Categories: Celebrity News

ဇာတ်လမ်းတွဲတွေအတွက် မပါမဖြစ် အထင်ကရ ဇာတ်ရံမင်းသမီးကြီး (၇) ယောက်

ဇာတ်လမ်းတွဲတစ်ခု ကောင်းနေဖို့ဆိုတာ အဓိကဇာတ်ဆောင်တွေကြီးပဲကောင်းနေလို့မလုံလောက်ပါဘူး။ ဇာတ်ပို့ဇာတ်ရံတွေရဲ့ပံ့ပိုးမှုလည်းအများကြီးလိုအပ်ပါတယ်။ ဒါကြောင့်ကိုရီးယားဇာတ်လမ်းတွဲတွေမှာတွေ့ရလေ့ရှိတဲ့ ဇာတ်ရံမင်းသမီးကြီး (၇) ယောက်ကိုဖော်ပြလိုက်ပါတယ်။သူမတို့ရဲ့ဘယ်ဇာတ်ကားတွေကိုအကြိုက်ဆုံးလဲ ဆိုတာပြောပြပေးခဲ့ကြဦးနော်။

Kim Mi Kyung


ကိုရီးယားကားကြည့်သူတိုင်း သူမကိုမသိသူရှိမယ်မထင်ပါဘူး။ Kim Mi Kyung က ၁၉၈၅ ခုနှစ်မှာအနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့ပြီး အခုဆိုပရိတ်သတ်အခိုင်အမာရရှိနေပါပြီ။ သူမဟာ များသောအားဖြင့် သားသမီးတွေကိုရင်ထဲကချစ်ပေမယ့် အမြဲဆူပူနေတတ်တဲ့ အရှေ့တိုင်းဆန်တဲ့မေမေနေရာက သရုပ်ဆောင်ရလေ့ရှိပြီး လတ်တလောထုတ်လွှင့်နေတဲ့ Its okay to not be okay ဇာတ်လမ်းတွဲမှာတောင် ပါဝင်သေးတယ်နော်။ ဒါပေမယ့် Healer ဇာတ်လမ်းထဲမှာတော့ သူမကိုအမိုက်စား Hacker အဒေါ်ကြီးအနေနဲတွေ့ခဲ့ရပါတယ်။

Kim Young Ok


Kim Young Ok ကတော့ အဘွားနေရာက သရုပ်ဆောင်ရလွန်းလို့ National Grandma လို့တောင် Nation’s title ရထားသူပါ။ အသက်ကြီးလာပေမယ့် သရုပ်ဆောင်စွမ်းရည်ကတစ်စက်မှမကျသွားတဲ့အပြင် ဇာတ်လမ်းတိုင်းလိုလိုမှာတွေ့ရတတ်လို့ ကြည့်ရှုသူတွေကတောင် တကယ့်အဘွားလိုခင်တွယ်နေကြပါပြီ။

Lee Il Hwa


သူမကတော့ ၁၉၉၁ ခုနှစ်မှာ အနုပညာခရီးလမ်းကိုစတင်ခဲ့သူပါ။ များသောအားဖြင့် စိတ်ဖိစီးမှုများပြီး လောကဓံကိုကြံ့ကြံ့ခံနိုင်တဲ့ သန်မာတဲ့မေမေအဖြစ်သရုပ်ဆောင်ရပြီး Reply 1988 မှာလည်း Duk Seon တို့အမေနေရာကပီပြင်ခဲ့ပါတယ်။

Nam Gi Ae


Oh My Venus, Another Oh Hae Young, Suspicious Partner စတဲ့ဇာတ်လမ်းတွဲတွေမှာပါဝင်ခဲ့ပြီးတော့ အများအားဖြင့် သူမက လူ့အသိုင်းအဝိုင်းမှာဝင်ဆန့်ပြီး လျို့ဝှက်တတ်တဲ့ချမ်းသားတဲ့မေမေအဖြစ်သရုပ်ဆောင်ရလေ့ရှိပါတယ်။

Yoon Yoo Sun


သူမကတော့ ၁၉၇၅ ခုနှစ်ကတည်းကအနုပညာလောကထဲ ဝင်ရောက်ခဲ့ပြီး Even If The Wind Blows, High Kick, Another Promise ဇာတ်လမ်းတွေမှာ နာမည်ရခဲ့ပါတယ်။ သူမကတော့ ချိုသာပေမယ့် မဟုတ်မခံစိတ်ရှိသူအနေနဲ့ သရုပ်ဆောင်ရလေ့ရှိပါတယ်။ သူမရဲ့မျက်နှာချိုချိုလေးနဲ့တော့အံကိုက်ပဲနော်။

Ra Mi Ran


Reply 1988 ဇာတ်လမ်းထဲက သားနှစ်ယောက်နဲ့ ခင်ပွန်းသည်ကိုကောင်းကောင်းထိန်းသိမ်းတတ်ပြီး ကူညီချင်စိတ်ရှိတဲ့ Jung Hwan တို့အမေ Ra Mi Ran ကတော့သူမရဲ့ပြောစမှတ်တွင်ရလောက်တဲ့ ဇာတ်ကောင်တစ်ခုဖြစ်ခဲ့ပါတယ်။ Melting Me Softly, The Dude in Me, Girls Cop စတဲ့ဇာတ်လမ်းတွေမှာလည်းပါဝင်ခဲ့ပါတယ်။

Kim Sun Young


Crash Landing On You နဲ့ Best Supporting Actress ဆုကိုသိမ်းပိုက်ခဲ့တဲ့သူမကိုလည်းမေ့ထားလို့မရပါဘူးနော်။ ၂၀၁၉ ထဲမှာတင်ပဲ သူမပါဝင်တဲ့ဒရမ်မာ ၆ ကားတိတိရှိခဲ့ပါတယ်။ Reply 1988, Her Private life, Shopping King Louie စတဲ့ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Source: kdramastars
written: helra

Share