Categories: Celebrity News

V အတွက် တရုတ်ပရိတ်သတ်တွေပြင်ဆင်ပေးခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့လက်ဆောင်

တရုတ်ပြည်က V ရဲ့အကြီးဆုံး Fan Club တစ်ခုဖြစ်တဲ့ Baidu V Bar က Taehyung ရဲ့ ဒီဇင်ဘာလမှာ ကျရောက်မယ့်မွေးနေ့အတွက်အထိမ်းအမှတ်အနေနဲ့ မူလတန်းကျောင်းတစ်ကျောင်းဆောက်လုပ်ပေးခဲ့တယ်လို့အတည်ပြုခဲ့ပြီး ဒီအစီအစဉ်ကို China Youth Development Foundation ရဲ့အကူအညီနဲ့အကောင်အထည်ဖော်ခဲ့တာပါတဲ့။

ကျောင်းနာမည်က Taehyung Hope Primary School ဖြစ်ပြီး Taehyung ရဲ့တရုတ်လိုအဓိပွါယ်က ‘ငြိမ်းချမ်းခြင်း’ နဲ့ ‘ကြွယ်ဝမှု’ ဖြစ်တာကြောင့် ကျောင်းနာမည်အနေနဲ့လည်း သင့်တော်တဲ့အမည်နာမပါ။

သူ့ရဲ့ ရည်ရွယ်ချက်ကိုက ကျေးလက်ဒေသက ကလေးတွေ အဆင်ပြေပြေနဲ့ စိတ်လုံခြုံမှုရှိစွာ ကျောင်းတက်နိုင်ဖို့ဖြစ်လို့ taehyung ရဲ့ပရိတ်သတ်တွေအပေါ်လွှမ်းမိုးနိုင်မှုက လူထုကိုထပ်မံအကျိုးပြုလိုက်တယ်လို့ဆိုရမှာပါ။

ဒီကျောင်းအတွက် V bar ကအမေရိကန်ဒေါ်လာ ၇၁,၅၀၀ (မြန်မာငွေ သိန်းတစ်ထောင်ကျော်) လှူဒါန်းခဲ့ပြီး ဒီနှစ်ဆန်းကတည်းက Vရဲ့နာမည်နဲ့ မီတာ ၁၀၀ အရှည်ရှိတဲ့ လမ်း နဲ့ ၁၀ မီတာရှည်တဲ့တံတားတို့ကို ကလေးတွေကျောင်းသွားတဲ့အခါ လုံခြုံမှုရှိအောင်ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။

BTS ပရိတ်သတ်တွေဟာ ဒီလိုမျိုးလုထုအကျိုးပြုလုပ်ငန်းတွေ လုပ်တဲ့နေရာမှာ နာမည်ကြီးပြီး ဒီတစ်ခါလည်း မွေးနေ့ရှင်အတွက်အကောင်းဆုံးဆိုတာကို ဖန်တီးပေးနိုင်ခဲ့ကြပါတယ်။

(Zawgyi) V အတြက္ တ႐ုတ္ပရိတ္သတ္ေတြျပင္ဆင္ေပးခဲ့တဲ့ တန္ဖိုးမျဖတ္နိုင္တဲ့လက္ေဆာင္

တ႐ုတ္ျပည္က V ရဲ့အႀကီးဆုံး Fan Club တစ္ခုျဖစ္တဲ့ Baidu V Bar က Taehyung ရဲ့ ဒီဇင္ဘာလမွာ က်ေရာက္မယ့္ေမြးေန႔အတြက္အထိမ္းအမွတ္အေနနဲ႔ မူလတန္းေက်ာင္းတစ္ေက်ာင္းေဆာက္လုပ္ေပးခဲ့တယ္လို႔အတည္ျပဳခဲ့ၿပီး ဒီအစီအစဥ္ကို China Youth Development Foundation ရဲ့အကူအညီနဲ႔အေကာင္အထည္ေဖာ္ခဲ့တာပါတဲ့။

ေက်ာင္းနာမည္က Taehyung Hope Primary School ျဖစ္ၿပီး Taehyung ရဲ့တ႐ုတ္လိုအဓိပြါယ္က ‘ၿငိမ္းခ်မ္းျခင္း’ နဲ႔ ‘ႂကြယ္ဝမႈ’ ျဖစ္တာေၾကာင့္ ေက်ာင္းနာမည္အေနနဲ႔လည္း သင့္ေတာ္တဲ့အမည္နာမပါ။

သူ႔ရဲ့ ရည္ရြယ္ခ်က္ကိုက ေက်းလက္ေဒသက ကေလးေတြ အဆင္ေျပေျပနဲ႔ စိတ္လုံျခဳံမႈရွိစြာ ေက်ာင္းတက္နိုင္ဖို႔ျဖစ္လို႔ taehyung ရဲ့ပရိတ္သတ္ေတြအေပၚလႊမ္းမိုးနိုင္မႈက လူထုကိုထပ္မံအက်ိဳးျပဳလိုက္တယ္လို႔ဆိုရမွာပါ။

ဒီေက်ာင္းအတြက္ V bar ကအေမရိကန္ေဒၚလာ ၇၁,၅၀၀ (ျမန္မာေငြ သိန္းတစ္ေထာင္ေက်ာ္) လႉဒါန္းခဲ့ၿပီး ဒီႏွစ္ဆန္းကတည္းက Vရဲ့နာမည္နဲ႔ မီတာ ၁၀၀ အရွည္ရွိတဲ့ လမ္း နဲ႔ ၁၀ မီတာရွည္တဲ့တံတားတို႔ကို ကေလးေတြေက်ာင္းသြားတဲ့အခါ လုံျခဳံမႈရွိေအာင္ေဆာက္လုပ္ လႉဒါန္းခဲ့ပါတယ္။

BTS ပရိတ္သတ္ေတြဟာ ဒီလိုမ်ိဳးလုထုအက်ိဳးျပဳလုပ္ငန္းေတြ လုပ္တဲ့ေနရာမွာ နာမည္ႀကီးၿပီး ဒီတစ္ခါလည္း ေမြးေန႔ရွင္အတြက္အေကာင္းဆုံးဆိုတာကို ဖန္တီးေပးနိုင္ခဲ့ၾကပါတယ္။

source: allkpop
written: helra

Share