Categories: Celebrity News

ဘယ်အချိန်ကြည့်ကြည့် လှတဲ့ kpop ဒုတိယမျိုးဆက်ရဲ့ ထိပ်တန်း ‘Visual Queen’ များ

Kpop ရဲ့အကောင်းဆုံးကာလလို့တောင် ပြောလို့ရတဲ့ 2nd generation မှာတော့ kpopper တွေအတွက် မေ့မရနိုင်တဲ့ အဖိုးတန်အမှတ်တရတွေ များစွာရှိမှာပါ။ အဲ့ဒီထဲမှာမှ အစားထိုးမရတဲ့ girl group တွေရဲ့ အလှဘုရင်မတွေကလဲ အပါအဝင်ပါ။ အခုချိန်ထိ အလှအပနဲ့ပတ်သတ်ရင် စံထားနေရတဲ့ 2nd Generation ရဲ့ visual queen တွေကတော့

Yoona (Girls’ Generation)


၂၀၀၇ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တဲ့ Girls’ Generation ရဲ့အောင်မြင်မှုနဲ့အတူ အဖွဲ့ရဲ့မိန်းမလှလေးကိုးဦးကိုလဲ ပရိတ်သတ်တွေ အရူးအမူးဖြစ်ခဲ့ရပါတယ်။ အလှလေးတွေ အားလုံးကြားမှာ visual ဂုဏ်ပုဒ်ကို ရရှိထားတဲ့ Yoona ကတော့ ပွဲဦးထွက်စကနေ အခုထိ အလှအပနဲ့ပတ်သတ်ရင် ပထမတန်းစားပါပဲ။

Sandara Park (2NE1)


၂၀၀၉ ခုနှစ်မှာ Fire သီချင်းနဲ့ Debut ခဲ့တဲ့ 2NE1 ကလဲ ဒုတိယမျိုးဆက်ရဲ့ အကောင်းဆုံးအစိတ်အပိုင်းပါပဲ။ တမူထူးခြားတဲ့ ခပ်မိုက်မိုက် girl crush concept နဲ့ ထွက်ပေါ်လာပေမယ့် အပြစ်ကင်းပြီး သိမ်မွေ့တဲ့အလှနဲ့ Sandara Park ကတော့ အမြဲချစ်စရာကောင်းပြီး လှပနေတာပါ။

Jiyeon (T-Ara)


ပရိတ်သတ်တွေ ပြန်အမြင်ချင်ဆုံး T-Ara အဖွဲ့ရဲ့ visual လေး Jiyeon ကတော့ ပွဲဦးထွက်တဲ့ ၂၀၀၉ မှာ ၁၆ နှစ်သာရှိသေးပေမယ့် သူ့ရဲ့အလှကတော့ ပြောစမှတ်တွင်ရအောင်ပါပဲ။ အခုချိန်ထိ ဘယ်ရှုထောင့်ကကြည့်ကြည့်လှတဲ့ ထိပ်တန်း visual တစ်ဦးပါ။

Suzy (Miss A)


၂၀၁၀ ခုနှစ်မှာ JYP Entertajnment ကနေ debut လိုက်တဲ့ Miss A ကလဲ အာရှတလွား အအောင်မြင်ဆုံး ဖြစ်ခဲ့ပါတယ်။ အလှလေး Suzy ကတော့ အဖွဲ့ရဲ့ visual လဲဖြစ်ပြီး သူ့ရဲ့အပြစ်ကင်းတဲ့မျက်နှာလေးကြောင့် Nation’s first love ဂုဏ်ပုဒ်ကိုပါ ရရှိထားသူတစ်ဦးပါပဲ။

Krystal, The Late Sulli – F(x)


F(x) အဖွဲ့ကလဲ ၂၀၀၉ ခုနှစ်မှာ debut ခဲ့ပြီး သူတို့ရဲ့ခေတ်ရှေ့ပြေးတဲ့ သီချင်းပုံစံလေးတွေကြောင့် အောင်မြင်ခဲ့ပါတယ်။ အငယ်ဆုံးလေးနှစ်ယောက်ဖြစ်တဲ့ Krystal နဲ့ သွားလေသူ Sulli ကလဲ မတူညီတဲ့ ဆွဲဆောင်မှုလေးတွေနဲ့ ချစ်စရာကောင်း လှပသူလေးတွေမို့ အချစ်တွေအများကြီးရခဲ့ပါတယ်။

Nana (After School)


2nd Generation မှာ ညှို့အားပြင်းတဲ့ပုံစံလေးတွေနဲ့ ပရိတ်သတ်ကို ရင်ဖိုစေခဲ့တဲ့ After School ကိုလဲ သတိရနေကြပြီဟုတ်? Nana ကတော့ အလှဆုံးတွေထဲက အလှဆုံးဖြစ်ပြီး အဲ့ဒီအချိန်ကနေ အခုထိ အလှဆုံးမိန်းကလေးတွေစာရင်းမှာ မပါမဖြစ် visual queen တစ်ဦးပါပဲ။

The Late Goo Hara – Kara


၂၀၀၇ ခုနှစ်က ပွဲဦးထွက်ခဲ့တဲ့ Kara အဖွဲ့ကလဲ ထိုကာလတွေမှာ အလွန်အမင်းအောင်မြင်မှုရခဲ့ပြီး visual ဖြစ်ခဲ့တဲ့ Hara ကတော့ အစားထိုးမရတဲ့ ဆုံးရှုံးမှုပါ။ မျက်နှာသေးသေး မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ တကယ်ကိုလှခဲ့တာပါပဲ။

written: Dar Dar

Share