှင်းတဲ့အနေနှင့် အဲ့ဒီsence ကိုဖယ်ရှားလိုက်ပါတယ်။ ရုပ်ထုနေရာမှာလည်း အခြား အနက်ရောင် tank တစ်ခုကိုအစားထိုးလိုက်ပါတယ်။ Ganesha ရုပ်ထုဟာ ဆင်ဦးခေါင်းနှင့် Hindu ဘာသာဝင်အများစုတို့ ယုံကြည့်ကြတဲ့ နတ်ဘုရားရုပ်ထုတစ်ခုပါ။

ဒါကြောင့်လည်း YG entertainment အနေနှင့် တလေးတစားဖြေရှင်းပေးခဲ့တာပါ။ How You Like That ကတော့ ယနေ့အချိန်အထိ အောင်မြင်မှုတွေကို ဆက်တိုက်ရနေပြီး စံချိန်တွေလည်း တစ်ခုပြီးတစ်ခုချိုးနိုင်ခဲ့ပါတယ်။ နောက်ထပ်လည်း ဒီထက်အောင်မြင်မှုတွေ ဆက်တိုက်ရရှိနိုင်ပါစေ။

(Zawgyi) India နိုင္ငံ၏ ဘာသာေရးႏွင့္ ယဥ္ေက်းမႈကို ေစာ္ကားတယ္လို႔ အေျပာခံခဲ့ရသည့္ Blackpink ရဲ့ How You Like that

Kpop နာမည္ႀကီး Girl group တစ္ခုျဖစ္တဲ့ Blackpinkဟာ How You Like That comebackသီခ်င္း အသစ္ႏွင့္ ေအာင္ျမင္မႈေတြကို ဆက္တိုက္ရရွိေနတာပါ။ ဒါေပမဲ့ MV မွာပါဝင္ခဲ့တဲ့ sence တစ္ခုေၾကာင့္ ဟိဒၶဴလူမ်ိဳးအခ်ိဳ႕ရဲ့ ေဝဖန္မႈကိုေတာ့ ခံေနရပါတယ္။

ျဖစ္ပုံကေတာ့ How You Like That ရဲ့ MV မွာ ဟိဒၶဴဘာသာဝင္ေတြရဲ့နတ္ဘုရားလို႔ေျပာရမည့္ Ganesha ႐ုပ္ထုကို ၾကမ္းျပင္ေပၚမွာ အလွျပထားတဲ့ ရိုက္ကြက္ပါလာခဲ့လို႔ပါ။ Lisa ရဲ့ throne ေပၚမွာထိုင္ၿပီး rap ရြတ္ေနခ်ိန္မွာ အဲ့႐ုပ္ထုကအေနာက္မွာ ရွိေနခဲ့ပါတယ္။ အခ်ိဳ႕ပရိတ္သတ္ေတြကေတာ့ အဆိုပါ႐ုပ္ထုကို ဖယ္ရွားေပးဖို႔ ေတာင္ဆိုထားပါတယ္။

YG entertainment ကဒီျပသနာကို ေျဖရွင္းတဲ့အေနႏွင့္ အဲ့ဒီsence ကိုဖယ္ရွားလိုက္ပါတယ္။ ႐ုပ္ထုေနရာမွာလည္း အျခား အနက္ေရာင္ tank တစ္ခုကိုအစားထိုးလိုက္ပါတယ္။ Ganesha ႐ုပ္ထုဟာ ဆင္ဦးေခါင္းႏွင့္ Hindu ဘာသာဝင္အမ်ားစုတို႔ ယုံၾကည့္ၾကတဲ့ နတ္ဘုရား႐ုပ္ထုတစ္ခုပါ။

ဒါေၾကာင့္လည္း YG entertainment အေနႏွင့္ တေလးတစားေျဖရွင္းေပးခဲ့တာပါ။ How You Like That ကေတာ့ ယေန႔အခ်ိန္အထိ ေအာင္ျမင္မႈေတြကို ဆက္တိုက္ရေနၿပီး စံခ်ိန္ေတြလည္း တစ္ခုၿပီးတစ္ခုခ်ိဳးနိုင္ခဲ့ပါတယ္။ ေနာက္ထပ္လည္း ဒီထက္ေအာင္ျမင္မႈေတြ ဆက္တိုက္ရရွိနိုင္ပါေစ။

Source: SCMP
Written: Phoo Phoo

Share