Categories: Celebrity News

ပရိတ်သတ်တစ်ယောက်နဲ့ ရုပ်ရှင်ဆန်ဆန်တွေ့ဆုံခဲ့တဲ့ နတ်သားလေး B.I

အလှူအတန်းနဲ့ အများအကျိုးပြုလုပ်ငန်းတွေ လုပ်နေကြောင်းသိရပေမယ့် Hanbin ကို ချစ်ရတဲ့အဖွဲ့ဝင်တွေနဲ့ စင်မြင့်ပေါ်မှာ မတွေ့ရတာဘာလိုလိုနဲ့ တစ်နှစ်ကျော်တောင်ရှိခဲ့ပါပြီ။ ဒါပေမယ့် ဇူလိုင် ၁၃ ရက်နေ့က Hanbin နဲ့ Gimpo Area မှာဆုံခဲ့တဲ့ပရိတ်သတ်တစ်ယောက်က Hanbin ပုံလေးအလွမ်းပြေတင်ပေးခဲ့ပါတယ်။

ဒီပုံလေးကို Hanbin ရဲ့ fanbase တစ်ခုဖြစ်တဲ့ ‘still131fan’ က twitter မှာပြန်တင်ပေးခဲ့တာပါ။ ဖြစ်ပုံက ပရိတ်သတ်တစ်ယောက်က Hanbin ကိုလာနှုတ်ဆက်ရင်းက ထီးမပါတဲ့အဖြစ်ကို သတိထားမိသွားတဲ့အခါ ပရိတ်သတ်ကို သူ့ရဲ့ထီးပေးခဲ့ပြီး ကိုယ်တိုက်ကတော့ မိုးရေထဲမှာ ဒီတိုင်း ပြေးသွားခဲ့ပါတယ်တဲ့။

ဒါ့အပြင် မိုးရေမစိုအောင် ဂရုစိုက်ပြီးသွားပါလို့လည်း သတိပေးခဲ့ပါသေးတယ်တဲ့။ Fan ဟာ သူ့ကိုတွေ့တော့ ငိုမိတာကြောင့် မငိုဖို့နဲ့ သူတောင်းပန်ပါတယ်လို့လဲ ဆိုခဲ့တဲ့ Han Bin ပါ။ ဒီလို စိတ်ရင်းကောင်းပြီး သဘောဖြူစင်တဲ့ idol ကိုဘယ်သူက မချစ်ပဲရှိပါ့မလဲနော်။ ပရိတ်သတ်အားလုံးကလည်း အရမ်းလွမ်းနေကြပြီးအနုပညာလှုပ်ရှားမှုတွေ အများကြီးနဲ့ ပရိတ်သတ်ရှေ့ပြန်လာမယ့်အချိန်မြန်မြန်ရောက်လာဖို့ပဲ ဆုတောင်းနေပါတယ်။

(Zawgyi) ပရိတ်သတ်တစ်ယောက်နဲ့ ရုပ်ရှင်ဆန်ဆန်တွေ့ဆုံခဲ့တဲ့ နတ်သားလေး B.I





source: annyeong oppa
written: helra

Share