Categories: Celebrity News

Lady Gaga နဲ့ Blackpink တို့ရဲ့ Sour Candy ဖန်တီးမှုနောက်ကွယ်က စိတ်ဝင်စားဖွယ် အကြောင်းအရာများ

Sour Candy သီချင်းဟာ Lady Gaga ရဲ့ တစ်ကိုယ်တော် Album ဖြစ်တဲ့ Chromatica မထွက်ခင်မှာ Blackpink နဲ့ Collaboration လုပ်ထားတဲ့ သီချင်းတစ်ပုဒ်အနေနဲ့ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ Lady Gaga နဲ့ Blackpink တို့ ဒီသီချင်းလေးကနေ ပြောထားတာကတော့ ကိုယ့်ကိုချစ်တဲဲ့သူတွေက ကိုယ့်ရဲ့အားနည်းချက်တွေကို အပြစ်မပြောနေဘဲ လက်ခံပေးဖို့ပြောထားတာဖြစ်ပါတယ်။

Lady Gaga နဲ့ Blackpink က သူတို့တွေရဲ့ Sour Candy သီချင်းဖြစ်ပေါ်လာပုံကို ပြောပြခဲ့ပါတယ်။ Lady Gaga က အရင်စတင်ပြီး Blackpink ကို အတူတူသီချင်းတစ်ပုဒ် ဖန်တီးဖို့ကမ်းလှမ်းခဲ့ပါတယ်။

Blackpink ကလည်း အရမ်းကို ဝမ်းသာခဲ့ရပြီး သီချင်းအတူတူဖန်တီးဖို့ အရမ်းကို စိတ်အားထက်သန်နေခဲ့ပါတယ်။ Lady Gaga က Blackpink လို အရမ်းကို စိတ်အားထက်သန်ပြီး ပါရမီပါတဲ့ အမျိုးသမီးတွေကို အားဖြည့်ပေးချင်တယ်ဆိုပါတယ်။

သူမဟာ Blackpink က Sour Candy သီချင်းစာသားတွေကို ကိုးရီးယားလို ဘာသာပြန်ဆိုထားတာကိုကြားတော့ အရမ်းကိုစိတ်လှုပ်ရှားခဲ့ရပြီး ယခုလို အလုပ်အတူတွဲလုပ်ရတာကြောင့် သူမဟာ Blackpink ရဲ့ ၅ ယောက်မြောက်အဖွဲ့ဝင်လိုတောင် ခံစားရတယ်လို့ဆိုပါတယ်။

ဒီ Sour Candy သီချင်းကို မေ ၂၈၊ ၂၀၂၀ မှာ ထုတ်ဝေခဲ့ပြီး ပရိတ်သတ်တွေက အရမ်းကို နှစ်သက်ကြပါတယ်။ တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေ အားပေးတာဆိုရင် Youtube မှာ ကြည့်ရှုသူသန်းပေါင်းများစွာရှိခဲ့ပြီး Top chart တွေမှာ ထိပ်ဆုံးကရပ်တည်နေခဲ့ပါတယ်။

မလေးရှားနဲ့ စင်ကာပူမှာတော့ နံပါတ် ၁ နေရာမှာ အကြာကြီးနေရာယူနိုင်ခဲ့ပါတယ်။ မီဒီယာတွေက ဒီ သီချင်းဟာ Music Video မပါပဲ ကြည့်ရှုသူသန်းပေါင်းများစွာရှိခဲ့တာကြောင့် ချီးကျူးကြပါတယ်။ သူတို့တွေရဲ့ အောင်မြင်မှုအတွက် ဝမ်းသာရပြီး နောက်များမှာလည်း ဒီလို idol တွေရဲ့ collaboration တွေနားထောင်ရဖို့ မျှော်လင့်နေပါတယ်။

Source: Elle News
Written: S.Kaung

Share