Zhan Ge ရဲ့ပရိသတ်တွေအတွက် သတင်းကောင်းလေးပါ။ Zhan Ge ကိုလွမ်းနေတဲ့ အလွမ်းတွေမကြာခင် ပြေရတော့မှာပါနော်။ Xiao Zhan ရဲ့ 2020 မှာ ထွက်ရှိမယ့် ဇာတ်လမ်းတွေ ၃ ခုရှိပါတယ်။ ဒီဇာတ်လမ်းတွဲတွေကို ဖော်ပြပေးလိုက်ပါတယ်။
1. The Oath of Love
The Oath of Love ကတော့ Tencent Video ရဲ့ ဇာတ်လမ်းတွဲပါ။ Xiao Zhan ကိုတော့ ဆရာဝန်လေး Dr. Gu အဖြစ်နဲ့တွေ့ရမှာပါ။ ဂျူတီကုတ်လေးနဲ့ ချောမောခန့်ညားနေမှာတော့ အသေအချာပါပဲနော်။ တွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသမီးကတော့ Go Go Squid ရဲ့ Yang Zi ဖြစ်ပါတယ်။ အပိုင်းတစ်ပိုင်းကတော့ ၄၅ မိနစ်ကြာမှာဖြစ်ပြီး ၃၂ ပိုင်းထုတ်လွှင့်ပြသသွားမှာပါ။
မူလက 2020 နိုဝင်ဘာလ မှာ ထုတ်လွှင့်ပြသမယ်လို့ သတင်းထွက်ခဲ့တာပါ။ မကြာသေးမီက Tencent ရဲ့ ဇူလိုင်၊ ဩဂုတ်လနဲ့ စက်တင်ဘာလအတွင်း စတင်ပြသမယ့် ဇာတ်လမ်းတွဲ စာရင်းထဲမှာတော့ The Oath of Love ပါလာပါတယ်။ ဒါ့ကြောင့် Dr. Gu ကို မြင်တွေ့ရဖို့ သိပ်မကြာတော့ပါဘူး။
2. Douluo Continent
Douluo Continent ကလည်း Tencent ရဲ့ ဇာတ်လမ်းတွဲပါပဲ။ Xiao Zhan ကို လူစွမ်းကောင်းလေး Tang San အဖြစ်တွေ့ရမှာပါ။ တွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသမီးကတော့ Wu Xuan Yi ဖြစ်ပါတယ်။
အပိုင်းတစ်ပိုင်းစီရဲ့ ကြာချိန်ကတော့ ၄၅ မိနစ်ဖြစ်ပြီး အပိုင်း ၄၀ ထုတ်လွှင့်ပြသသွားမှာပါ။ Douluo Continent ကလည်း Tencent ရဲ့ ဇူလိုင်၊ ဩဂုတ်လနဲ့ စက်တင်ဘာလအတွင်း စတင် ပြသမယ့် ဇာတ်လမ်လမ်းတွဲစာရင်းမှာ ပါဝင်နေပါတယ်။
3. The Wolf
The Wolf ကတော့ တန်ခေတ်နောက်ခံဇာတ်လမ်းတွဲပါ။ iQiyi မှ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ Xiao Zhan ရဲ့ ဇာတ်ကောင်နာမည်ကတော့ Ji Chong ပါ။ တစ်ပိုင်းစီရဲ့ ကြာချိန်ကတော့ ၄၅ မိနစ်ဖြစ်ပြီး ၄၈ ပိုင်းထုတ်လွှင့်ပြသသွားမှာပါ။ ၂၀၂၀ အတွင်းထုတ်လွှင့်ပြသမယ်လို့ အတည်ပြုခဲ့တဲ့ အတွက် The Wolf ဇာတ်လမ်းတွဲရဲ့ Xiao Zhan ကိုလည်း မြင်တွေ့ရဖို့ မကြာတော့ပါဘူးနော်။
၂၀၂၀ ရဲ့ ကျန်ရှိတဲ့ ၆ လအတွင်းမှာ Zhan Ge ကို မြင်တွေ့နိုင်တဲ့ ဇာတ်လမ်းတွဲ ၃ ခုရှိပါတယ်။ Zhan Ge ရဲ့ ကြိုးစားမှုတွေကို တဝကြီး မြင်တွေ့ရအုံးမှာပါ။ ဇာတ်လမ်းတွဲ ၃ ခုလုံးလည်း ထိပ်တန်းအောင်မြင်မှုတွေ ရရှိပြီး Xiao Zhan လည်း ဆထပ်တစ်ပိုး အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Sourc: My Drama List
Written: Gyi Gyi