Categories: Celebrity News

BTS အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ ကြောက်ခမန်းလိလိဝင်ငွေနဲ့ ပိုင်ဆိုင်မှုများ

၂၀၁၃ မှာ ဂီတလောကထဲစတင်ဝင်ရောက်ခဲ့ပြီး တဖြည်းဖြည်းနဲ့အောင်မြင်မှု ရရှိလာတဲ့ BTS ဟာ လက်ရှိအချိန်မှာတော့ ကမ္ဘာ့ထိပ်တန်း boy band တွေထဲမှာ တစ်ဖွဲ့အပါအဝင် ဖြစ်လာခဲ့ပါပြီ။

ရုန်းကန်ခဲ့ရတဲ့အတိတ်ရဲ့ရလဒ်အနေနဲ့ အခုချိန်မှာတော့ ဖျော်ဖြေပွဲလက်မှတ်တွေလဲ ရောင်းမလောက်၊ album ရောင်းအားနဲ့လဲ စံချိန်တွေအလီလီချိုးနေတာမို့ သူတို့ရဲ့ဝင်ငွေဟာ ဖျားလောက်တယ်ဆိုတာတော့ အားလုံးရိပ်မိပြီးသား ဖြစ်လောက်မှာပါ။ သူတို့ရဲ့ တစ်ဦးချင်းစီ net worth အနေနဲ့လဲ ကြောက်ခမန်းလိလိပမာဏမှာ ရှိပါတယ်။

Jin ကတော့ BTS အဖွဲ့နဲ့အနုပညာလှုပ်ရှားမှုတွေကနေလဲ ဝင်ငွေမနည်းသလို စီးပွားရေးလုပ်ငန်းမှာလဲ အစ်ကိုဖြစ်သူနဲ့ စားသောက်ဆိုင်လုပ်ငန်းကို စတင်လည်ပတ်နေနာပါ။ သူ့ရဲ့ net worth ကတော့ ၂၀၂၀ မတ်လမှာ 8million ရှိနေပါတယ်။ Business Insider ရဲ့ဖော်ပြချက်အရ $1.7 million တန်တဲ့ apartment တစ်ခု ဝယ်ယူထားပါတယ်။

Jin တင်မကပဲ သီချင်းအပုဒ်ပေါင်း ၁၃၀ ကို မူပိုင်ခွင့်ရရှိထားပြီး ဘာသာစကားကျွမ်းကျင်မှုကြောင့် Western Artist တွေနဲ့ collabration လုပ်လေ့ရှိတဲ့ အဖွဲ့ရဲ့ခေါင်းဆောင် RM ရဲ့ net worth ကလဲ မတ်လ ၂၀၂၀ မှာ $8 million လို့ သတ်မှတ်ထားခံထားရပါတယ်။

အဖွဲ့အတွက်ရော IU တို့ Suran တို့လို အခြားနာမည်ကျော်အဆိုတော်တွေအတွက်ပါ သီချင်းအပုဒ်ပေါင်း ၇၀ မူပိုင်ခွင့်ရထားသလို solo mixtape တွေလဲ များစွာ ထွက်ရှိထားတဲ့ Suga ရဲ့ net worth ကလဲ $8 million ပါပဲ။ ပိုင်ဆိုင်မှုအနေနဲ့ကလဲ $3 million တန်တဲ့ ဇိမ်ခံ apartment ကြီးကို ဝယ်ယူထားပါတယ်။

အနောက်တိုင်းမှာ နာမည်ကျော် လူကြိုက်များလှတဲ့ Jimin ဟာ ထူးချွန်တဲ့အကသမားအဖြစ် BTS အဖွဲ့နဲ့အဖွဲ့လိုက်လှုပ်ရှားမှုတွေအနေနဲ့ရော TV show တွေမှာ ပါဝင်မှုတွေနဲ့ရော ဝင်ငွေများစွာရရှိတဲ့ Jimin ရဲ့ net worth ကလဲ မတ်လ ၂၀၂၀ မှာ $8 million ပါပဲ။

အဖွဲ့လိုက် လှုပ်ရှားမှုတွေရော Hwarang ဇာတ်လမါးတွဲမှာ သရုပ်ဆောင်အနေနဲ့ရော အောင်မြင်လူကြိုက်များသလို ဒီနောက်ပိုင်းမှာ ဇာတ်ဝင်တေးတွေ သီဆိုလာတာပါ တွေ့ရတဲ့ V ကလဲ သူ့ရဲ့ net worth က အခြားအဖွဲ့ဝင်တွေလိုပဲ မတ်လ ၂၀၂၀ မှာ $8 million ပါ။

အငယ်ဆုံးအဖွဲ့ဝင်ဖြစ်ပေမယ့် ဖျော်ဖြေမှုတင်မက သီချင်းတွေကို produce လုပ်တဲ့နေရာမှာပါ အကူအညီပေးပြီး ဘယ်အရာမှာမဆို အရည်အချင်းပြည့်ဝတဲ့ Jungkook ကလဲ အစ်ကိုတွေနဲ့ တန်းတူ net worth $8 million ရှိပြီး $1.74 million တန် apartment တစ်ခုလဲ ပိုင်ဆိုင်ပါတယ်။

BTS အဖွဲ့ထဲမှာ net worth $12 million နဲ့ အကြွယ်ဝဆုံးအဖြစ် စံချိန်တင်နေသူကတော့ J-Hope ပါ။ အဖွဲလိုက်လှုပ်ရှားမှုတွေကနေ အခြားအဖွဲ့ဝင်တွေနဲ့ ဝင်ငွေအညီအမျှရတဲ့အပြင် သူ့ရဲ့ solo mixtape ဖြစ်တဲ့ Hope World က ကမ္ဘာတစ်ဝှမ်းက chart တွေမှာ ထိပ်ရောက်ပြီး အနောက်နိုင်ငံတွေကနေ ဝင်ငွေများစွာရှာနိုင်ခဲ့တာကြောင့် သူ့ရဲ့ net worth ဟာ ဒီလောက်ထိ မြင့်တက်သွားတာပါ။

BTS ဟာ ၂၀၁၈ မှာ သူတို့ရဲ့ Burn The Stage : The Movie ဆိုတဲ့ documentary ရုပ်ရှင်ကို ကမ္ဘာတစ်ဝှမ်းက theatre ပေါင်း ၂၅၀၀ ကျော်မှာပြသခဲ့ပြီး Box Office မှာ $20.34 million တောင် ရရှိခဲ့ပါတယ်။ ဒါတင်မက BTS ဟာ သူတို့ရဲ့ကမ္ဘာတစ်လွှား အောင်မြင်မှုတွေကြောင့် တောင်ကိုရီးယားရဲ့ စီးပွားရေးအတွက်လဲ $3.6 biliion ရှာပေးနိုင်ခဲ့တဲ့ အဖွဲ့လဲဖြစ်ပါတယ်။ အဖွဲ့လိုက် net worth အနေနဲ့ကတော့ $60 million ရှိပါတယ်။

အခု ဖော်ပြထားတဲ့ BTS ရဲ့ net worth အသီးသီးကိုတော့ Seventeen Megazine ကနေ တိုက်ရိုက်ဘာသာပြန် ဖော်ပြတာဖြစ်ပြီး သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုတော့ Business Insider ကလည်းကောင်း၊ အခြားသောဝင်ငွေတွေကို Forbes Megazine ကလည်းကောင်း ဖော်ပြထားတာပါ။ BTS ရဲ့ဝက်ဝက်ကွဲ ကြွယ်ဝမှုတွေအတွက် ARMY တွေလဲ ဂုဏ်ယူကြမယ် ထင်ပါတယ်။

source: seventeen
written: Dar Dar

Share