Categories: Celebrity News

သူငယ်ချင်း Lee Sung Kyung ရဲ့အားပေးမှုကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ Park Shin Hye

Park Shin Hye ကတော့ ‘Alive’ ရုပ်ရှင်နဲ့ Box Office မှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီးနောက်မှာ သူ့ရဲ့အနုပညာလှုပ်ရှားမှုသစ်ဖြစ်တဲ့ JTBC ကထုတ်လွှင့်မယ့် ဒရမ်မာအသစ် ‘Sisyphus: The Myth’ ရဲ့ရိုက်ကူးရေးအတွက် မနားမနေကြိုးစားပြင်ဆင်နေတာပဲဖြစ်ပါတယ်။

အလုပ်တွေမနားမနေကြိုးစားနေတဲ့ သူငယ်ချင်းရဲ့ရိုက်ကွင်းကို Lee Sung Kyung ကလဲ သူ့ရဲ့အားပေးမှုကိုပြသတဲ့အနေနဲ့ coffee truck ကိုပေးပို့ခဲ့တာပါ။ Coffe truck ပေါ်မှာ ‘ချစ်ရတဲ့ Park Shin Hye နဲ့ Song Dong Il ကိုအားပေးနေပါမယ်၊ Sisyphus အဖွဲ့သားအားလုံး Good Luck ပါ’ ‘Park Shin Hye လဲ မထိမခိုက်ပဲ ရိုက်ကူးရေးကိုပျော်ပျော်ရွှင်ရွှင်လုပ်ပါ၊ အမြဲဆုတောင်းပြီးအားပေးနေမယ်’ ဆိုတဲ့ banner တွေကိုလဲ ချိတ်ဆွဲထားပါသေးတယ်။

Park Shin Hye ကတော့ သူငယ်ချင်းရဲ့အားပေးမှုကို ကျေးဇူးတင်စွာအသိအမှတ်ပြုတဲ့အနေနဲ့ instagram မှာ Lee Sung Kyung ပို့ပေးတဲ့ coffee truck နဲ့ပုံလေးနှင့်တကွ ‘ရိုက်ကူးရေးမစခင်ကတည်းကလဲ ကျွန်မအတွက်သတိတရဆုတောင်းပေးခဲ့တယ်၊ အခုလဲ coffee truck ပို့လိုက်ပြန်ပြီ၊ နင့်ရဲ့အားပေးမှုကြောင့် မိုးတောင်တိတ်သွားတယ်’ လို့ တင်ပေးခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၁၆ ခုနှစ်က Doctors Crush ဇာတ်လမ်းတွဲရိုက်ကူးမှုမှာ စတင်ရင်းနှီးခဲ့တာဖြစ်ပြီး အခုထိအဆက်အသွယ်မပျက် ခင်မင်နေကြတဲ့ မိတ်ဆွေကောင်းတွေပါ။ Lee Sung Kyung ရဲ့ Dr.Romantic ရိုက်ကွင်းကိုလဲ Park Shin Hye ကခုလိုပဲ coffee truck ပို့ပေးခဲ့ပါသေးတယ်။

source: Soompi
written: Dar Dar

Share