ကိုရီးယားပရိတ်သတ်တွေဟာ အနုပညာရှင်တွေနဲ့ပတ်သတ်ရင် စံနှုန်းတွေမြင့်မားလွန်းပြီး LGBT နဲ့ပတ်သတ်ရင်လဲ အတော်လေးအကဲဆတ်ကြပါတယ်။ ဒါပေမယ့် ဒီ idol တွေကတော့ အနုပညာကိုရှေ့ထားပြီး ကာရိုက်တာနဲ့ပတ်သတ်လို့ အပြောအဆိုခံရမယ့်အဖြစ်တွေကို လျစ်လျူရှုကာ LGBT ဇာတ်ရုပ်တွေကို ရဲရဲဝံ့ဝံ့ပဲ သရုပ်ဆောင်ခဲ့ကြတာပါ။
၁။ Lee Joo Young
လက်တွေ့ဘဝမှာလဲ ပွင့်ပွင့်လင်းလင်းနဲ့ အလှအပစံနှုန်းတွေကို ဖောက်ထွက်ပြီး ယောက်ျားလေးဆန်ဆန်နေတတ်တဲ့ Lee Joo Young ကတော့ Itaewon Class ဇာတ်လမ်းတွဲမှာ transgender Ma Hyun Yi အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ Itaewon Class ဟာ သာမာန်ဇာတ်လမ်းတွဲတစ်ပုဒ်သာမက gender equality နဲ့ အခြားသောသာတူညီမျှမှုတွေကို မီးမောင်းထိုးပြခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။
၂။ Lee Gyu Hyung
ဒီမင်းသားကတော့Prison Playbook မှာ gay တစ်ယောက်အဖြစ် ရဲရဲဝံ့ဝံ့ဝန်ခံထားတဲ့ ကာရိုက်တာနဲ့ ပရိတ်သတ်ကိုအံ့ဩစေခဲ့ပါတယ်။ ‘ဒီဇာတ်ရုပ်ကတော်တော်လေး sensitive ဖြစ်တဲ့ issue မို့ သရုပ်ဆောင်တဲ့အခါမှာ စစ်မှန်ပြီးဖော်ရွေရိုးသားတဲ့ ပုံစံမျိုးပီသဖို့ ကြိုးစားခဲ့တယ်’ လို့ LGBT တွေအပေါ် အကောင်းမြင်စေချင်တဲ့ ဆန္ဒကိုလဲ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။
၃။ Lee Jong Won
XX ဆိုတဲ့ web drama လေးထဲမှာ Lee Jong Won ဟာ come out လုပ်ထားတဲ့ gay ဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ လူတစ်ယောက်ရဲ့ပျော်ရွှင်မှုဟာ သူ့ရဲ့စိတ်တိမ်းညွတ်မှုနဲ့မဆိုင်ပဲ gay တစ်ယောက်ရဲ့ ပျော်ရွှင်မှုအရင်းအမြစ်ကလဲ အခြားသူတွေလို ဝါသနာ သူငယ်ချင်းတွေဆီမှာပဲ မြစ်ဖျားခံကြောင်း ရိုက်ပြထားတာပါ။
၄။ Seohyun
တောင်ကိုရီးယားပြည်သူတွေရဲ့စံပြ မိန်းကလေး Seohyun ကိုယ်တိုင် LGBT ဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့တာက ကိုရီးယား LGBT လောကအတွက် အရွေ့တစ်ခုပါ။ Hello Dracula ဇာတ်လမ်းထဲမှာတော့ မိခင်အလိုကျတစ်ဘဝလုံးနေပြီးပေမယ့် သူ့ရဲ့ lesbian ဆိုတဲ့ဖြစ်တည်မှုကို မိခင်ကလက်မခံတာကြောင့် ဘယ်လိုတွေရှေ့ဆက်ရင်ဆိုင်မလဲဆိုတာ ရိုက်ပြထားတာမို့ ကြည့်သင့်ပါတယ်။
၅။ Moon Bin
ကလေးဘဝတည်းက သရုပ်ဆောင်အဖြစ် အချစ်ခံခဲ့ရသလို လက်ရှိမှာအောင်မြင်နေတဲ့ Astro အဖွဲ့ဝင်ဖြစ်တဲ့ Moon Bin ကလဲ Moment At Eighteen ဆိုတဲ့ကျောင်းသား ဇာတ်လမ်းတွဲမှာ သူ့ရဲ့ဖြစ်တည်မှုကို အရဲစွန့်ပြီး သူငယ်ချင်းကောင်မလေးကို ဖွင့်ပြောခဲ့တဲ့ gay ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ ဒီဇာတ်ရုပ်ကြောင့် အစွန်းရောက် fan တွေရဲ့တိုက်ခိုက်မှုကို ခံရနိုင်ပေမယ့် မမှုခဲ့ပါဘူး။
၆။ Kim Jin Woo
Graceful Family ရဲ့အရှုပ်တော်ပုံတွေထဲမှာ အံ့အားသင့်စရာ plot twist တစ်ခုကတော့ ရှေးရိုးလဲစွဲ ရှုပ်လဲရှုပ်ထွေးတဲ့ ထိပ်တန်းသူဌေးမိသားစုကြီးရဲ့ ဆက်ခံသူအဖြစ်အလားအလာရှိတဲ့ သားကြီး Mo Wan Joon က transgender တစ်ယောက် ဖြစ်နေတဲ့ဆိုတဲ့အချက်ပါ။ အဲ့ဒီဇာတ်ရုပ်ကိုတော့ မင်းသား Kim Jin Woo ကပါဝင်သရုပ်ဖော်ထားပါတယ်။
source: south china morning post
written: Dar Dar