Categories: Celebrity News

ပရိတ်သတ် ၁၆ဦးသေဆုံးခဲ့ဖူးတဲ့ အဖြစ်အဆိုးဆုံး K-pop Concert (ရှိုးပွဲ) တစ်ခု

ကိုယ့်ရဲ့ Idol ရဲ့ရှိုးပွဲကိုသွားကြည့်ဖို့ဆိုတာ Kpop ပရိတ်သတ်တွေရဲ့ ပျော်ရွင်စရာကောင်းတဲ့ အလုပ်တစ်ခုပါ။ အဲ့လိုပျော်ဖို့ကောင်းတဲ့ အချိန်လေးမှာ သေဆုံးသွားရလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ တောင်ကိုရီးယား K-pop လောကမှာ Concert ကြည့်နေရင်းနဲ့ ပရိတ်သတ်အတော်များများ သေခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု ရှိခဲ့ဖူးပါတယ်။

၂၀၁၄ခုနှစ်၊ အောက်တိုဘာလရဲ့ နေတစ်နေ့မှာ ဆိုးလ်မြို့ရှိ Seongnam မှာ ပျော်ရွှင်စရာ Concert တစ်ခုကျင်းပခဲ့ပါတယ်။ ပွဲမှာဖျော်ဖြေပေးမယ့် အဓိကနာမည်ကြီး K-pop group ကတော့ 4MINUTE အဖွဲ့ပါ။ သူတို့နှင့်အတူ အခြားအနုပညာရှင်တွေလည်း ဖျော်ဖြေကြပင်မဲ့ ပရိတ်သတ်အများစုကတော့ 4MINUTE ကိုအားပေးဖို့ လာကြတာပါ။ ပရိတ်သတ်အယောက် ရဝဝခန့်ကတော့ ပွဲထဲမှာရောက်ရှိနေကြပါပြီ။

ဖြစ်ချင်တော့ လူအရေအတွက်များတဲ့အတွက် ကိုယ်ရဲ့ Idol ကိုသေချာမမြင်ရလို့ မြင်ချင်စောနဲ့ ပရိတ်သတ်အယောက် ၃ဝလောက်က အနက်၃၃ပေခန့်ရှိတဲ့တွင်းတစ်ခုရဲ့ သံပြားအပေါ်မှာတက်ကြည့်ကြပါတယ်။ သံပြားကလည်း လူ၃ဝလောက်ရဲ့ အလေးချိန်ကိုမခံနိုင်တော့ နောက်ဆုံးမှာကျိုးသွားခဲ့ပါတယ်။

ဒါ့ကြောင့်တွင်းအပေါ်မှာရပ်ပြီးအားပေးနေတဲ့ ပရိတ်သတ်တွေဟာ ၃၃ပေအမြင့်ရှိတဲ့ နေရာကနေ မြေအောက်ကားပါကင်အထိ ပြုတ်ကျခဲ့ပါတယ်။ ပရိတ်သတ် ၁၂ဦးကတော့ အခင်းဖြစ်ပွားတဲ့နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ ကျန်တဲ့ ၄ဦးကတော့ ဆေးရုံမှာပဲ ဆုံးပါးခဲ့ပြီး လူ၁၁ဦးခန့်ကတော့ ဒဏ်ရာအနာတရ ဖြစ်ခဲ့ပါတယ်။

ဒီလို accident ဖြစ်လိုက်ချိန်မှာ 4MINUTE အဖွဲ့ကလည်း stage ပေါ်မှာဖျော်ဖြေနေတဲ့အတွက် မသိလိုက်ပါဘူး။ Idol တွေလည်း သူတို့ concert ကိုလာကြည့်ပြီး အခုလိုအဖြစ်ဆိုးနဲ့ ကြုံခဲ့ရတဲ့ပရိတ်သတ်တွေအတွက် စိတ်မကောင်းဖြစ်ခဲ့မှာတော့ အသေအချာပါပဲ။ 4MINUTE ရဲ့ entertainment ဖြစ်တဲ့ Cube ကလည်း ဝမ်းနည်းပူဆွေးစာ ထုတ်ပြန်ခဲ့ပြီး လူထုကိုအသိပေးခဲ့ပါတယ်။

ထိုနောက်ပိုင်းမှာတော့ အဆိုပါ concert ကိုစီစဉ်တဲ့ organizer ကလည်း ကိုယ့်ကိုကိုယ်သတ်သေခဲ့ပါတယ်။ သေဆုံးသွားတဲ့သူတွေအတွက် အပြစ်ရှိသလိုခံစားရတဲ့စိတ်ကြောင့် ၁ဝထပ်မြင့်တိုက်ပေါ်ကနေ ခုန်ချကာသတ်သေခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်ဟာ တောင်ကိုရီးယားလူထုအကြားမှာ အငြင်းပွားစရာကိစ္စတစ်ခုကို ဖြစ်စေခဲ့ပါတယ်။ တောင်ကိုရီးယားဟာ စီးပွားရေးအပိုင်းမှာတိုးတက်သလောက် လုံ့ခြုံရေးနှင့်ပက်သက်လျှင်တော့ အတော်ညံဖျင်းကြောင်း ဝေဖန်ခဲ့ကြပါတယ်။

ဒီမှာတစ်ခုသင်ခန်းစာယူရမှာက မိမိရဲ့အန္တရယ်ကို မိမိကိုယ်တိုင် သတိမူတတ်ဖို့ပါ။ ကိုယ့်ရဲ့အနီးအနားမှာ အန္တရယ်ကင်းပြီးဆိုမှ Idol ကိုစိတ်ကြိုက်သာ support ပေးပါတော့။ ဒါကြောင့်ဘယ်သွားသွား၊ ဘာပဲလုပ်လုပ် သတိတော့ ထားကြပါနော်။

Source: Koreaboo
Written: Phoo Phoo

Share