ကိုယ်ရဲ့သူငယ်ချင်းကို ချစ်မိလို့ ဖွင့်ပြောဖို့အတွက် ဝန်လေးနေတဲ့သူတွေရှိကြမှာပါ။ သူငယ်ချင်း သံယောဇဉ်ပြတ်သွားမှာ စိုးရိမ်လို့ပဲဖြစ်ဖြစ်၊ သူမုန်းသွားမှာကြောက်လို့ပဲဖြစ်ဖြစ် ဖွင့်ပြောဖို့ဝန်လေးနေကြတဲ့ အဖြစ်မျိုးတွေ Kdrama ထဲမှာလည်းရှိပါတယ်။ အခုဖော်ပြပေးမယ့် ဇာတ်လမ်းတွဲတွေထဲမှာ ကိုယ်နဲ့အဖြစ်နဲ့တူနေတဲ့ Characters တွေပါမပါကို ကြည့်လိုက်ရအောင်။
1.Weightlifting Fairy Kim Bok Joo
အသက် ၂၀ ကျော် အလေးမအားကစားသူလေး Kim Bok Joo နှင့် သူမကိုချစ်နေတဲ့ ရေးကူးချန်ပီယံလေး Jung Joon Hyung တို့ကြားက Friends to Lovers ကိုပြောင်းလဲသွားကြတဲ့ ချစ်စရာ Relationship တစ်ခု။ Jung Joon Hyung ရဲ့ငယ်ငယ်ကတည်းက ချစ်ခဲ့ရတဲ့အချစ်ဦး Kim Bok Joo အပေါ်နားလည်မှုတွေ၊ ပေးဆပ်မှုတွေကို မြင်ရမှာပါ။
ဘေးနားကနေ ကိုယ့်ရဲ့လိုအပ်ချက်တွေကို အမြဲဖြည့်ဆည်းပေးနေတာမျိုး၊ ကိုယ့်ရဲ့တစ်မျက်နှာပဲ ကြည့်နေတတ်တဲ့ ချစ်သူဆိုရင်တော့ Jung Joon Hyung ကိုလက်ညှိးထိုးရမှာပါပဲ။ ကြည့်ရတဲ့သူတွေပါ သူငယ်ချင်းကနေ ချစ်သူဖြစ်သွားလည်း ကောင်းတာပဲလို့ အတွေးဝင်စေသွားမယ့် ဇာတ်လမ်းတွဲလေးပါ။
2.Fight For My Way
ငယ်ငယ်ကတည်းက အတူူတူကြီးပြင်းလာခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Ko Dong Man နဲ့ Choi Ara ကြားမှာ မထင်မှတ်ပဲ သူငယ်ချင်းထက်ပိုတဲ့ ခံစားချက်တွေဖြစ်လာခဲ့တဲ့အခါမှာတော့ အားလုံးပြောင်းလဲသွားခဲ့တယ်။ တစ်ယောက်နှင့်တစ်ယောက် အတွင်းသိအဆင်းသိ ခင်မင်ပြီးကာမှ ချစ်သူတွေဖြစ်လာတဲ့နောက်ပိုင်းမှာ သူတို့နှစ်ယောက်ရဲ့အလွဲတွေ၊ ချစ်စရာကောင်းမှုတွေကို ပရိတ်သတ်တွေ တကယ်ပဲသဘောကျခဲ့ရတယ်။
ဒါ့အပြင် Fight For My Way ဇာတ်လမ်းတွဲက အချစ်အကြောင်းကိုပဲ ရိုက်ကူးထားတာ မဟုတ်ပါဘူး။ လူငယ်တွေ ကိုယ်ရဲ့အိမ်မက်အပေါ်ယုံကြည်ဖို့၊ ဇွဲ့မလျှောတတ်ဖို့၊ ကြိုးစားဖို့ စတာတွေကိုပါ အတုယူစရာကောင်းအောင် ပုံဖော်ထားတဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။ ကြိုတင်ခန့်မှန်းလို့မရတဲ့ ဘဝကြီးမှာ နှာချီးတွဲလောင်းအရွယ်ထဲက ကိုယ်နဲ့ပေါင်းခဲ့တဲ့ ငယ်သူငယ်ချင်းကြီးကလည်း ကိုယ့်ရဲ့ချစ်သူဖြစ်သွားနိုင်တယ်နော်။
3.20th Century Boy and Girl
ငယ်သူငယ်ချင်းတွေဖြစ်တဲ့ Sa Jin Jin နှင့် Gong Ji Won တို့အရွယ်ရောက်မှ ပြန်ဆုံစည်းခဲ့ကြတယ်။ တစ်ယောက်က အောင်မြင်နေတဲ့ မင်းသမီး၊ နောက်တစ်ယောက်ကတော့ ရင်းနှီးမြုတ်နှံရေးဘဏ်ဝန်ထမ်းတစ်ဦး ဖြစ်နေတာပါ။ ဒီဇာတ်လမ်းတွဲမှာတော့ သူငယ်ချင်းကနေ ချစ်သူဖြစ်ဖို့ အဓိကလိုအပ်ချက်က ဘယ်အချိန်မှာပဲဖြစ်ဖြစ် သူ့ဘေးနားမှာရှိနေဖို့ရယ်၊ တစ်ဦးနှင့်တစ်ဦး ဂရုစိုက်ပြီးသည်းခံတတ်ဖို့်ရယ် ပဲဖြစ်ပါတယ်။
မင်းသားရဲ့အချစ်က တစ်ဖက်မိန်းကလေးရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုလည်း လေးစားတတ်ပြီး ဝင်ရောက်စွက်ဖက်မှုမရှိဘဲနှင့် ပေးဆပ်ပြီးချစ်တတ်တဲ့ အချစ်မျိုးပါ။ ဒီလိုမျိုးနားလည်ပေးနိုင်မှုတွေဟာ သူငယ်ချင်းအဆင့်ကနေ တဖြည်းဖြည်း ချစ်သူဖြစ်သွားလို့ ဖြစ်မယ်ထင်တယ်။
4.Come & Hug Me
Come & Hug Me ကတော့ သည်းထိပ်ရင်ဖိုအချစ်ဇာတ်လမ်းလေး တစ်ခုပါ။ ကိုယ်ချစ်နေတဲ့ ကောင်မလေးရဲ့မိဘတွေကို ကိုယ့်ရဲ့အဖေက သတ်လိုက်ပြီးနောက်ပိုင်း သူတို့နှစ်ယောက်လည်း ကွဲကွာခဲ့ရတယ်။ အရွယ်ရောက်လာတော့ တစ်ယောက်က အောင်မြင်တဲ့မင်းသမီးကျန်တဲ့တစ်ယောက်ကတော့ သူ့အဖေရဲ့အမှုကို စုံစမ်းနေတဲ့ စုံထောက်တစ်ယောက်ဖြစ်နေခဲ့တယ်။
ရင်နာစရာအဖြစ်တွေကြားမှာ နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်မိခဲ့ကြတယ်။ လူတွေရဲ့ ဝေဖန်မှုတွေ၊ကဲ့ရဲ့မှုတွေအောက်မှာ နှစ်ယောက်သား ခိုင်ခိုင်မြဲမြဲ ရွှေလက်တွဲခဲ့ပြီး Happy Ending လေးနဲ့အဆုံးသတ်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။
5.Romance Is A Bonus Book
ဒီဇာတ်လမ်းတွဲက သူငယ်ချင်းကနေ ချစ်သူတစ်ယောက်အဖြစ် ဘယ်လိုမျိုးပြောင်းလဲသွားလဲဆိုတာကို သေချာလေးပြနိုင်ခဲ့တယ်။ Episode တစ်ခုချင်းစီတိုင်းမှာလည်း ဇာတ်ကောင််နှစ်ယောက်ရဲ့ တစ်ယောက်အကြောင်း တစ်ယောက်ဘယ်လောက်သိတယ်ဆိုတာကို ပါးပါးလေးနှင့် ပရိတ်သတ်တွေမြင်အောင် ပြနိုင်ခဲ့တယ်။
Cha Eun Hoဆိုတဲ့ကောင်လေးကတော့ ကောင်မလေးကိုချစ်နေတာ ကြာခဲ့ပင်မဲ့ ကောင်မလေးဘက်ကတော့ ခံစားချက်တွေ မသေမချာဖြစ်နေခဲ့တယ်။ နောက်ပိုင်းမှတော့ သူတို့နှစ်ယောက်ကြားမှာ အချစ်တွေဖြစ်ပေါ်လာခဲ့ပြီး ဘယ်လောက်တောင် Ro ကြလဲဆိုတာကိုတော့ ဇာတ်လမ်းတွဲထဲမှာပဲ ကြည့်ကြည့်လိုက်ပါနော်။
6.Tempted
Tempted ဇာတ်လမ်းတွဲမှာ ဒီအတွဲက main couple တော့မဟုတ်ပါဘူး။ သူငယ်ချင်းသုံးယောက်ထဲမှာ မိန်းကလေးတစ်ယောက်ပဲ ပါတဲ့အဖွဲ့လေး။ Choi Soo Jiဆိုတဲ့ ကောင်မလေးကို ကြိတ်ကြိုက်နေတာကြာပြီဖြစ်တဲ့ Lee Se Joo ဆိုတဲ့ကောင်လေးတစ်ယောက်။
Choi Soo Ji ဘယ်လောက်နှိပ်စက်စက်၊ ဘယ်လောက်ဆိုးဆိုး သည်းခံပေးပြီး အမြဲတမ်းသူမရဲ့ဘေးမှာ အသင့်ရှိနေပေးခဲ့တဲ့ Lee Se Joo ပါ။ Choi Soo Ji တစ်ယောက် Lee Se Joo ရဲ့အချစ်တွေကို နောက်ပိုင်းမှာနားလည်လာပြီး Friends to lovers ဖြစ်သွားမလားဆိုတာကိုတော့ Tempted ဇာတ်လမ်းတွဲထဲမှာပဲ ကြည့်လိုက်ပါနော်။
အခုပြောပြပေးထားတဲ့ ဇာတ်လမ်းတွဲတွေကို ကြည့်ပြီးပြီဆိုရင်တော့ Friend Zone ကနေရုန်းထွက်နိုင်ဖို့ Idea တစ်ခုခုတော့ ရသွားမယ်လို့ထင်ပါတယ်။ Drama တွေထဲက ပုံစံလေးတွေမျိုး လက်တွေ့အသုံးချကြည့်လို့ ကိုယ်ရဲ့ပါတနာနဲ့ အဆင်ပြေရင်လည်း ပြေသွားနိုင်ပါတယ်။ အနည်းဆုံးတော့ ဖွင့်ပြောကြည့်ဖို့ တိုက်တွန်းချင်ပါတယ် 😁။ ဒါမှ နောင်တမရမှာလေ။ ပရိတ်သတ်ကြီးထဲမှာရော Friend Zone ထဲရောက်နေလို့ အခက်တွေ့နေတဲ့လူတွေရှိလား။ Comments မှာဆွေးနွေးလို့ ရပါတယ်နော်။
Source: Soompi
Written: Phoo Phoo