Categories: Celebrity News

ဟန်ဆိုဟီးတစ်ယောက် ထောင်နန်းစံရမည့်အပေါ် တောင်ကိုရီးယားလူထု၏အမြင်

ဒီတစ်ခါလည်း ဟန်ဆိုဟီးတစ်ယောက် ခေါင်းကြီးပိုင်းသတင်းမှာ ပါလာပြန်ပါပြီ။ အဲ့ဒါကတော့ “ဒရပ်” သုံးစွဲမှုကြောင့် စောင့်ကြည့်ခံနေရတဲ့ကာလအတွင်းမှာပဲ နောက်တစ်ကြိမ်ထပ်သုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိလိုက်ရလို့ပါ။ 2017 ခုနှစ်မှာ ဟန်ဆိုဟီးဟာ ၄နှစ်တာစောင့်ကြည့်ခံရရန် အမိန့်ကျခဲ့ပါတယ်။

ဥပဒေအရ စောင့်ကြည့်ခံကာလအတွင်းမှာမှ နောက်တစ်ကြိမ် “ဒရပ်” သုံးစွဲတာ တွေ့ရှိခဲ့လျှင် ထောင်ဒဏ် (၃) နှစ်အပြစ်ကျခံရပါမယ်။ ဒါ့ကြောင့် ဒီတစ်ကြိမ်တော့ ဟန်ဆိုဟီးတစ်ယောက် ဘယ်လိုမှကိုယ်လွတ်ရုန်းလို့ မရနိုင်တော့ပါဘူး။ တောင်ကိုရီးယားပြည်သူအချို့ကိုလည်း ဒီကိစ္စနှင့်ပက်သက်ပြီး မေးမြန်းထားမှုကို ဖော်ပြပေးလိုက်ပါတယ်။

JerryRic ဆိုတဲ့ YouTube Channel တစ်ခုက ဟန်ဆိုဟီးနှင့် ပက်သက်ပြီး လူထုရဲ့အမြင်ကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ လူအတော်များများကတော့ ဟန်ဆိုဟီးတစ်ယောက်က ဘဝကိုနေချင်တိုင်းနေခဲ့တာပဲလို့ မှတ်ချက်ပေးခဲ့ကြပြီး ဟန်ဆိုဟီးထောင်ကျသင့်တယ်ဆို၍ အဖြေတစ်ခုတည်းသာ ထွက်ခဲ့ပါတယ်။

သူတို့ရဲ့ အဖြေအချို့က “အပြစ်လုပ်ထားရင်တော့ သေချာအပြစ်ကြွေးကိုဆပ်ရမှာပဲ”, “သူထောင်ထဲမှာ အချိန်အကြာကြီးနေဖို့ မျှော်လင့်တယ်” ..လူထုကိုပိုပြီးဒေါသထွက်စေတာက ဟန်ဆိုဟီးဟာ ဒုတိယအကြိမ်ပြစ်မှုကို ကျူးလွန်လိုက်လို့ပါ။ ဒါကြောင့်ပဲ လူတော်တော်များများက မခွင့်လွှတ်နိုင်ဖြစ်သွားကြတာပါ။

ဒါပေမဲ့ လူနည်းစုကလည်း “လူဆိုတာအမှားနှင့် မကင်းနိုင်တာမို့ ဒဏ်ငွေဆောင်ပြီး ထောင်တော့မကျသင့်ဘူးလို့” ဖြေထားကြပါသေးတယ်။ သို့သော်အများစုကတော့ ဟန်ဆိုဟီးထောင်ကျတာဟာ မှန်ကန်တဲ့တရားဥပဒေစိုးမိုးမှုကို ပြတာဖြစ်သလို ဒီပြသနာအိုး နောင်တရသွားမယ့် တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်လို့ ထင်တဲ့ပုံပါပဲ။

တကယ်လို့ထောင်မကျခဲ့ရင်တော့ သူမကနောက်တစ်ကြိမ်ထပ်ပြီး ကျူးလွန်နိုင်တယ်လို့လည်း ပြောဆိုထားကြပါတယ်။ ပရိတ်သတ်ကြီးရော ဘယ်လိုမြင်လဲ။ Comments မှာလွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့် ရှိပါတယ်နော်။

Source: Koreaboo
Written: Phoo Phoo

Share