Categories: Celebrity News

အမှန်တွေပြောလွန်းလို့ အမုန်းခံခဲ့ရဖူးသည့် G-Dragon

အမှန်တရားတွေချည်းပဲ ပြောလွန်းအားကြီးလို့ အမုန်းခံရတဲ့ Idol ကိုလက်ညှိးထိုးပြရမယ်ဆိုရင်တော့ G-dragon ကိုပဲပြရမယ်ထင်တယ်။ အခြားအဖွဲ့တွေရဲ့ ပရိတ်သတ်တွေ၊ မီဒီယာတွေဆီကပါ အမုန်းစကားတွေရခဲ့ပင်မဲ့ အမောင်နဂါးတို့ကတော့ ဘယ်သူမှဂရုမစိုက်ဆိုတဲ့ ဖြစ်ရပ်တွေရှိခဲ့ဖူးပါတယ်။

G-dragon ရဲ့အားသာချက်က ဘယ်တော့မှဟန်ဆောင်ပန်ဆောင် ပုံစံမျိုးမရှိခဲ့တာပါ။ ကင်မရာရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုးဆိုတဲ့ အနုပညာရှင်တစ်ယောက် လုံးဝမဟုတ်ခဲ့ပါဘူး။ ပျင်းနေတယ်၊ စိတ်ညစ်နေတယ်၊ စိတ်တိုတယ် ဒါတွေကို လုံးဝမဖုံးကွယ်တတ်ပဲ အရှိအရှိအတိုင်းနေတတ်တဲ့အကျင့်က G-dragon ရဲ့ဆွဲဆောင်မှုပါပဲ။

ဆုပေးပွဲတစ်ခုတုန်းကဆို ဆုရတဲ့ idol group တစ်ခုက Stage ပေါ်တက်ပြီးကျေးဇူးတင်စကားပြောစဉ် ထိုအဖွဲ့ Fandom ရဲ့အော်ဟစ်အားပေးမှုကို စိတ်အနှောက်အယှက်ဖြစ်နေတဲ့ပုံစံမျိုး ပေါ်တင်ပြသခဲ့တာမို့ လူမုန်းခံလိုက်ရပါသေးတယ်။

နောက်ထပ် G-dragon နဲ့ပက်သက်ပြီး နာမည်ကြီးတဲ့ဖြစ်ရပ်တစ်ခုက MAMA ဆုပေးပွဲမှာဖျော်ဖြေစဉ်က ၎င်းဆုပေးပွဲမကောင်းကြောင်းကိုလည်း သူတိုရဲ့stage ပေါ်မှာပဲ ပေါ်တင်သီဆိုခဲ့ဖူးပါတယ်။ ဒါက G-dragon ရဲ့အချေဖြစ်ရပ်တွေထဲက Legendary ပဲဖြစ်ပါတယ်။

သူရဲ့ကိုယ်ပိုင် Entertainment နှင့်ပက်သက်ပြီးလည်း သူကိုယ်တိုင် ပြင်းပြင်းထန်ထန် ဝေဖန်ထားတာမျိုးလဲ ရှိပါတယ်။ တခါကဆို Big Bang အဖွဲနဲ့အခြားအဖွဲတွေရဲ့ ကွာခြားချက်ကို ပြောပြပေးပါလားလို့ မေးခွန်းအမေးခံခဲ့ရဖူးပါတယ်။ G-dragon က ” ကျွန်တော်တို့က ကျွန်တော်တို့ရဲ့သီချင်းကို ကိုယ်တိုင်ရေးတယ်။ အဲ့ဒါကိုလည်း ပရိတ်သတ်ကကြိုက်တယ်။” လို့ဖြေခဲ့ပါတယ်။

အဲ့လိုဖြေခဲ့တာကြောင့် MC က “မင်းအဲ့လိုပြောလိုက်လို့ သူတို့ရဲ့ Fandom ကမင်းကိုလာတိုက်ခိုက်မှာ မကြောက်ဖူးလားလို့ “မေးရာမှာတော့ “တိုက်ခိုက်လည်း ကျွန်တော်ပြောတာက အမှန်ပဲ” ဆိုပြီးဘုဆပ်ဆပ်လေး ဖြေခဲ့ပါတယ်။ တကယ့်ကို မြွေမကြောက်၊ ကင်းမကြောက် နဂါးလေးပါပဲ။

G-dragon ဟာဘယ်သောအခါမှ တောင်ကိုရီးယားတွေ သတ်မှတ်ထားတဲ့ Idol ဆိုတဲ့ပုံစံခွက်ထဲမှာ နေခဲ့တဲ့သူမဟုတ်ပါဘူး။ တောင်ကိုရီးယားအနုပညာလောကလို ထိလွယ်ရှလွယ်တဲ့နယ်ပယ်ထဲမှာတောင် သူများနှင့်မတူပဲ ကွဲထွက်အောင် နေနိုင်ဖို့ဆိုတာတော်ရုံ အရည်အချင်းလောက်နဲ့တော့ မရနိုင်ပါ။ ဒါပေမဲ့ ဒီအချက်တွေကပဲ G-dragon ကိုပရိတ်သတ်တွေ အရမ်းချစ်ရတဲ့အကြောင်းအရင်းတွေဆိုလည်း ဟုတ်ပါတယ်။

ဒါ့ကြောင်မို့ ပရိတ်သတ်တွေသာမက အခြား Idol group တွေကပါ လေးစားရတဲ့ Idol တစ်ဦးအဖြစ်နှစ်ရှည်လများရပ်တည်နိုင်နေတာပါ။ပရိတ်သတ်ကြီးရော G-dragon ရဲ့စိတ်ဓာတ်လေးကို သဘောမကျဘူးလား။Comments မှာဆွေးနွေးနိုင်ပါတယ်။

source: Allkpop
Written: Phoo Phoo

Share