Categories: Celebrity News

ရုပ်ရှင်ရိုက်ကူးရေးအတွက် Jordan နိုင်ငံကို ထွက်ခွာသွားပြီဖြစ်တဲ့ Hyun Bin နဲ့ Hwang Jung Min

ကပ်ရောဂါကူးစက်မှုတွေကြောင့် တောင်ကိုရီးယားမှာသာ ဇာတ်ဝင်ခန်းအချို့ကိုရိုက်ကူးပြီး ပြည်ပမှာရိုက်ကူးမယ့် အခန်းတွေအတွက် နှောင့်နှေးနေရတဲ့ Bargaining ရုပ်ရှင်ကို ရိုက်ကူးဖို့ မင်းသား Hyun Bin နဲ့ Hwang Jung Min ဟာ ရိုက်ကူးရေးအဖွဲ့နဲ့အတူ ဇူလိုင်လ ၁၃ ရက်နေ့မနက်မှာ အင်ချွန်းလေဆိပ်ကနေ ဂျော်ဒန်ကိုထွက်ခွာသွားပြီလို့ဆိုပါတယ်။

ရိုက်ကူးမယ့်ရုပ်ရှင်ကတော့ ‘Bargaining’ ဖြစ်ပြီး မင်းသားနှစ်လက်နဲ့ ရိုက်ကူးရေးအဖွဲ့တွေကတော့ တစ်ဖက်နိုင်ငံကို ရောက်တာနဲ့ သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်း quarantine ဝင်ဖို့နဲ့ self-isolation လုပ်ဆောင်ချက်တွေကို လိုက်နာမှာဖြစ်ပြီး စနစ်တကျနဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေပြုလုပ်မှာ ဖြစ်ပါတယ်။

Bargaining ဟာ ရောဂါစတင်ပျံ့နံ့တဲ့အချိန်ကစလို့ ပထမဆုံးအနေနဲ့ ပြည်ပမှာရိုက်ကူးမယ့် ရုပ်ရှင်လဲ ဖြစ်ပါတယ်။ ရုပ်ရှင်ကတော့ အက်ရှင်အမျိုးအစားဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသက ပြန်ပေးဆွဲခံရသူ ၂၃ ဦးကို ကယ်ဆယ်ဖို့ စုံစမ်းထောက်လှမ်းမယ့် NIS Agent တွေရဲ့ ပုံစံနဲ့ မင်းသားတွေကိုတွေ့ရမှာပါ။

၂၀၀၇ ခုနှစ်က ဖြစ်ရပ်တစ်ခုကို အခြေခံထားတယ်လို့လဲ သိရပါတယ်။ ဒီလိုကာလကြီးမှာတောင် စွန့်စွန့်စားစားနဲ့ ရိုက်ကူးမယ့် Bargaining ရုပ်ရှင်တစ်ဖွဲ့သားလုံး ဘေးကင်းပြီး အောင်မြင်မှုတွေများစွာကို ဆွတ်ခူးနိုင်ပါစေနော်။

(Zawgyi) ႐ုပ္ရွင္ရိုက္ကူးေရးအတြက္ Jordan နိုင္ငံကို ထြက္ခြာသြားၿပီျဖစ္တဲ့ Hyun Bin နဲ႔ Hwang Jung Min

ကပ္ေရာဂါကူးစက္မႈေတြေၾကာင့္ ေတာင္ကိုရီးယားမွာသာ ဇာတ္ဝင္ခန္းအခ်ိဳ႕ကိုရိုက္ကူးၿပီး ျပည္ပမွာရိုက္ကူးမယ့္ အခန္းေတြအတြက္ ေႏွာင့္ေႏွးေနရတဲ့ Bargaining ႐ုပ္ရွင္ကို ရိုက္ကူးဖို႔ မင္းသား Hyun Bin နဲ႔ Hwang Jung Min ဟာ ရိုက္ကူးေရးအဖြဲ႕နဲ႔အတူ ဇူလိုင္လ ၁၃ ရက္ေန႔မနက္မွာ အင္ခၽြန္းေလဆိပ္ကေန ေဂ်ာ္ဒန္ကိုထြက္ခြာသြားၿပီလို႔ဆိုပါတယ္။

ရိုက္ကူးမယ့္႐ုပ္ရွင္ကေတာ့ ‘Bargaining’ ျဖစ္ၿပီး မင္းသားႏွစ္လက္နဲ႔ ရိုက္ကူးေရးအဖြဲ႕ေတြကေတာ့ တစ္ဖက္နိုင္ငံကို ေရာက္တာနဲ႔ သတ္မွတ္ထားတဲ့စည္းကမ္းအတိုင္း quarantine ဝင္ဖို႔နဲ႔ self-isolation လုပ္ေဆာင္ခ်က္ေတြကို လိုက္နာမွာျဖစ္ၿပီး စနစ္တက်နဲ႔ ႐ုပ္ရွင္ရိုက္ကူးမႈေတြျပဳလုပ္မွာ ျဖစ္ပါတယ္။

Bargaining ဟာ ေရာဂါစတင္ပ်ံ႕နံ့တဲ့အခ်ိန္ကစလို႔ ပထမဆုံးအေနနဲ႔ ျပည္ပမွာရိုက္ကူးမယ့္ ႐ုပ္ရွင္လဲ ျဖစ္ပါတယ္။ ႐ုပ္ရွင္ကေတာ့ အက္ရွင္အမ်ိဳးအစားျဖစ္ၿပီး အေရွ႕အလယ္ပိုင္းေဒသက ျပန္ေပးဆြဲခံရသူ ၂၃ ဦးကို ကယ္ဆယ္ဖို႔ စုံစမ္းေထာက္လွမ္းမယ့္ NIS Agent ေတြရဲ့ ပုံစံနဲ႔ မင္းသားေတြကိုေတြ႕ရမွာပါ။

၂၀၀၇ ခုႏွစ္က ျဖစ္ရပ္တစ္ခုကို အေျခခံထားတယ္လို႔လဲ သိရပါတယ္။ ဒီလိုကာလႀကီးမွာေတာင္ စြန႔္စြန႔္စားစားနဲ႔ ရိုက္ကူးမယ့္ Bargaining ႐ုပ္ရွင္တစ္ဖြဲ႕သားလုံး ေဘးကင္းၿပီး ေအာင္ျမင္မႈေတြမ်ားစြာကို ဆြတ္ခူးနိုင္ပါေစေနာ္။

source: soompi
written: Dar Dar

Share